Home » » မလေးရှားတွင် အင်ဂျင်နီယာ ဒီပလိုမာယူ၍ စင်ကာပူ၌ S Pass ဖြင့် အလုပ်လုပ်ကိုင်သူ မြန်မာများ ရှိလာ

မလေးရှားတွင် အင်ဂျင်နီယာ ဒီပလိုမာယူ၍ စင်ကာပူ၌ S Pass ဖြင့် အလုပ်လုပ်ကိုင်သူ မြန်မာများ ရှိလာ

Written By မောင်စေတနာ on Sunday, May 23, 2010 | 2:10:00 PM


မလေးရှားတွင် အင်ဂျင်နီယာ ဒီပလိုမာရယူကာ စင်ကာပူ၌ ယင်းဒီပလိုမာဖြင့် S Pass လျှောက်ထား ၍ အလုပ်လုပ်ကိုင်သူ မြန်မာလူငယ်များ ရှိလာသည်ဟု သိရှိရပါသည်။

စင်ကာပူတွင် အင်ဂျင်နီယာ ဘွဲ့ရယူရန် မြန်မာကျပ်ငွေ သိန်း ၇၀၀ နီးပါး ကုန်ကျနိုင်သည့်အပြင် နေထိုင်စားသောက် စရိတ်မြင့်မားသည့်အတွက် ကျောင်းသားအများစု မှာ စရိတ်သက်သာကာ S Pass လျှောက်ထားရာ၌ လွယ်ကူသော လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မလေးရှား၌ ဒီပလိုမာရယူပြီး စင်ကာပူ၌ အလုပ်ရှာဖွေခြင်းများ ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

''စင်ကာပူအစိုးရက နိုင်ငံရပ်ခြားက ဒီပလိုမာတစ်ခုကို နှစ်နှစ်ခွဲ သုံးနှစ်တက်ထားပြီး သူ့နိုင်ငံမှာ အလုပ်လာလျှောက်ရင်S Pass ကို ချက်ချင်းချပေးတဲ့ အစဉ်အလာ ရှိတယ်။ ပြီးတော့ မလေးရှားကို ပညာသင်ဖို့ ရွေးချယ်သူတိုင်းဟာ တခြားနိုင်ငံမှာ အလုပ်ရှာဖို့၊ တခြားနိုင်ငံတွေမှာ ကျောင်းဆက်တက်ဖို့ကိုပဲ အဓိက ဦးတည်ကြတာပါ။ မလေးရှားကို First Step အနေနဲ့ပဲ မြန်မာကျောင်းသား တွေက ရွေးချယ်ကြတာ များတယ်''ဟု မလေးရှားနိုင်ငံ အခြေစိုက် Legenda Education Group မှ Business Development Manager မဆုရည် က ပြောပြခဲ့ပါသည်။





အင်ဂျင်နီယာ ဘာသာရပ်ဖြင့် စင်ကာပူ၌ အလုပ်အကိုင်ရရှိနိုင်မှု အခွင့်အလမ်းမှာ အခြားဘာသာရပ် များထက်သာလွန်ခြင်းအပြင် မလေး ရှား၌ အင်ဂျင်နီယာဘွဲ့ရယူကာ စင်ကာပူသို့ အလုပ်ရှာဖွေခဲ့သူများ အား စင်ကာပူအစိုးရမှ EP( Employment Pass) ချက်ချင်းချထားပေးမှုကြောင့် ယခုနောက်ပိုင်း မလေးရှားတွင် အင်ဂျင်နီယာ ဒီပလိုမာ၊ ဘွဲ့များရယူကာ စင်ကာပူ၌ အလုပ်ရှာဖွေ သူ တိုးလာခဲ့ခြင်းဖြစ်သည်ဟု မလေးရှား Legenda နှင့်ပူးပေါင်း လုပ်ကိုင်နေသော Smart Resources မှ ဦးနေလင်းဖြိုးက ပြောပြခဲ့ပါသည်။
စင်ကာပူတွင် အင်ဂျင်နီယာဘွဲ့ရယူရန် မြန်မာကျပ်ငွေ သိန်း ၇၀၀ နီးပါး ကုန်ကျနိုင်သည့် အပြင် နေထိုင်စားသောက်စရိတ် မြင့်မားသည့်အတွက် ကျောင်းသားအများစုမှာ စရိတ်သက်သာကာ S Pass လျှောက်ထားရာ၌ လွယ်ကူသော လမ်းကြောင်းကိုရွေးချယ် . . .

ယခုအခါ စင်ကာပူလူဝင်မှု ကြီးကြပ်ရေးက မလေးရှားနိုင်ငံမှ ၀င်ရောက်သူတိုင်းအား သုံးလဗီဇာပေးခြင်းကြောင့် မလေးရှားတွင် ကျောင်းတက်နေသူ မြန်မာအချို့မှာ ကျောင်းပြီးပါက စင်ကာပူသို့ တိုက်ရိုက်သွား၍ အလုပ်ရှာဖွေခြင်းများ ပြုလုပ်နေကြ ကြောင်းကိုလည်း မလေးရှားတွင် နေထိုင်သူ မြန်မာတစ်ဦးက ရှင်းပြခဲ့ပါ သည်။ ယခုအခါ မလေးရှား ပညာရေး ဈေးကွက်သည် မြန်မာနိုင်ငံ၌ဈေးကွက်ချဲ့ထွင်မှုမှာ နှစ်ပေါင်း ဆယ်နှစ်ကျော်ကြာ ရှိခဲ့ပြီဖြစ်ရာ ၂၀၁၀ ပြည့် နှစ်မှစတင်၍ မလေးရှားပညာရေး ဈေးကွက်သည် ပိုမိုကျယ်ပြန့်လာနိုင် သည်ဟု ယူဆရကြောင်း မလေးရှား ပညာရေး ကျွမ်းကျင်သူတစ်ဦးက ကောက်ချက်ချပါသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။