Home » » စင်ကာပူ NUS တက္ကသိုလ် အာရှအဆင့် ၃ တက္ကသိုလ်အဖြစ် ရောက်ရှိ

စင်ကာပူ NUS တက္ကသိုလ် အာရှအဆင့် ၃ တက္ကသိုလ်အဖြစ် ရောက်ရှိ

Written By နေဇော်လင်း1 on Thursday, May 20, 2010 | 2:33:00 AM


အာရှတိုက်ရှိ ထိပ်တန်းတက္ကသိုလ် ၂၀၀ အနက် စင်ကာပူနိုင်ငံမှ National University of Singapore (NUS) တက္ကသိုလ်သည် ၂၀၁၀ ခုနှစ်တွင် အာရှအဆင့် ၃ သို့ ရောက်ရှိလာကြောင်း သိရသည်။

ယမန်နှစ်က ယင်းတက္ကသိုလ်သည် အာရှအဆင့် ၁၀ တွင်သာ ရှိခဲ့ကြောင်း ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်သည့် Times Higher Education-QS World University Rankings တွင် ဖော်ပြခဲ့သည်။ ယင်းသို့ အဆင့်သတ်မှတ်ရာတွင် အာရှတိုက်၏ ပညာရေးကဏ္ဍအား သုံးသပ်ချက်၊ တက္ကသိုလ်ဌာနတစ်ခုစီမှ စာတမ်း တင်သွင်းနိုင်မှုပမာဏ၊ စာတမ်းတစ်ခုစီ၏ ကိုးကားတင်ပြနိုင်မှု၊ ကျောင်းသားနှင့် ဌာနအချိုးအစား၊ အာရှလုပ်ငန်းရှင်များ၏ သုံးသပ်ချက်၊ နိုင်ငံတကာဌာနများ ထားရှိမှု၊ နိုင်ငံတကာ ကျောင်းသားများတက်ရောက်မှု၊ ပြည်ပမှ ပညာတော်သင် လာရောက်သည့် ကျောင်းသားပမာဏ၊ ယင်းတက္ကသိုလ်မှ ပြည်ပသို့ စေလွှတ်နိုင်သည့် ကျောင်းသားပမာဏတို့ကို ထည့်သွင်း တွက်ချက်ခြင်း ဖြစ်ကြောင်း သိရသည်။


University of Hong Kong နှင့် Hong Kong University of Science and Technology တို့သည် အာရှအဆင့် ၁ နှင့် ၂ သို့ အသီးသီး ရောက်ရှိခဲ့ပြီး Chinese University of Hong Kong သည် အဆင့်၎သို့ ရောက်ရှိလာကြောင်း သိရသည်။

စင်ကာပူနိုင်ငံမှ Nanyang Technological University(NTU) တက္ကသိုလ်သည် အဆင့်လေးဆင့် လျော့ကျသွားကာ အဆင့် ၁၈ သို့ ရောက်ရှိသွားကြောင်း သိရသည်။၂၀၀၉ ခုနှစ်အတွင်း အာရှတိုက်၏ အဆင့် ၁ ဖြစ်သော University of Tokyo တက္ကသိုလ်သည် ယခုနှစ် တွင် အဆင့် ၅ သို့ ကျဆင်းသွားသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။