ယင်း စေတီတော်ကြီး မှာ ဉာဏ်တော် ၃၂၅ ပေမြင့်ပြီး ၁၃ ဧက ကျယ်ဝန်းသော မြေပေါ်တွင် တည်ထားခြင်း ဖြစ်ပါသည်။ စေတီ တော်ကြီး၏ အတွင်း အလည် ဗဟိုတွင် ကမ္ဘာ့ အကြီးဆုံး တိုင်နှင့် ယက်မမဲ့ လိပ်ခုံးမိုး တစ်ခုရှိပြီး ယင်းမှာ ပေ ၂၈၀ ကျယ်ဝန်းပြီး၊ ၉၀ ပေ အမြင့်ရှိပါ သည်။ ယင်း လိပ်ခုံး မိုး၏ အောက် စေတီတော် အတွင်းတွင် လူ ၈၀၀၀ ခန့် တပြိုင်နက် တရားအား ထုတ်နိုင်သော စတုရန်း မီတာ ခြောက်ထောင် ကျယ်ဝန်းသည့် လှိုဏ်တစ်ခု တည်ဆောက် ထားပါသည်။
သီရိလင်္ကာအစိုးရနှင့် အိန္ဒိယနိုင်ငံ မဟာဗောဓိအဖွဲ့မှ လှူဒါန်း သော ဗုဒ္ဒဘုရားရှင်၏ အရိုး ဓာတ်တော် များကို လိပ်ခုံး အမိုး၏ အပေါ်ပိုင်း စေတီတော်ကြီး အတွင်း ဌာပနာ ထားသည်ဟု သိရ ပါသည်။ စေတီ တော်ကြီး၏ ရင်ပြင် စကျင် ကျောက်ပြားများ ခင်းခြင်း နှင့် ထီးတော်တို့ကို မြန်မာနိုင်ငံ ပြည်သူများက လှူဒါန်းခဲ့ပြီး ရွှေသင်္ကန်းကပ် လှူခြင်းကို ထိုင်းပြည်သူများက တာဝန်ယူခဲ့ ကြသည်ဟု ဆိုသည်။ စေတီတော်ကြီး၏ မြေနေရာကို ၀ိပဿနာ သင်တန်း သားမိသား တစ်စုက လှူဒါန်းခဲ့ပြီး သင်တန်းသား ဟောင်းများက စုပေါင်း အလှူ ယူပီး သန်းရှစ်ရာ ထည့်ဝင်ပြီး အိန္ဒိယ ဗိသုကာ ချန်ဒူဘိုင်ဆွန်ပူရာ၏ ရွှေတိဂုံ စေတီတော်ပုံ လက်ရာ စေတီတော်ကြီး ကို တည်ဆောက် ခဲ့ခြင်း ဖြစ်ပါသည်။

http://www.htwd.info/
0 comments:
Post a Comment