Home » »  ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီ၊ ဇူးဇူးမောင်တို့ ဂျပန်ဖျော်ဖြေရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

 ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီ၊ ဇူးဇူးမောင်တို့ ဂျပန်ဖျော်ဖြေရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

Written By နေဇော်လင်း1 on Thursday, May 20, 2010 | 2:55:00 AM



ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီ နှင့်ဇူးဇူးမောင်တို့ ငါးဦးပါဝင်သည့် ဂျပန်နိုင်ငံ ဖျော်ဖြေရေးခရီးစဉ်မှ ရန်ကုန်မြို့သို့ မေ လ ၁၁ ရက်နေ့တွင် ပြန်လည်ရောက် ရှိလာခဲ့သည်ဟု သတင်းရရှိသည်။

ယင်းဖျော်ဖြေပွဲကို မြိတ်အသင်း မှဦးစီး၍ မြိတ်မြို့တိပိဋကဘုန်းတော်ကြီး ကျောင်းဆောက်လုပ်ရေး ရန်ပုံငွေအတွက်ပြုလုပ်ခြင်းဖြစ်ပြီး မေလ ၂ ရက်နေ့နှင့် မေလ ၈ ရက်နေ့များ ၌ ဂျပန်နိုင်ငံ တိုကျိုမြို့ ရှင်ဂျုကု၌ ဖျော်ဖြေပွဲများ ကျင်းပခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

''ဖြူဖြူတို့ မချောလေးယောက် ကိုယ်တစ်ယောက်ဆိုတဲ့ နာမည်လေး နဲ့ ရှိုးပွဲလေးစီစဉ်ဖြစ်တာပါ။ ပထမ ပွဲကို လက်မှတ်ရောင်းချပြီး ပရိသတ် အင်အား ၂၀၀ ၀န်းကျင်လောက်လာ ပြီးကြည့်ကြပါတယ်။ ဒုတိယပွဲကတော့ နေ့လည်စာစားရင်းနဲ့ မိသားစု မိတ်ဆုံစားပွဲ ပုံစံလေးဖြစ်အောင် ကျင်းပခဲ့တာပါ''ဟု အဆိုတော်ဖြူ ဖြူကျော်သိန်းက ပြောပြခဲ့သည်။


ယင်းဖျော်ဖြေပွဲများ၌ မြန်မာနိုင်ငံမှ ဥက္ကာဦးသာနှင့်ကိုဇော်လတ် တို့က လိုက်ပါတီးခတ်ပေးခဲ့ပြီး Bass နှင့်ဒရမ်တို့အား ဂျပန်ရောက် မြန်မာအတီးပညာရှင် ကိုစလူးနှင့် ကိုမြတ်သူတို့ က တီးခတ်ပေးခဲ့သည်ဟု သိရသည်။

ဖျော်ဖြေပွဲအား လက်မှတ်ရောင်းချခဲ့ပြီး ပွဲသို့ လာရောက်ကြည့်ရှုသူ ပရိသတ်များအား ပထမပိုင်းနှင့် ဒုတိယပိုင်းအကြားနားချိန်၌ ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေအတွက် အလှူငွေများ ကိုယ်တိုင်ကောက်ခံ ပေးခဲ့ကြောင်း သိရသည်။

ဖျော်ဖြေပွဲကာလအတွင်း ဂျပန်နိုင်ငံရှိ ရုပ်သံလိုင်းများမှလာရောက် ရိုက်ကူးခြင်း၊ မေးမြန်းခန်းများပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲ အစအဆုံးကို You Tube တွင် အခမဲ့ ကြည့်ရှုနိုင်ရန် လွှင့်တင်ထားပြီးဖြစ်သည်ဟု သိရသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။