Home » » သည်းခံတတ်ဖို့ 4

သည်းခံတတ်ဖို့ 4

Written By နေဇော်လင်း1 on Monday, May 17, 2010 | 6:38:00 PM


လူတွေနဲ့ အဆင်ပြေဖို့

လူအများနဲ့အဆင်ပြေဖို့ဆိုတာသည်းခံခြင်းဆိုတဲ့အရာတစ်ခုလည်းအပါအဝင်ပေါ့။

သေချာတာတစ်ခုကတော့စီးပွားရှာတယ်အလုပ်လုပ်တယ်ဆိုတာကိုယ့်တစ်ယောက်တည်းလုပ်

လို့မှမရတာလေ။လူအများနဲ့ပြောဆိုဆက်ဆံပြီးစီးပွားရှာကြရတာပါပဲ့ဒါကြောင့်ဒီလိုပြောဆို

ဆက်ဆံရတဲ့အခါလေးမှာသည်းခံစိတ်လေးထားတတ်ရမယ်။ကိုယ့်ဘက်ကတတ်နိုင်သလောက်

သည်းခံအလျှော့ပေးတတ်ရမယ်။လူတစ်ယောက်ဆိုပါတော့ဗျအမြဲတမ်းစိတ်တိုနေမယ်။

အမြဲဒေါသဖြစ်နေမယ် ဆိုရင်ဘယ်သူနဲ့မှ အဆင်ပြေမှာမဟုတ်ဘူး။ သူများနဲ့ လူတိုင်းနဲ့အဆင်

ပြေပြေနဲ့ နေတတ်ရမှာပါ။ နောက် ကိုယ့်ရဲ့စိတ်လည်းအမြဲတမ်းစိတ်တိုင်း မကျတာတွေဖြစ်ပြီးအမြဲ

စိတ်ညစ်ရလိမ့်မယ်။ဒါကြောင့်အမှားမရှိအောင်နေထိုင်ပြောဆိုဆက်ဆံပေါင်းသင်းရမှာပါ။

အမှားဆိုတာတော့လူတိုင်းမှာရှိကြတာပါပဲ။လူတိုင်းလူတိုင်းတော့သူလည်းမှားကိုယ်လည်း

မှားတတ်ကြတာပဲအဲဒီအမှားတွေကိုတစ်ယောက်နဲ့တစ်ယောက်နားလည်သည်းခံခွင့်လွတ်မှ

ကိုယ့်ရဲ့လုပ်ငန်းဆောင်တာကိစ္စများပြောဆိုပေါင်းသင်းဆက်ဆံတဲ့ကိစ္စမှာအဆင်ပြေမှာပေါ့နော်။

ဒါကြောင့်ကိုယ့်ရဲ့စိတ်လေးတွေကို ပြင်စေချင်ပါတယ်။နောက် သည်းခံတယ်ဆိုတာ

နေရာတစ်ကာသည်းခံခိုင်းတာမဟုတ်ဘူးနော်။ ကိုယ့်ဘက်ကအမှားမရှိအောင်တော့

တတ်နိုင်သလောက်သည်းခံရမှာပါ။ နောက်ဆုံးဗျသည်းခံတယ်ဆို တာက ကိုယ့်အတွက်

တက်လမ်းတစ်ခုအောင်မြင်မှုတစ်ခုဆိုကတော့ပြောစရာကိုမလိုတော့ဘူးဆိုတာလက်တွေ့

သိလာမှာပေါ့ဗျ။ ကဲ .... ကျနော်တို့ဆက်တွေးကြရအောင်ပါ။

လူ့ဘဝလေးမှာ အောင်မြင်မှုများနဲ့အဆင်ပြေကြပါစေ။
နေဇော်လင်း
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။