Home » » ဇွန်လအတွင်းပြုလုပ်မည့် အာဆီယံဂီတ ဖျော်ဖြေပွဲသို့ ရေဗက္က၀င်း တက်ရောက်မည်

ဇွန်လအတွင်းပြုလုပ်မည့် အာဆီယံဂီတ ဖျော်ဖြေပွဲသို့ ရေဗက္က၀င်း တက်ရောက်မည်

Written By နေဇော်လင်း1 on Thursday, May 20, 2010 | 3:22:00 AM



အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နိုင်ငံတို့မှ ဂီတအနုပညာရှင်များ တက်ရောက်ဖျော်ဖြေမည့် အာဆီယံဂီတ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ရေဗက္က၀င်းတက်ရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်း နိုင်ငံ ဘန်ကောက်တွင်ကျင်းပမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဖျော်ဖြေပွဲသို့ တက်ရောက်ရန် ရေဗက္က၀င်းသည် ဇွန်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ဇွန် လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


''အာဆီယံဖျော်ဖြေပွဲကိုတက် ရောက်ဖို့ ပွဲစီစဉ်တဲ့ရေဒီယိုထိုင်းလန်းက ဖိတ်ကြားလာတာပါ။ အဲဒီပွဲအတွက် ရေဗက္က ၁၅ ရက်နေ့ ထိုင်းနိုင်ငံကို အရောက်သွားရမယ်။ ၁၆ ရက် နေ့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရ မှာဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ ၁၈ ရက် နှစ်ရက်ကိုတော့ သီချင်းတိုက်ရမယ်လို့ သိရပါတယ်။ ဖျော်ဖြေရမှာ ကတော့ ဇွန်လ ၂၀ ရက်ပါ။ ဖျော် ဖြေပွဲမှာ အင်္ဂလိပ်သီချင်းတစ်ပုဒ်နဲ့ မြန်မာသီချင်းတစ်ပုဒ် ဆိုရမှာပါ။ အင်္ဂလိပ်သီချင်းကိုတော့ မရွေးရသေးပါဘူး။ မြန်မာသီချင်းကတော့ 'ငါတော့မှားပြီ' သီချင်းဆိုမှာပါ''ဟု ရေဗက္က၀င်းက ပြောကြားခဲ့ပါသည်။
http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။