Home » » ကမ္ဘာ့ပထမဆုံး မျက်နှာတစ်ခုလုံး အစားထိုးခွဲစိတ်ကုသမှု စပိန်ဆရာဝန်များ အောင်မြင်စွာလုပ်ဆောင်

ကမ္ဘာ့ပထမဆုံး မျက်နှာတစ်ခုလုံး အစားထိုးခွဲစိတ်ကုသမှု စပိန်ဆရာဝန်များ အောင်မြင်စွာလုပ်ဆောင်

Written By နေဇော်လင်း1 on Tuesday, April 27, 2010 | 7:33:00 PM


သေနတ်ဖြင့် မတော်တဆပစ်ခတ်မှုတစ်ခုကြောင့် မျက်နှာတွင်ဆိုးဆိုးရွားရွားပျက်စီးခဲ့သော အမျိုးသားတစ်ဦးကို မျက်နှာတစ်ခုလုံးအစား ထိုးခွဲစိတ်ကုသမှုအား စပိန်နိုင်ငံ၊ ဘာစီလိုနာရှိ Vall d'Hebron တက္ကသိုလ်မှဆရာဝန်များက မတ်လ ကုန်ပိုင်းတွင် အောင်မြင်စွာလုပ်ဆောင် နိုင်ခဲ့သည်ဟု သိရသည်။


မတ် ၂၀ ရက်တွင် ဘာစီလိုနာ မြို့ဆေးရုံ၌ပြုလုပ်ခဲ့သည့် နာရီ ၂၀ ကျော်ကြာမြင့်သော ခွဲစိတ်ကုသမှု တွင် ဆရာဝန် ၃၀ ဦးပါဝင်ခဲ့ပြီး လူနာကိုနှာခေါင်း၊ နှုတ်ခမ်း၊ သွား နှင့်ပါးရိုးများကို အသစ်အစားထိုး ပေးခဲ့ကြောင်း ဦးဆောင်ဆရာဝန် Joan Pere Barret ကပြောကြားခဲ့ သည်။ လူနာနဖူးပြင်နှင့် လည်ပင်းတွင် အမာရွတ်များထင်ကျန်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားမည်ဟုသိရပြီး လူနာရှင်သည် ၄င်း၏ပုံပန်းသဏ္ဍာန် သစ်ကိုတွေ့မြင်ပြီးနောက် ကျေနပ်အားရသည်ဟု စာဖြင့်ရေးသားဖော်ပြခဲ့သကဲ့သို့ ဆရာဝန်များကိုကျေးဇူးအလွန်တင်ရှိသည်ဟုလည်း ပြောကြားခဲ့သည်။

မျက်နှာပြင်တစ်ခုလုံးကို အစားထိုးခွဲစိတ်ကုသမှုသည် ပထမဆုံး အကြိမ်ဖြစ်သော်လည်း ပြင်သစ်၊ အမေရိကန်၊ တရုတ်နှင့် စပိန်နိုင်ငံတို့တွင် မျက်နှာတစ်စိတ်တစ်ပိုင်း အစားထိုးခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် မျက်နှာအစားထိုးခွဲစိတ်ကုသမှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။