Home » » ဖြူဖြူကျော်သိန်း၏ မွေးနေ့အလှူအဖြစ်ငွေကျပ်သိန်း ၅၀ ကိုလူမှုရေးအသင်းအဖွဲ့များသို့လှူဒါန်း

ဖြူဖြူကျော်သိန်း၏ မွေးနေ့အလှူအဖြစ်ငွေကျပ်သိန်း ၅၀ ကိုလူမှုရေးအသင်းအဖွဲ့များသို့လှူဒါန်း

Written By နေဇော်လင်း1 on Tuesday, April 27, 2010 | 7:44:00 PM


ဖြူဖြူကျော်သိန်းမှအလှူငွေပေးအပ်စဉ်

ဧပြီလ ၂၂ ရက်နေ့တွင် ကျရောက်သော ဖြူဖြူကျော်သိန်း၏ မွေးနေ့အထိမ်းအမှတ်နှင့် နှစ်သစ်အလှူမင်္ဂလာပွဲအား ရန်ကုန်မြို့ ကရ ၀ိက်ခန်းမတွင် ပြုလုပ်ခဲ့ရာ ဖြူဖြူကျော်သိန်းက ငွေကျပ်သိန်း ၅၀ ကို လူမှုရေးအသင်းအဖွဲ့ ၁၀ ဖွဲ့သို့ လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

မွေးနေ့ ပွဲအလှူအဖြစ် လူမှုရေး အသင်းအဖွဲ့ ၁၀ ဖွဲ့ဖြစ်သည့် ဧမာနွေလနှစ်ခြင်းအသင်းတော်၊ ကုက္ကိုင်းပရဟိတဂေဟာ၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ မွတ်စလင်အဘွားများ သုခရိပ်သာ၊ MYC မူးယစ်လူငယ် ပြန်လည်ထူထောင်ရေး၊ MYC မိဘမဲ့ကလေးများစောင့်ရှောက်ရေး၊ MYC အနာကြီးရောဂါသည် စောင့်ရှောက် ရေး၊ မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်း၊ သီလရှင်လေး များ ခရစ်ယာန်ဘိုးဘွားရိပ်သာ၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင် ကျောင်းသို့ လှူဒါန်းခဲ့ကြောင်း သိရပါသည်။


''ဖြူဖြူ့မွေးနေ့တွေမှာ အလှူ ဒါနတွေနဲ့ ဖြတ်သန်းခွင့်ရခဲ့တာ လေးနှစ် ရှိလာပါပြီ။ ဒီလိုအလှူဒါနတွေအတွက် အားပေးတဲ့ပရိသတ်တစ်ဦး ချင်းဆီကို သိစေချင်ပါတယ်။ သူတို့ အလှူကလေးတွေ ပါတယ်ဆိုတာ သိခွင့်ရစေချင်ပါတယ်။ အခုလို မြန်မာ နှစ်သစ် အချိန်အခါကစပြီး ပရိသတ် အားလုံး ဘေးအန္တရာယ် ကင်းရှင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်'' ဟု ဖြူဖြူကျော်သိန်းက မွေးနေ့အမှတ်တရ စကားအဖြစ် ပြောပြခဲ့သည်။

ဖြူဖြူကျော်သိန်း၏ မွေးနေ့ အမှတ်တရအစီအစဉ်အဖြစ် မွေးနေ့ပွဲ ပြုလုပ်ခြင်းကို မိသားစု၊ မိတ်ဆွေ အသိုင်းအ၀န်းများနှင့်အတူ ကျင်းပခဲ့ ပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။