Home » » ပျော်ကြမယ် ရီကြမယ်(ဟာသလေးများ)

ပျော်ကြမယ် ရီကြမယ်(ဟာသလေးများ)

Written By မောင်စေတနာ on Thursday, July 14, 2011 | 12:01:00 PM



မဖြစ်လောက်တာလေးများ

သတို့သားနဲ့ သတို့သမီးတို့ မိဘတွေ၊ ဒေါပွ နေကြလေရဲ့။ အကြောင်းကြောင်းကြောင့် ၀ါမ၀င်မီ ကပ်ပြီး ဖုတ်ပူမီးတိုက် မင်္ဂလာဆောင်ပေးကြရတာ။ ဒါပေမဲ့ လာရောက် ချီးမြှင့်တဲ့ ပုဂ္ဂိုလ်တွေကို မြို့ရဲ့အထင်ကရ ဟော်တယ်မှာ ခမ်းနားစွာဧည့်ခံရတယ်။ အဆင်ပြေတယ်။ ဒံပေါက်ကျွေးပြီး ရေခဲမုန့်ပါ ထပ်ဆင့် ကျွေးမွေးတယ်။

အဆင်ပြေတယ်။ ခြုံငုံ ပြောရရင် (စောင်၊ပုဆိုး ခြုံပြီး ကွမ်းငုံသည်ကို မဆိုလိုပါ။) အားလုံး အဆင်ပြေတယ်။ Butသို့သော် လည်း ကမ်းတဲ့ လက်ဆောင်ပစ္စည်းက အဆင်မပြေဘူး။ စိန်ချယ်ပန်း ၃-၄ ပွင့်နှီးနဲ့ ချည်ပြီး စီးကရက် တစ်လိပ်ပဲ ကမ်းရတာ။ အမှန်တကယ် ကမ်းဖို့ စီစဉ်ထားတာက ယပ်တောင် လှလှလေးတွေ။ အဲဒါတွေက ခန်းမရဲ့ ထောင့်ထဲမှာပုံလို့။လုပ်ပြီးမှ မကမ်းဖြစ်တာ။ သတို့သား သတို့သမီး မိဘတွေက ဒါကို ဒေါပွ နေကြတာ ။ကမ်းမယ့် ယပ်တောင် အော်ဒါလက်ခံပေးတဲ့ ပုံနှိပ်တိုက်ပိုင်ရှင်လည်း မျက်နှာကို ပျက်လို့။

မင်္ဂလာဆောင်တွေကများ၊ အော်ဒါတွေကမပြတ်လက်ခံနေရတာမို့ ဒီမင်္ဂလာဆောင် အတွက် ယပ်တောင် တွေတောင် မနေ့ကညခင်းကမှ ရတာ။ပြန်ပြင် လုပ်ပေးချိန်ကလည်း မရတော့ဘူး။ ပုံနှိပ်တိုက်ပိုင်ရှင်ကြီးဟာ သူ့တိုက်ပြန်သွားပြီး အလုပ် သမားတွေကို ယမ်းပုံမီးကျ ဆူပူကြိမ်းမောင်းတော့တာပေါ့။

“ဘယ့်နှယ်ကွာ အသုံး မကျတဲ့ ကောင်တွေ၊ စာစီတဲ့ ကောင်၊ယပ် တောင်ကပ်တဲ့ ကောင်၊ယပ်တောင်စည်းတဲ့ ထုပ်တဲ့ကောင်၊ ဘယ်မအေ ကောင်မှ ဒီအမှားကို မမြင်ကြရအောင် မင်းတို့ သောက်လုံးတွေ အကုန်ကန်း နေကြသလား ။ ဟင် မအေ၊ နှမ၊ ငါမသားတွေ” “ဆရာရယ် မင်္ဂလာယပ်က လှနေတာပဲ ဟိုဖက် ဒီဖက် ပန်းကနုတ်တွေ၊ ဒီဇိုင်း စာလုံး ပုံစံသစ်တွေနဲ့ ဘာများဖြစ်လို့လဲ” လို့ စာစီသူက မေးလိုက်တော့ “ဟဲ့ ဆဲမနာ ကောင်တွေ၊ ရော့ နင်တို့ ယပ်တောင်၊ နင်တို့ ပြန်ကြည့်၊ တစ်လုံးချင်း ပြန်ဖတ်ကြည့်” ဆိုပြီး တိုက်ပုံခါးကြားထဲ ထိုး ထည်လာတဲ့ ယပ်တောင်ကို ကိုင်ပေါက် ပြလိုက်တော့ ယပ်တောင်ကို ကောက်ပြီး ပြန်ဖတ်တဲ့ အခါ။ “သားနှင့် သမီးတို့၏ မင်္ဂလာ ပွဲကို ကြွရောက် ချီးမြှင့် ကြပါသော မိတ်သင်္ဂဟအပေါင်းအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ နှစ်ဖက်သေ မိဘများ”တဲ့ “အော် ဒါများ ဆရာရယ် နှစ်ဖက်သောမှာ ရေးချ (-ာ) လေးမေ့ သွားတာ၊ မဖြစ်လောက်ပါဘူး”တဲ့ ဗျာ။ ကောင်းရော။



မကွာပါဘူး

စကားမပြော၊ မပြုံးမရယ်နှင့်တစ်ချိန်လုံး ငေးငူနေသည့်စိတ်ရောဂါဝေဒနာရှင်
အမျိုးသားတစ်ဦးအား ဆရာဝန်ထံခေါ်၍ပြသရာ စိတ်ဝေဒနာရှင်က ရယ်မော လေသည်။
ဆရာဝန် ။ ။ ဘာဖြစ်လို့ရယ်နေတာလဲ။
စိတ်ဝေဒနာရှင် ။ ။ ဟား ဟား ဟား ...
ဆရာဝန် ။ ။ ဒီမှာ... ခင်ဗျားရယ်တာ ခဏရပ်လိုက်ပါဦး။ မေးစရာရှိလို့ပါ။
စိတ်ဝေဒနာရှင် ။ ။ ဟား ဟား ဟား ...
ဆရာဝန် ။ ။ ဒီမှာ... ခင်ဗျားရယ်နေတာ အခုချက်ချင်း ရပ်လိုက်ပါ။
စိတ်ဝေဒနာရှင် ။ ။ ဟုတ်ကဲ့၊ မရယ်တော့ပါဘူး။
ဆရာဝန် ။ ။ က.ဲ ..ပြော။ ဘာတွေသ ဘောကျလ့ို ဒီလောက်တောင် ရယ်နေရတာလဲ။
စိတ်ဝေဒနာရှင် ။ ။ သြော.် ..ဒီလိုပါသူတို့ကဆရာဝန်ဆီကျွန်တော့်ကို ပြဖို့
ခေါ်လာတာလို့ပြောတယ်။
ဆရာဝန် ။ ။ အဲဒီတော့...
စိတ်ဝေဒနာရှင် ။ ။ သူတို့ညာတာ ကျွန်တော်သိလို့ပါ။
ဆရာဝန် ။ ။ ဘာတွေညာလို့လဲ။
စိတ်ဝေဒနာရှင် ။ ။ ခင်ဗျားက ကျွန်တော်နဲ့ဘာမှမကွာဘူး။ အတူတူပဲ
ဖြစ်နေတယ်လေ... ဟား ဟား ဟား...
ဆရာဝန် ။ ။ 'ဗျာ'


ဧဝဇာတ်လမ်း

ဖန်ဆင်းရှင်ကို အာဒမ်က မေးသည်။
အာဒမ် ။ ။ဖန်ဆင်းရှင်။ ဧဝကို ဘာဖြစ်လို့ ပျောေ့ ပျာင်း နူး ညံ့ချစ်ခင်စ
ရာကောင်း အောင်ဖန်တီး ပေးထားရတာလ။ဲ
ဖန်ဆင်းရှင် ။ ။ ဒါမှ မင်း သူ့ကို စွဲလမ်းမှာပေါ့။ အလိုရှိမှာပေါ့။
အာဒမ် ။ ။ ပြီးတော့ ဘာဖြစ်လို့ ဧဝကို ဆွဲဆောင်နိုင်စွမ်းရှိအောင်
ဖန်တီးပေးထားရတာတုန်း။
ဖန်ဆင်းရှင် ။ ။ ဟ . . .။ ဒါမှ သူ့ကို မင်းကြိုက်မှာပေါ့။
အာဒမ် ။ ။ ဒါပေမဲ့ ဧဝက မလိမ္မာဘူး။ လုပ်ချင်ရာလုပ်၊ ပြောချင်ရာ ပြော၊
ဝတ်ချင်သလိုဝတ်တယ်။ မိုက်မဲတယ်။ ဘာဖြစ်လို့များ သူ့ကို အဲဒီလိုဖြစ်အောင်
ဖန်ဆင်းထားတာလဲ။
ဖန်ဆင်းရှင် ။ ။ အဲဒီလို လုပ်ပေးမထားရင် မင်းသူ့ကို
မကြိုက်မှာစိုးလို့ပေါ့။ သူအဲဒီလိုတွေ မလုပ်ရင် မင်းက မိုက်မဲတော့မှာလေ။


အပေးအယူ

အမျိုးသမီးမိတ်ဆွေနှစ်ဦးလမ်းလျှောက်ရင်း စကားဖောင်ဖွဲ့သည်။
အေမီ ။ ။ မေရီရေ။ မင်း ရစ်ချတ်ကို သိတယ်မဟုတ်လား။ သူက တို့ကို လာပြောတယ်။
သူ့ဘဝမှာ တို့လောက်ချောတဲ့လှတဲ့ လူ မမြင်ခဲ့ဖူးဘူးတဲ့။ ဟင်း . . . ဟင်း .. . ဟင်း။
ဟုတ်ပါ့မလားကွာ။
မေရီ ။ ။ ဖြစ်နိုင်ပါတယ်ကွ။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ မင်း
ကြားဖူးသားပဲ။ ပြီးတော့ ရစ်ချတ်ကလည်း မျက်မှန်မတပ် ထားရင် ဘာမှ
သဲသဲကွဲကွဲမြင်တာမှ မဟုတ်တာ။


လိုအပ်တယ် . . .

အိမ်ထောင်သက်တမ်း ၂၅
နှစ်ခန့်ရှိပြီဖြစ်သောအမျိုးသားတစ်ဦးအားမိတ်ဆွေလူပျိုကြီးက
အိမ်ထောင်ရေးအတွေ့အကြုံများ မေးမြန်းလေသည်။
လူပျိုကြီး ။ ။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘာတွေသိထားရမလဲ ပြောစမ်းပါဦး။
မိတ်ဆွေ ။ ။ အများကြီးပါပဲကွာ။
လူပျိုကြီး ။ ။ အရေးကြီးတာတွေပြောပါဦး။
မိတ်ဆွေ ။ ။ သည်းခံစိတ်ရှိရမယ်။
လူပျိုကြီး ။ ။ ဟုတ်တာပေါ့။
မိတ်ဆွေ ။ ။ ဇနီးအပေါ်နားလည်မှုပေးရမယ်။
လူပျိုကြီး ။ ။ ဒါလိုအပ်တာပေါ့။
မိတ်ဆွေ ။ ။ အိမ်မှုကိစ္စတွေ ဝိုင်းကူရမယ်။
လူပျိုကြီး ။ ။ အားလပ်ချိန်မှာ လုပ်ပေးရမှာပေါ့။
မိတ်ဆွေ ။ ။ သြော်... အရေးကြီးတာရှိတယ်ဟေ့။
လူပျိုကြီး ။ ။ ပြောပါဦး။
မိတ်ဆွေ ။ ။ အချိန်ရရင် ဂျူဒိုနဲ့ကရာတေးသင်တန်းလည်း တက်ထားဖို့ လိုအပ်တယ်။
လူပျိုကြီး ။ ။ ဘာဖြစ်လို့လဲ...
မိတ်ဆွေ ။ ။ ဇနီး နဲ့ ရန်ြဖစ်တဲ့အခါ ကိုယ်မခံရအောင်လို့ပေါ့။
လူပျိုကြီး ။ ။ 'ဟေ'

(ဖတ်ဖူးတဲ့ဟာသလေးတွေပါ သူငယ်ချင်းတွေရယ်ရအောင်လို့ပါ)

aungkowin21@googlemail.com
Share this article :

1 comments:

စံပယ်ချို said...

အရမ်းရယ်ရလို့...မောတောင်သွားပြီတယ်။
နောက်လဲဒီလိုရယ်စရာတွေတင်ပေးပါ...
ကာတွန်းကားလဲ ပြောက်သွားပြန်ပြီ။ ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။