Home » » ချစ်သူဖတ်ဖို့

ချစ်သူဖတ်ဖို့

Written By မောင်စေတနာ on Monday, January 4, 2010 | 3:22:00 PM



ဆည်းဆာရေ ...

မစိမ်းလန်းသေးတဲ့အလွမ်းခံမြစ်ဖျားမှာ အိပ်ပျက်ညတွေကို ဖောင်ဖွဲ့ပြီးဘ၀ကို
ကဗျာတစ်ပုဒ်နဲ့ မလှမပစီးဆင်းနေခဲ့တာ ငါ့ခေါင်းရင်းက
နံရံချိတ်ရက်စွဲ လေးတောင်ခပ်ပါးပါးလေးပဲ ကျန်တော့တယ်။ ခွဲခွါခြင်းဆိုတဲ့စကားကို နားလည်ခဲ့တဲ့နောက် အချိန်နဲ့အမျှချော့သိပ်ထားနေရတဲ့
ငါ့ရင်ခွင်ဟာ သတိရတမ်းတခြင်းတွေဘယ်လောက်များ ပြည့်နှက်နေမလဲ။
သမားရိုးကျ ဆုံဆည်းမှုသာဖြစ်တယ်ဆိုပေမယ့် `` အချစ် ´´ ဆိုတဲ့နာမပညတ်တစ်ခုကို နင်နဲ့အတူရှင်သန်ခွင့်ရခဲ့တဲ့ မလောက်မင အချိန်တွေဟာ
ငါ့ ဘ၀မှာတော့ အဓိပ္ပါယ်အရှိဆုံးပါပဲ ။

အင်းလျားကန်ဘောင်ပေါ်မှာ လက်ချင်းယှက်ပြီးအတူလမ်းလျှောက်ခဲ့ရတဲ့အချိန်
ပန်းဆိုးတန်းက Coffee ဆိုင်လေးထဲမှာ မျက်နှာချင်းဆိုင်ပြီးအတူထိုင်ခဲ့ရတဲ့အချိန်
အဲဒီအချိန်တွေကို ငါဘယ်အရာနဲ့မှ မလဲချင်ခဲ့ဘူး။ ဒါပေမယ့် ငါမျက်ကွယ်ပြုထားမိတဲ့
ကံကြမ္ပာက မတည်မြဲခြင်းတွေနဲ့ ငါ့ကိုရင်ဆိုင်ခဲ့တယ်လေ။ ကွေကွင်းတယ်ဆိုတာမျိုးကို ဘယ်ချစ်သူတွေမှမနှစ်မြို့ပေမယ့်ဧည့်သည်ဟာ ဧည့်သည်ပီပီ အချိန်တန်ရင်အိမ်ပြန်ရတာချည်းပဲမဟုတ်လား။ တကယ်တမ်းကျတော့ ငါဟာနင်ရဲ့ .....

ရင်ခုန်သံတစ်နေရာမှာ မမျှော်လင့်ဘဲခိုနားခွင့်ရခဲ့တဲ့ အချစ်ဧည့်သည်တစ်ယောက်ပါ နင့်ရဲ့အနားမှာ အမြဲနေနိုင်ပဲထားဦး ။
" နင့်သင်တန်းပြီးရင်အိမ်ကအလုပ်တွေကိုလည်းလာပြန်ကြည့်ဦးနော်" ဆိုတဲ့ငါ့မိဘရဲ့ မှာတမ်းစကားကိုငါလွန်ဆန်ရဲပါ့မလား ဆည်းဆာ ,,,,
ဒီလိုနဲ့ လေအပင့်ရွက်အကြွေ နွေဆိုတဲ့ကာလ တစ်ခုအောက်မှာခံစားတတ်စ ငါ့နှလုံးသားကို အလွမ်းတွေနဲ့ဖွဲ့နှောင်ပြီး နင်နဲ့အဝေးဆုံးနေရာကို ငါထွက်ခွါခဲ့ရတယ်။
နင်နဲ့ ဝေးနေရတဲ့အချိန်တွေမှာ ငါ့ဘ၀ဟာ ကျောက်စိုင်ကျောက်ခဲ တွေပေါ်က သစ်ခြောက်ပင်လေးတစ်ပင်လိုပါပဲ။ ။ ။

နင့်ဆီကပုံမှန်ဖတ်ခွင့်တဲ့စာလေးကသာငါ့အတွက်အေးမြတဲ့ရေကြည်ပေါက်တစ်ခုလိုဖြစ်ခဲ့တယ် ။
ဒါပေမယ့် မေ နောက်ပိုင်းမှာတော့ နင့်ရဲ့စာတွေမလာတော့ပါဘူး ။`` မဆုံဆည်းနိုင်တော့ဘူး ´´ ဆိုတဲ့ထင်မြင်ချက်ကလေးနဲ့ ငါတန်ဖိုးထားတဲ့အချစ်တွေကိုမျက်ကွယ်ပြုနေပြီလားဆည်းဆာ။
တကယ်ပါ အရာရာပေးဆပ်ခြင်းတွေနဲ့အဖြူထည်သက်သက်ငါကနင့်ကိုချစ်နေရတာပါ။
`` ဘယ်တော့နီးစပ်ရမလဲ ´´ ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ အိပ်ရေးပျက်ပေါင်းလည်း
မနည်းတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့လေ......

ရေတွက်လို့မရကောင်းတဲ့ `` နောင် ´´ ဆိုတဲ့တစ်ချိန်ချိန်မှာပေါ့။ ကံတရားမျက်နှာလိုက်မှုနဲ့နင်နဲ့ပြန်လည်ဆုံတွေ့ခဲ့မယ်ဆိုရင်မတူညီတဲ့သဘောထား
တွေကို နားလည်ဖေးမပြီးမပြောင်းလဲတဲ့ နှလုံးသားနဲ့ရင်ဆိုင်ချင်ပါတယ်။
ဆန္ဒနဲ့ ထပ်တူမကျသေးတဲ့ ဒီအချိန်မှာတော့ ကျေးဇူးပြုပြီး နင့်ရဲ့ မေတ္တာမြေနီလမ်းနံဘေးမှာ
( အရင်တုန်းကအတိုင်း )
ငါ့ရဲံ့သတိရတမ်းတခြင်း မျိုးစေ့တွေစိုက်ပျိုးထားခွင့်ပြုပါ ..... မရှင်သန်ရင်နေပါစေ
နင့်ရဲ့ ကရုဏာရေစက်ကလေးတွေနဲ့ ပုံမှန်စိုစွပ်ခွင့်ရရင် အဝေးတစ်နေရာကနေ ငါကျေနပ်နေမှာပါ
ဆည်း ဆာ ရယ် ။
မပြောင်းလဲသောချစ်ခြင်းများစွာဖြင့်
စိုင်းသူရ ( သီပေါ )
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။