Home » » နှစ်သစ်သို့ အမှတ်တရ ...

နှစ်သစ်သို့ အမှတ်တရ ...

Written By မောင်စေတနာ on Sunday, January 3, 2010 | 5:38:00 PM



1
-မင်္ဂလာပါ ...
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ပီနော် ...
နှစ်သစ်လေးမှာ အားလုံးအဆင်ပြေပါစေ လိုရာဆန္ဒပြည့်ဝပါစေဗျာ ...
ဒီတော့နှစ်သစ်လေးမှာ အောင်မြင်ခြင်းပျော်ရွှင်မှုများနဲ့
မိမိရဲ့ လုပ်ကိုင်မှုများလေးတွေ အောင်မြင်စွာနဲ့ပြုလုပ်နိုင်ပါစေ ...
နေ့စဉ်အချိန်တွေ နေ့ရက်လေးတွေ နဲ့
လုပ်ကိုင်နေရတဲ့ မိတ်ဆွများအားလုံးကို 2010 ကဘယ်လိုကြိုဆိုမလဲဆိုတာ
စောင့်ကြည့်ကြရအောင်နော် ... ... ...

2-လူတွေဟာ အချိန်နဲ့အမျှလှုပ်ရှား ရုန်းကန်နေရတယ်လေ ... ဒီတော့ အချိန်တွေနေရက်တွေဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှု ဖြစ်သလို ဆုံးရှုံး မှုများလည်းရှိပါတယ်ဗျ ....

ဒါကြောင့်နေရက်တွေဟာ လူတစ်ယောက်ရဲ့ ဘဝပါပဲ ...
နေ့ရက်လေးတွေ အချိန်လေးကျွန်တော်တို့ရဲ့ ဘဝအတွက် မျှော်လင့်ချက်လေးတွေပါပဲ ...
အဲဒီမျှော်လင့်ချက်လေးတွေ ရှင်သန်လာအောင် မိမိကိုယ်တိုင်ပဲပြုလုပ်ရမည် မဟုတ်ပါလား ။
လူတိုင်းဟာ အချိန် နေရက် ရာသီတွေနဲ့ အလုပ်လုပ်ရလေ ...
ဒါကြောင့် နှစ်သစ်လေးမှာ အရာရာ ဟာ အောင်မြင်ပါစေလို့
ကျွန်တော်တို့ ဆုတောင်းရင်းနဲ့ 2010 ဆိုတဲ့နာရီတွေ နေ့ရက်တွေ ကိုဖြတ်ကျော်ရအောင်နော် ....

3-နှစ်ကူးညလေးမှာ ကျွန်တော်တို့ လမ်းလျှောက်ရင်း တစ်ညလုံးပျော်ခဲ့ကြတယ် ....
ကျွန်တော်တို့အိမ်ကထွက်တာက 10 လောက်ဆိုတော့ သိပ်မစည်သေးပါဘူး
လူတွေကတော့ ဟိုနားတစ်စု ဒိနားတစ်စုနဲ့ ရှိနေကြတယ် .... ကျွန်တော်တိုက ဟိုသွားဒီ
သွားလိုက်နဲ့ည 12 နာရီးကိုစောင့်နေမိတယ် ...
12 နာရီကျော်တာနဲ့ ရောင်စုံ မီးရှူး မီးပန်းလေးတွေ ကတစ်ပုံကြီး
ကြယ်ကလေးများနဲ့ အတူ ကောင်းကင်ပြင်လေးမှာ မီးရောင်စုံလှပနေတယ် ...
ခဏလေး ကျွန်တော်ဟာ ငေးမောနေပီး နှစ်သစ်ကိုကြိုဆိုကြောင်း သူငယ်ချင်းများနဲ့ အတူ ပြိုင်တူအော်လိုက်ကြတယ် ... နှစ်သစ်လေးဟာ ပျော်ရွှင်မှုတွေသယ်ဆောင်လာပါစေ လို့လည်း
ကျွန်တော်ဆုတောင်းနေမိတယ် လမ်းမလေးမှာ လူတွေကလည်း အများကြီးပဲ ပျော်နေကြတာ
ကျွန်တော်တို့ သူငယ်ချင်းများနဲ့ လမ်းပေါ်လျှောက်သွားကြပြီး နှစ်သစ်ကိုဝမ်းသာအားရ ကြိုဆိုကြတယ် ...

4-တစ်ရက်ပြီးတစ်ရက် တစ်နေ့ပြီးတစ်နေ့နဲ့ အခုဆို 2010 ကိုတောင်ရောက်ပြီလေ ... ဒီတော့
နှစ်ဟောင်းက ဖြစ်ခဲ့တာတွေလေးတွေ အမှတ်တရ လေးတွေ ဖြစ်ခဲ့တာတွေထဲက
ကောင်းတာ ဆိုးတာလေးတွေ အဆင်ပြေမှု မပြေမှုလေးတွေ အမှတ်တရ သိမ်းထားရင်းနဲ့ လက်ရှိရောက်နေပြီဖြစ်တဲ့ 2010 မှာ ဆက်လက်ကြိုးစားရင်း အခက်အခဲအားလုံးကို ရဲရဲလေးနဲ့ရင်ဆိုင် ကျော်ဖြတ်ကြရအောင်နော် ... နှစ်သစ်လေးမှာ အားလုံးပဲ ပျော်ရွှင်ပါစေဗျ ...

တောင်းပန်အပ်ပါသည်။ ။ ။
ပိုစ့်တင်နောက်ကြတဲ့အတွက်ကျွန်တော်ရဲ့ အခက်အခဲကိုနားလည်ပေးလိမ့်မယ်လို့မျှော်လင်ပါတယ်ဗျ ....
သူငယ်ချင်းများသို့အမှတ်တရ 2010 ...

Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။