ဖမ်းယူ နားဆင်နိုင် တိုင်းနှင့်ပြည်နယ် (၄)ခုရှိ မြို့နယ် (၁၁)မြို့နယ်တွင် ရေဒီယို Shwe FM လိုင်းသစ် တစ်မျိုးကို 89.8 MHZ ဖြင့် နံနက် (၆းဝဝ)နာရီမှ ည(၁ဝးဝဝ) နာရီထိ ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှူး ဦးလှမြင့်ဆွေက လျှပ်တစ်ပြက် သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။
ရေဒီယို Shwe FM လိုင်းသစ် ထုတ်လွှင့်သွားမည့် မြို့နယ်များမှာ ပဲခူး၊ ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ မော်လမြိုင်၊ ဘီးလင်း၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မြဝတီမြို့များဖြစ်ကြောင်း အင်တာနာတိုင်ထောင်ပြီး မြို့နယ် များဖြစ်သည့် ပဲခူး၊ မော်လမြိုင်၊ ဘီးလင်း၊ ဘားအံ၊ ကော့သောင်း၊ မြဝတီမြို့နယ် များတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ မြို့နယ်(၁၁)မြို့နယ်များတွင် အင်တာနာတိုင်များ အပြီးသတ်ထောင်ပြီးပါက ဒေသအလိုက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုသီချင်းများကို နေ့စဉ်ထုတ်လွှင့် ပေးသွားမည်ဖြစ်ပြီး မြို့နယ်အလိုက်သီချင်း ဆိုပြိုင်ပွဲများပြုလုပ်ကာ Shwe FM ဆုပေးသွားမည်ဖြစ်ကြောင်း၊ ¤င်းက ဆက်လက်ပြောကြားခဲ့သည်။
Shwe FM နားဆင်နိုင်သည့်မြို့နယ်များတွင် ရုံးခန်းဖွင့်၍ ဒေသခံသတင်းများကိုလည်း အချိန်နှင့်တပြေးညီ
ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Shwe FM ရေဒီယိုလိုင်းသစ်၏ စတူဒီယို(Studio) အခန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းတွင် ထားရှိပြီး ဗိုလ်တထောင်ဘုရားလမ်းတွင် ရုံးခန်းသစ် ဖွင့်လှစ်မည်ဟုသိရှိရသည်။
လျှက်တစ်ပြက်မှ .....