Home » » ဘဝရဲ့ နေထိုင် ရှင်သန် မှု ....

ဘဝရဲ့ နေထိုင် ရှင်သန် မှု ....

Written By မောင်စေတနာ on Sunday, October 4, 2009 | 5:23:00 PM

စိတ်ဓာတ်မကျဖို့ ....

(၁) ဘယ်တော့မှ စိတ်မပျက်နဲ့ စိတ်ပျက်နေရင်လည်း အလုပ်ဆက်လုပ်ပါတဲ့။ ပညာရှိတစ်ယောက်ရဲ့
ပြောတဲ့စကာလေးတစ်ခွန်းပါ ၊ တစ်နေ့တစ်ချိန်မှာမိတ်ဆွေဟာ စိတ်ပျက်စရာ စိတ်ဓာတ်ကျစရာ
နဲ့ကြုံလာရလိမ့်မယ်။ အဲဒီအခါမှာလေးမှာ စိတ်မပျက်ပဲ ကိုယ်လုပ်စရာရှိတာကို
ဆက်လုပ်နေဖို့တော့ လိုတယ်နော် .....

(၂) စိတ်ဆင်းရဲ့စရာတွေ ရှာကြံတွေးတောနေရင် စိတ်ဆင်းရဲ့လို့ကုန်မှာမဟုတ်ဘူး။ ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ့်အတိတ်ကံနဲ့ကိုပဲ ဘာစိတ်ဆင်းရဲစရာရှိလို့လဲ။ စိတ်ဆင်းရဲစရာတွေ မတွေးဘဲ ကံကောင်းခဲ့တာတွေ
ကိုပဲတွေးကြည့်စမ်း။ မင်းစိတ်ညစ်မှာမဟုတ်ဘူး ဘယ်သူမဆို ဆိုးတာနဲ့ ကောင်းတာနှစ်ခုကို ကောင်းတာ
ကိုပဲ လိုချင်ကြတဲ့ လူတွေချည်းပဲ။ ရေလိုက်ငါးလိုက်ဆိုတဲ့ စကားလေးအတိုင်း တစ်ခါတစ်လေ ဆိုးတာကို
ကောင်းတာတွေနဲ့ ကိုယ့်ရဲ့စိတ်ကိုဖြေဖျောက်လိုက်ပေါ့ ...... မဟုတ်ဘူးလား .....

(၃) ဆက်ဆံတတ်ဖို့ ....
လူ့လောကမှာ အခြေအနေ အချိန်အခါ ကိုလိုက်ပြီး ဆက်ဆပေါင်းသင်း တတ်ခြင်းဟာ အောင်မြင်ခြင်းရဲ့
လူတိုင်းလူတိုင်း မသိသေးတဲ့ ဘဝရဲ့ လှို့ဝှက်မှု တစ်ခုပါပဲ။

(၄) ဆုံးဖြတ်ချက်မှန်ကန်ဖို့ ....
တစ်စုံတစ်ခုကို လိုချင်ရင်တစ်စုံတစ်ခုကို စွန့်လွတ်ရသတဲ့။ တစ်ခါတစ်ရံမှာ ကိုယ်လိုချင်တာနှစ်ခုစလုံးကို
တစ်ပြိုင်နက်ရဖို့အခွင့်အရေးမရှိဘူး။ တစ်ခုကိုလိုချင်ရင် တစ်ခုကိုစွန့်လွတ်ရတတ်တယ်။ အဲဒီအခါမျိုးမှာ
နှစ်ခုစလုံးကို လိုချင်စိတ်ကြောင့် တစ်ခုခုစွန့်လွတ်ရမှာကို ပြတ်ပြတ်သားသား မဆုံးဖြတ်ပဲ အူတူတူ
အတတ လုပ်မိတတ်ကြတယ်။ အဲဒီအခါမှာ တစ်ဖက်မှာလည်း အဆင်မပြေ တစ်ဖက်မှာလည်းကသိက
အောင့်ဖြစ်ပြီး ဘာတစ်ခုမှလည်း အလုပ်မဖြစ်တော့ဘဲ ချော်လွဲသွားတာမျိုး ဖြစ်တတ်ပါတယ်။
အဲဒီလိုမဖြစ်အောင် ကိုယ့်ရဲ့ပင်ကိုညဏ် ပင်ကိုဦးဏှောက်နဲ့ စဉ်းစားတတ် ဆုံးဖြတ်တတ်ဖို့ပေါ့။ .....

(၅) " ပညာရှိစကားတန်ဖိုးထားတဲ့ "
ပညာရှိဆိုတာ အမှန်နဲ့အမှား ၊ အကောင်းနဲ့အဆိုး အခြေအနေ အချိန်အခါကို ခွဲခြား ၊ နားလည် ၊ ချင့်ချိန်
နှိုင်းဆ တတ်တဲ့သူကိုခေါ်တာနော်။ .....

(၆) လူဖြစ်ရအကျိုး ...
ရခဲ့လှတဲ့လူ့ဘဝလေးကို ရောက်လာပြီးမှ စိတ်ဆင်းရဲ့စွာ အသက်ရှင်နေရမယ်ဆိုရင် မင်းလူဖြစ်ရတာမတန်
တော့ဘူး။ ဒီတော့မင်းဘဝလေးကို ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ရမယ်။
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။