Home » » ဓမ္မလက်ဆောင် ....

ဓမ္မလက်ဆောင် ....

Written By မောင်စေတနာ on Saturday, October 3, 2009 | 2:02:00 PM

(၁) ငါဟာငါ့ဘဝမှာ အရေးပါသူဖြစ်တယ်။ ငါ့မိသားစုဘဝမှာလည်း အရေးပါတဲ့သူဖြစ်တယ်။
ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါတဲ့သူဖြစ်တယ်။ ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ ဘာမှထူးထူးခြားခြား လုပ်ပေးနိုင်လို့မဟုတ်ပါဘူး ။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေး
တွေကိုငါပြောနိုင်တယ် ။ တစ်ခါတစ်လေကိုယ်နိုင်တဲ့ အကူအညီလေးတွေ ပေးနိုင်တယ် ။
ငါ့ကြောင့်နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာသာမှုရစေချင်တယ်။
ငါ့ဘဝမှာ ငါဟာ အရေးပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာအရေးပါဆုံးလူ ဖြစ်မလဲ။
ငါဟာ ဘာမှ မသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ်စိတ်ချမ်းသာမလဲ။
ဘယ်လိုလုပ် စိတ်အားတက်မလဲ။

(၂)ငါဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ် ။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေး
နေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှု မပေးနိုင်ရင် ရှိပါစေတော့ ၊ စိတ်ဆင်းရဲအမှုကိုတော့မပေးမိအောင်
သတိထားရပါတယ်။

(၃)ဒီနေ့ဟာ အရေးကြီးဆုံးနေ့ပဲ။ ဒီနေ့ကိုတန်ဖိုးထားရမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ဖြစ်မယ်။
နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာတန်ဖိုးရှိတဲ့ ဘဝဖြစ်မယ်။ ဒါကြောင့်ဒီနေ့တန်ဖိုးရှိ
တာလုပ်မယ်။ ပညာရှာမယ် ။ မိတ်ဆွေကောင်းရှာမယ် ။ စိတ်ချမ်းသာအောင်နေမယ်။
မွေးနေ့မှာ " Happy Bithday " ပျော်ရွှင်စရာမွေးနေ့လို့ပြောကြတယ် ၊ ပျော်လည်းပျော်ကြတယ်။
နေ့တိုင်း အဲဒီလိုပျော်လို့မဖြစ်ဘူးလား ။ မဖြစ်နိုင်စရာအကြောင်းဘာရှိလဲ။နေ့တိုင်း မွေးနေ့လို့သဘောထားကြမယ်။

(၄)ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။လူတွေကို အကောင်းဆုံး
သဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘဝကိုရုန်းကန်ပြီး နေသွားကြတယ်။

(၅)ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ။ ရိုးရိုးသားသား စေတနာနဲ့လုပ်မယ်။
မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့အတွက်ကြောင့်
စိတ်ဆင်းရဲ့မှုမခံဘူး။

(၆)ဒီနေ့အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။လူ့ဘဝမှာတစ်ဦးကို
တစ်ဦး အကူညီပေးပြီးနေသွားမှ အားလုံးအဆင်ပြေမယ်။ ငါကလည်းဘယ်သူ့ကိုမှ အကူအညီမပေးဘူး။
ဘယ်သူ့ဆီကလည်း အကူအညီမယူဘူးဆိုပြီး နေလို့မဖြစ်ဘူး။

(၇)ငါခင်သလို ငါ့ကိုမခင်ကြဘူးလို့ အပြစ်မတင်ပါဘူး ။ သူတို့မခင်တာ ငါ့အတွက်စိတ်ဆိုးစရာ
မဟုတ်ပါဘူး။

(၈) " အပ္ပမာဒေန သမ္မဒေထ " လို့ဘုရားနေ့တိုင်းဟောကြား သတိပေးတာကိုမမေ့ဘူး။အရေးကြီးဆုံး
သတိပေးဟောကြား မှာထားခဲ့တာကို နေ့တိုင်းအားထုပ်မယ်။ နေရာမရွှေး အချိန်မရွှေး သတိနဲ့နေမယ်။
ဒါတွေမမေ့မှ စိတ်ချမ်းသာမယ်။

(၉)ဒီနေ့ဟာ ငါတကယ်နေ့ရတဲ့နေ့ပဲ။ ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှုဟာ အပြင်မှာမရှိဘူး။
အတိတ်မှာ မရှိဘူး ။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စပ္ပုန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ငါ ကျေနပ်နေတယ်။ ငါ့ဘဝကိုငါကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ ဆိုတာငါသိတယ်။
ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေရတဲ့ သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့
ငါ့အပြုံးဟာ လှိုက်လှဲတဲ့ အပြုံး ဖြစ်စေရမယ်။

(၁၀)ငါဟာငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်းဖြစ်နိုင်တယ်။
သူများက ငါ့ကိုနေရာ မရွှေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွှေး နေရာမရွှေး
စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကိုငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွှေး အချိန်မရွှေး စိတ်ချမ်းသာနိုင်တယ်။

(၁၁)ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင်စိတ်ချမ်းသာမယ်။
ဘာလုပ်ရင်စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ ပေါင်းရင်စိတ်ချမ်းသာမယ် ဆိုတာကို အမြဲလေ့လာမယ်။
အဆင်ပြေနေတဲ့ လူတွေကို လေ့လာမယ်။

(၁၂)ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘဝကို ငါကျေနပ်တယ်။ ဘယ်သူ ဘဝနဲ့မှ မလဲနိုင်ဘူး ဆိုရင်စိတ်ချမ်းသာတယ်။

(၁၃)ကိုယ့်ကိုသူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမဲ့ အဲဒါသိပ်အရေးကြီးတယ်လို့ သဘော
မထားဘူး ။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး ။ ကိုယ်စိတ်ဝင်စားတာ ၊ ကိုယ်ဝါသနာပါတာ ၊ ကိုယ်လုပ်ချင်တာ
ကိုလုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ် ။ ဒါပေမဲ့ ငါလုပ်တာကို ချီးမွမ်းမှာလား ကဲ့ရဲ့မှာလားလို့မတွေးဘူး။

(၁၄)ငွေဘယ်လောက်လိုချင်တယ် မတွေးတော့ဘူး ၊ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့
မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅)ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ ပက်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါစိတ်ကို ငါ ချမ်းသာ
အောင်ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့ မရဘူး။ ငါစိတ်ချမ်းသာရင် အဲဒါဘယ်သူ့
မှာမှတာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။

(၁၆)ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလိုတွေးနေရင် စိတ်ဆင်းရဲနေတယ်။
စိတ်ချမ်းသာတဲ့လူ မဖြစ်သေးဘူး ။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက်ငါ့မှာပဲ တာဝန်ရှိတယ်။ဘယ်သူ့ကိုမှ
အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားတာကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့
သူ၊ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်နေကြတယ်။ ငါ့ကိုစိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ
စိတ်ဆင်းရဲနေတဲ့သူဖြစ်တယ်။

....... ဦးဇောတိက .....
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။