Home » , , » နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ အသင်းကြီး၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ အသင်းကြီး၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့

Written By မောင်စေတနာ on Sunday, January 18, 2015 | 6:52:00 PM


မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ အသင်းကြီး၏ ၃ နှစ်ပြည့် နှစ်ပတ်လည် (၁၁) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကြီးကို ယနေ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပီဂျေရှိ University Hospital ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ သွေးလှူရှင်ပေါင်း ၃၁၃ ဦးမှ စုပေါင်း သွေးလှူဒါန်းခဲ့ပြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနား အစီအစဉ် နေ့လည် ၁၂ နာရီ အချိန်တွင် စတင်ခဲ့ရာ နိုင်ငံတော် သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဥက္ကဌ ကိုသက်မှ အသင်းအကြောင်း နှင့် ကျေးဇူးတင် စကားကို ပြောကြားခဲ့သည်။

ယင်းနောက် ဘဏ္ဍာရေးမှူး ကိုအော်စကာ မှ အသင်း၏ ဘဏ္ဍာရေးနဲ့ပက်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် ဒေါက်တာ ဒေါ်စီလေးခိုင်မှ ကျန်းမာရေး အသိပညာပေး အကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဆရာ ဦးသက်ဆွေမှ လူငယ် ပရဟိတ ခေါင်းစဉ်ဖြင့် ပရဟိတ နှင့် ပက်သက်ပြီး ဟောပြောခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံမှ ရောက်ရှိလာသော ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် အဆိုတော် ကောင်းမိုးယံ မှ တေးသီချင်းဖြင့် ဖျော်ဖြေခဲ့သည်။

ညနေ ၃ နာရီ အချိန်တွင် အခမ်းအနား အစီအစဉ်ကို မန်းတောင်ရိပ်ခို သီချင်းကို ကြွရောက်လာသော ဧည့်ပရိတ်သတ်များမှ နှင့်အတူ ပြိုင်တူ သီဆိုကြပြီး (၃) နှစ်ပြည့်  နှစ်ပတ်လည် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ အသင်းကြီး၏ ၃ နှစ်ပြည့် နှစ်ပတ်လည် (၁၁) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို မလေးရှားနိုင်ငံရှိ သွေးလှူရှင်များ ၊ အလှူရှင်များ ၊ ဆရာ ၊ ဆရာမများ စာဒန်း ပရဟိတ အဖွဲ့ ၊ ယောအသင်း ပရဟိတ အဖွဲ့ ၊ ဓမ္မအလင်းရောင် မြန်မာ - ထားဝယ် ပရဟိတအဖွဲ့ ၊ KMY ဖောင်ဒေးရှင်း ပရဟိတ အဖွဲ့ ၊ ဂရုဏာ ပရဟိတ အဖွဲ့ဝင်များ နှင့် အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ အသင်းကြီး၏ ၃ နှစ်ပြည့် နှစ်ပတ်လည် (၁၁) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို လူဦးရေ ၈၀၀ ကျော် တက်ရောက်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့သည် မလေးရှားနိုင်ငံအတွင်း သွေးလှူဒါန်းမှု ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ နာရေးကူညီမှု စသည့်များကို ပြုလုပ်လာခဲ့ရာ ယနေ့တွင် (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ရုံးခန်းလိပ်စာ)
ဇာမဏီ စတိုးဆိုင် အပေါ်ထပ် (၄ လွှာ)
No.23, 4th Floor, Jalan Lebuh Pudu,
50050, Kuala Lumpur.
Tel : 03-2022 1245
Email : lovelyheart.blooddonation@gmail.com
Website : www.myanmarblooddonorkl.com

သတင်း - နေဇော်လင်း
ဓာတ်ပုံ - Ko Min Than - Photographer

NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Acc - https://www.facebook.com/nay.zawlin1
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။