Home » , » ကိုယ့်အပေါ်ကောင်းတဲ့ လူတွေနဲ့ တွေ့ရင် တန်ဖိုးထားဖို့ မမေ့ပါနဲ့ .....

ကိုယ့်အပေါ်ကောင်းတဲ့ လူတွေနဲ့ တွေ့ရင် တန်ဖိုးထားဖို့ မမေ့ပါနဲ့ .....

Written By မောင်စေတနာ on Thursday, January 15, 2015 | 10:34:00 AM

 
စကားပြောဆိုခြင်း ဆိုတဲ့ အရာတစ်ခုဟာ လူတစ်ယောက်မှာ တကယ်ကို အရေးကြီးပါတယ်။ စကားပြောဆိုတတ်ရင် လူတိုင်းနဲ့ ပြောဆို ဆက်ဆံနိုင်သလို လူတိုင်းနဲ့ ပေါင်းသင်းနေထိုင် ပြောဆိုနိုင်ပါတယ်။ ကိုယ်လျှောက်မယ့် ဘဝ လမ်းကြောင်းပေါ်မှာ စကားတစ်ခွန်းကြောင့် ပြောင်းလဲပေးနိုင်သလို စကားတစ်ခွန်းကြောင့်ပဲ အောင်မြင်ခြင်းဆိုတဲ့ အရာတွေဟာ ဆုံးရှုံးသွားနိုင်ပါတယ်။

စကားပြောဆိုခြင်းဆိုတဲ့ အရာကို ကြုံတွေရတဲ့ အသိပညာ သင်ယူခဲ့တဲ့ အတတ်ပညာနဲ့ ပေါင်းစပ်ထားပြီး ပြောဆိုပါက ဘဝမှာ အောင်မြင်မှုတွေကို ရယူနိုင်ပါတယ်။ ပြသာနာ တစ်
ခုခု ဖြစ်ပြီး ဒဏ်ရာတစ်ခု ဖြစ်ခဲ့ရင် ဆေးလိမ်းရင် သက်သာ ပျောက်ကင်းနိုင် ပေမယ့် ဒဏ်ရာ ဖြစ်ခဲ့တဲ့ အမာရွတ်က ကျန်နေခဲ့တယ်။ ဒီလိုပါပဲ ......... ကိုယ့်စိတ်ထဲမှာ ခံစားချက် တစ်ခုခု ဖြစ်ပေါ်လာရင် ပြန်တောင်းပန်လိုက် တာဟာ အဆင်ပြေသွားတယ်လို့ ထင်ရပေမယ့် စိတ်ထဲမှာတော့ အရင်အတိုင်းပုံမှန် ပြန်ဖြစ်မို့ တော်တော်လေး ကြိုးစားရမယ်။ 

လူတစ်ယောက် အတွက်နဲ့ ပက်သက်ပြီး သူနဲ့ ပက်သက်ဆက်နွယ်တာ ပိုရင် ပိုသလို သံယောဇဉ်ကြီးရင် ကြီးသလို ကိုယ့်စိတ်ထဲ ခံစားရပါတယ်။ လူတိုင်း အမှားနဲ့ မကင်းနိုင်ပေမယ့် အမှားနည်းအောင်တော့ လုပ်လို့ရ ပါတယ်။ အမှားတစ်ခု ဖြစ်ရင် အဲဒီအမှားကို သင်ခန်းစာယူပြီး နောင်ထပ်မဖြစ်အောင် ကိုယ့်စိတ်ထဲမှာ မှတ်သားထားဖို့ လိုအပ်ပါတယ်။ 

ကိုယ့်နဲ့ သူ့နဲ့ အကြားမှာ အကြောင်း အရာတစ်ခုပြသာနာကိစ္စတွေ တစ်ခုခု ဖြစ်လာခဲ့ရင် ခွင့်လွတ် သည်းခံနားလည်ပေးတတ်ဖို့လည်း လိုအပ်ပါတယ်။ 

ကိုယ့်ကြောင့် တန်ဖိုးရှိတဲ့ လူတစ်ယောက် 
ကိုယ့်ကြောင့် ကိုယ့်အပေါ် ချစ်တဲ့ လူတစ်ယောက် 
ကိုယ့်ကြောင့် ကိုယ့်အပေါ် သံယောဇဉ်ရှိတဲ့ လူတစ်ယောက် 
ကိုယ်ကြောင့် ကိုယ့်အပေါ် ခင်မင်တဲ့ လူတစ်ယောက် 
ကိုယ်ကြောင့် ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ လူတစ်ယောက် 
ကိုယ့်ကြောင့် ကိုယ့်အပေါ် နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ကို အကြောင်းအရာ တစ်စုံတစ်ခု မရှိပဲ အလွယ်တကူ မဆုံးရှုံးပါစေနဲ့ ...... 

SORRY ဆိုပြီး ပြန်တောင်းပန်ပေမယ့် လူတစ်ယောက်ရဲ့ ရင်ထဲမှာတော့ အောင့်သက်သက်နဲ့ နာကျင်ရပါတယ်။ ကိုယ့်အမှားကို သိပြီး နောက်ကျမှ နောင်တရနေသူ တစ်ယောက် မဖြစ်ပါစေနဲ့ ... မဖြစ်ခင်က ကြိုတင်စဉ်းစား ဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အပေါ် ကောင်းတဲ့ လူတိုင်းကို ကိုယ့်ဖက်က တန်ဖိုးထားပြီး လေးစား ချစ်ခင် ကြဖို့ စကားလက်ဆောင်လေး ပေးလိုက်ပါရစေဗျာ ။။။။။။။ 

 နေဇော်လင်း 
15.1.2015 - 12:05 PM 

 Nay Zaw Lin1
 Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

3 comments:

Unknown said...

very good

Unknown said...

good

Naing Linn said...

ကျေးဇူးတင်ပါတရ်ဗျာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။