ကွာလာလမ်ပူ အော်ပရာစီ အဖမ်းအဆီး ယခုည စာရင်း ထုတ်ပြန် မြန်မာ ၆၀ ဖမ်းဆီးခံရ
********************************************************************************
မလေးရှား
ယနေ့အော်ပရာစီသတင်းနောက်ဆက်တွဲ (11.1.2015)
၁၁.၁.၂၀၁၅ ရက် နေ့လည် ၁၂ နာရီမှ ၃ နာရီကြား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာဆိုင်တန်းများအနီး Mydin ရှေ့တွင် Massive Dragnet ခေါ် စုပုံရှင်း စစ်ဆေးရေး အော်ပရာစီ အကြီးစား ပြုလုပ်သွားခဲ့ပြီး ဖမ်းဆီးရေးအဖွဲ့များအဖြစ် ပြည်သူ့ရဲ ၊ စည်ပင် ၊ လဝက အစရှိသည့် အင်အားရာကျော်ပါဝင်သော ကား ၁၀ စီးခန့်ဖြင့် ပိုက်စိပ်တိုက်ကာ ဖမ်းဆီးခဲ့သည့် အဆိုပါ သတင်းအား ယနေ့ည မလေးရှားနိုင်ငံ တီဗွီချင်နယ်များ နှင့် အင်တာနက်စာမျက်နှာများတွင် အောက်ပါအတိုင်း သတင်းထုတ်လွင့်ထားခဲ့ပါသည် ။
အဆိုပါ Massive Dragnet Operation (စုပုံရှင်း) အော်ပရာစီတွင် မလေးရှားနိုင်ငံ၏ Golden Triangle (မလေးရှားရွှေတြီဂံ) ဟု သမုတ်ထားသည့် မြန်မာ ၊ ဘင်္ဂလား ၊ နီပေါ စသော နိုင်ငံခြားသားဆိုင်များ အများဆုံးရှိရာ ကိုတာရာယာ ၊ မိုင်ဒင်းတို့ အနီးပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား စုစုပေါင်း ၁၁၉၈ ယောက်အား ဖမ်းဆီးစစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ကြောင်း ။
အဆိုပါ (၁၁၉၈) ဦးထဲတွင်မှ ပါမစ် မိတ္တူ ပါ နေထိုင်ခွင့်မှန်ကန်သူများ ၊ UNHCR ရုံးမှ အတည်ပြုပေးသော သူများ စုစုပေါင်း ၉၈၃ ဦးအားနေ့ချင်း ပြန်လွတ်ပေးခဲ့ပြီး တရားမဝင် နေထိုင်သူ ၊ ကဒ်အတု ကိုင်ဆောင်သူ စုစုပေါင်း ၂၁၅ ဦးအား ဖမ်းဆီးထားနိုင်ခဲ့ကြောင်း ယနေ့ည သတင်းများတွင် စာရင်း အတိအကျဖြင့်ဖော်ပြသွားခဲ့သည် ။
အဆိုပါ စုပုံရှင်း စစ်ဆင်ရေး အော်ပရာစီကို Dang Wangi ရဲအထူးစစ်ဆင်ရေးပြုလုပ်ရသောအကြောင်းကို ခေါင်းဆောင် Zainol Samah မှ ရှင်းပြမှုမှာ ။....
၁. ရဲစခန်းသို့ သတင်းပို့တိုင်ကြားထားသော တရားမဝင် နိုင်ငံခြားသားများ ပြဿ နာများ များပြားလွန်းခြင်းကြောင့်တစ်ကြောင်း ၊
၂. မြို့လည်ကောင် မြင်မကောင်းအောင် အမှိုက် အညစ်များ သိမ်းမနိုင်ခြင်းကြောင်းတစ်ကြောင်း ၊
၃. နိုင်ငံခြားသား ပမာဏ အလွန်များပြားခြင်းကြောင့် နိုင်ငံသားများ ၏ လုံခြုံရေး အခြေအနေ အတွက် ရှင်းလင်းရန်လိုအပ်နေသောကြောင့် တစ်ကြောင်း ထိုသို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည် ။
အောပ်ရာစီတွင် ရဲ ၁၇၆ ဦး ၊ စည်ပင် အထူးဝန်ထမ်း ၁၇ ဦး ၊ လဝက ၁၃ ဦးတို့ဖြင့် မိုင်ဒင်း ၊ ကိုတာရာယာ ၊ Jalan Tun H.S.Lee , Jalan Silang , KL Central Market , Masjid Jamek ဘူတာ တစ်ဝိုက်တို့အား ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ...
ဖမ်းဆီးရာတွင်လည်း လမ်းဘေးတွင် ပါမစ်မှန်မမှန် စစ်ရန် မဖြစ်နိုင်သည့်အတွက် DBKL ရုံး စစ်ဆေးရေးဝင်း သို့ အားလုံးခေါ်ဆောင်သွားခဲ့ကာ စစ်ဆေးပြီး မှန်ကန်သူများအားလုံးကို ပြန်လည် လွတ်ပေးခဲ့ကြကြောင်း ။
တရားမဝင် ၂၁၅ ဦး စစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြီး ထို ထဲတွင် နီပေါလ် နိုင်ငံသား 120 ဦး ၊ မြန်မာနိုင်ငံသား ၆၀ ဦး တို့ဖြင့် အများဆုံး အဖမ်းခံရသော စာရင်းတွင်ပါဝင်ကြောင်း ...
အခြား ၃၅ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၊ အင်ဒိုနီးရှား ၊ ပါကစ်စတန် ၊ ဖိလပိုင် နှင့် အန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း စာရင်း အတိအကျ ကို ယနေ့ ညနေထုတ် သတင်းများတွင် ဖော်ပြထားခဲ့ကြောင်းကို .
မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။
မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy
Ref : Thestaronline ,
Photo : thestaronline ,
**************************
မလေးရှား
ယနေ့အော်ပရာစီသတင်းနောက်ဆက်
၁၁.၁.၂၀၁၅ ရက် နေ့လည် ၁၂ နာရီမှ ၃ နာရီကြား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာဆိုင်တန်းများအနီး Mydin ရှေ့တွင် Massive Dragnet ခေါ် စုပုံရှင်း စစ်ဆေးရေး အော်ပရာစီ အကြီးစား ပြုလုပ်သွားခဲ့ပြီး ဖမ်းဆီးရေးအဖွဲ့များအဖြစ် ပြည်သူ့ရဲ ၊ စည်ပင် ၊ လဝက အစရှိသည့် အင်အားရာကျော်ပါဝင်သော ကား ၁၀ စီးခန့်ဖြင့် ပိုက်စိပ်တိုက်ကာ ဖမ်းဆီးခဲ့သည့် အဆိုပါ သတင်းအား ယနေ့ည မလေးရှားနိုင်ငံ တီဗွီချင်နယ်များ နှင့် အင်တာနက်စာမျက်နှာများတွင် အောက်ပါအတိုင်း သတင်းထုတ်လွင့်ထားခဲ့ပါသည် ။
အဆိုပါ Massive Dragnet Operation (စုပုံရှင်း) အော်ပရာစီတွင် မလေးရှားနိုင်ငံ၏ Golden Triangle (မလေးရှားရွှေတြီဂံ) ဟု သမုတ်ထားသည့် မြန်မာ ၊ ဘင်္ဂလား ၊ နီပေါ စသော နိုင်ငံခြားသားဆိုင်များ အများဆုံးရှိရာ ကိုတာရာယာ ၊ မိုင်ဒင်းတို့ အနီးပြုလုပ်ခဲ့ပြီး နိုင်ငံခြားသား စုစုပေါင်း ၁၁၉၈ ယောက်အား ဖမ်းဆီးစစ်ဆေးရန် ခေါ်ဆောင်သွားခဲ့ကြောင်း ။
အဆိုပါ (၁၁၉၈) ဦးထဲတွင်မှ ပါမစ် မိတ္တူ ပါ နေထိုင်ခွင့်မှန်ကန်သူများ ၊ UNHCR ရုံးမှ အတည်ပြုပေးသော သူများ စုစုပေါင်း ၉၈၃ ဦးအားနေ့ချင်း ပြန်လွတ်ပေးခဲ့ပြီး တရားမဝင် နေထိုင်သူ ၊ ကဒ်အတု ကိုင်ဆောင်သူ စုစုပေါင်း ၂၁၅ ဦးအား ဖမ်းဆီးထားနိုင်ခဲ့ကြောင်း ယနေ့ည သတင်းများတွင် စာရင်း အတိအကျဖြင့်ဖော်ပြသွားခဲ့သည
အဆိုပါ စုပုံရှင်း စစ်ဆင်ရေး အော်ပရာစီကို Dang Wangi ရဲအထူးစစ်ဆင်ရေးပြုလုပ်ရသော
၁. ရဲစခန်းသို့ သတင်းပို့တိုင်ကြားထားသော တရားမဝင် နိုင်ငံခြားသားများ ပြဿ နာများ များပြားလွန်းခြင်းကြောင့်တ
၂. မြို့လည်ကောင် မြင်မကောင်းအောင် အမှိုက် အညစ်များ သိမ်းမနိုင်ခြင်းကြောင်းတစ်
၃. နိုင်ငံခြားသား ပမာဏ အလွန်များပြားခြင်းကြောင့် နိုင်ငံသားများ ၏ လုံခြုံရေး အခြေအနေ အတွက် ရှင်းလင်းရန်လိုအပ်နေသောကြေ
အောပ်ရာစီတွင် ရဲ ၁၇၆ ဦး ၊ စည်ပင် အထူးဝန်ထမ်း ၁၇ ဦး ၊ လဝက ၁၃ ဦးတို့ဖြင့် မိုင်ဒင်း ၊ ကိုတာရာယာ ၊ Jalan Tun H.S.Lee , Jalan Silang , KL Central Market , Masjid Jamek ဘူတာ တစ်ဝိုက်တို့အား ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ...
ဖမ်းဆီးရာတွင်လည်း လမ်းဘေးတွင် ပါမစ်မှန်မမှန် စစ်ရန် မဖြစ်နိုင်သည့်အတွက် DBKL ရုံး စစ်ဆေးရေးဝင်း သို့ အားလုံးခေါ်ဆောင်သွားခဲ့ကာ စစ်ဆေးပြီး မှန်ကန်သူများအားလုံးကို ပြန်လည် လွတ်ပေးခဲ့ကြကြောင်း ။
တရားမဝင် ၂၁၅ ဦး စစ်ဆေးဖမ်းဆီးနိုင်ခဲ့ပြီး ထို ထဲတွင် နီပေါလ် နိုင်ငံသား 120 ဦး ၊ မြန်မာနိုင်ငံသား ၆၀ ဦး တို့ဖြင့် အများဆုံး အဖမ်းခံရသော စာရင်းတွင်ပါဝင်ကြောင်း ...
အခြား ၃၅ ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၊ အင်ဒိုနီးရှား ၊ ပါကစ်စတန် ၊ ဖိလပိုင် နှင့် အန္ဒိယ နိုင်ငံသားများဖြစ်ကြောင်း စာရင်း အတိအကျ ကို ယနေ့ ညနေထုတ် သတင်းများတွင် ဖော်ပြထားခဲ့ကြောင်းကို .
မလေးရှားရောက် မြန်မာနိုင်ငံသားများ သိရှိစေရန် ဘာသာပြန်တင်ဆက်ပေးရပါသည် ။
မလေးရှားရောက်မြန်မာများ Facebook Official Page
www.facebook.com/mmrinmy
Ref : Thestaronline ,
Photo : thestaronline ,
0 comments:
Post a Comment