အောက်လမ်းမှ ပြန်သူများအားထပ်မံဖမ်းဆီး မြန်မာ ၇၆ ဦး ထပ်မံဖမ်းခံရ
************************** ************************** ***********************
မလေးရှား (အထူး)
သတင်း (16.12.2014)
မလေးရှားနိုင်ငံ KEDAH ခရိုင်ရှိ ဘုကစ်ကာယုဟီတမ် တွင် ယနေ့ပြုလုပ်သော
တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ (UPP) မ၏ စီမံချက်အရ မလေးရှားနိုင်ငံမှ
တရားမဝင် ထွက်ခွာမည့် သူ စုစုပေါင်း ၇၆ ဦး အား Kampung Pandan Satu တွင်
ယနေ့နံနက် 9 နာရီက ထပ်မံဖမ်းဆီးရရှိကြောင်း ယနေ့ညနေထုတ် သတင်းတွင်
ဖော်ပြထားခဲ့သည် ။
Kedah အထူးဖမ်းဆီးရေး အဖွဲ့ခေါင်းဆောင် Noor Mohamed Shaik Alauddin မှ ယခုဖမ်းဆီးရေးအတွက် ပြည်သူများ၏ သတင်းပေးချက်များစွာပါဝင်ြေ ကာင်းကိုထည့်သွင်းပြောကြားသွားခဲ့သည် ။
ယနေ့ဖမ်းဆီးမှုတွင် မြန်မာနိုင်ငံသား ၇၆ ဦး (အရေတွက်အများဆုံး) ပါဝင်ကာ
မည်သည့်အထောက်အထားမှ မရှိသူ အမျိုးသား ၆၅ ဦး နှင့် အမျိုးသမီး ၇ ဦး နှင့်
ပါမစ်သက်တမ်းလွန်နေသူ ၄ ဦး စုစုပေါင်း ၇၆ ဦးအား
တစ်စုတည်းဖမ်းဆီးမိခဲ့ကြောင်း သတင်းဌာနများက ဖော်ပြထားခဲ့သည် ။
ဖမ်းဆီးရရှိသူများအနေဖြင့် အသက် ၁၇ မှ ၆၁ နှစ် ကြား ဖြစ်ကြောင်း ၊ အဆိုပါ
၇၆ ဦးလုံး ဂျိုဟိုး ၊ ကွာလာလမ်ပူ ၊ ပီနန်း နှင့် ကူလင်းတို့တွင်
တရားမဝင်နေထိုင်နေကြသူမျာြး ဖစ်ကြောင်း နှင့် အခကြေးငွေဖြင့်တရားမဝင်ထွက် ခွာရန် ကြိုးစားသူများဖြစ်ကြောင်း ယနေ့သတင်းဌာနများတွင်ဖော်ပြ ထားသည် ။
ထပ်မံပြီး Noor Mohamed မှတရားမဝင် ထွက်ခွာသူများကို
အဆိုပါဖမ်းမိသောအိမ်တွင် ညကတည်းက စုစည်းထားကာ ချောင်းလွန်ကားဂိတ်မှ
ဖမ်းဆီးခြင်းဖြစ်ကြောင်း ။
အထောက်အထား မရှိသူများအား ပုဒ်မ
၆(၁)(ခ) တရားမဝင်နေထိုင်မှု ဥပဒေ 1959/63 ဖြင့်လည်းကောင်း ၊ အခြား
ရက်လွန်နေထိုင်သူ ၄ ဦးကိုမူ ပုဒ်မ ၁၅(၁)(ခ) အရ လည်းကောင်း
အရေးယူသွားမည်ဖြစ်ကြောင်း ။
ဖမ်းဆီးထားသူများအား လဝက သို့လွဲပြောင်းပေးသွားမည်ဖြ စ်ကြောင်း ။
Kedah ပြည်နယ် တရားမဝင် နှိမ်နှင်းရေး အထူးအဖွဲ့ UPP ၏ ခေါင်းဆောင် မှ
၂၀၁၄ ဒီဇင်ဘာ တစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖမ်းဆီးရရှိသူ စုစုပေါင်း 274
ဦးရှိကြောင်း နှင့် ထိုထဲတွင် မြန်မာနိုင်ငံသား အများဆုံးပါဝင်ကြောင်းကို
ယနေ့သတင်းဌာနများသို့ အတည်ပြုသတင်းထုတ်ပြန်ကြောင်း မလေးရှားရောက်မြန်မာများ သိရှိရန် ဖော်ပြပေးသည် ။
မလေးရှားရောက်မြန်မာများ Facebook Official Page
Ref: Banama , Thestar
Photo , Thestaronline




.jpg?width=750)

0 comments:
Post a Comment