အမုန်းကွင်းဆက်များ နှင့် သံသယ သွေးစက်များ (သတင်း ဆောင်းပါး)
မလေးရှားနိုင်ငံ၏ သမိုင်းဝင်ဒေသဖြစ်သည့် ပီနန်ပြည်နယ် ကမ္ဘာလှည့် ခရီးသွား များ လူကြိုက်များ သည့်ဒေသ ဖြစ်သည်။ ပင်လယ်ကမ်းခြေများ၊ သမိုင်းဝင် ဂျော့တောင်းမြို့နှင့် အမျိုးအစား စုံလင်သ ည့် ရိုးရာ ဟင်းလျာ များ ကြောင့် ကမ္ဘာလှည့် ခရီးသည်များ အကြိုက်တွေ့သည့် ပီနန်ဒေသတွင် ပြီးခဲ့သည့် ၁၁ အတွင်း မြန်မာလူမျိုး ၂၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရရာ ထိုလူသတ်မှုများကြောင့် ဒေသခံလူထု၏ စိုးရိမ်မှုများမြင့်တက်လာခဲ့ သည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များနှင့် ဘင်္ဂါလိများအပါအ၀င် တရားမ၀င် ရွှေ့ပြောင်း လုပ်သားအများအပြားသည် စီးပွားရေး ပိုမို တိုးတက်ကောင်းမွန်သည့် မလေးရှားနိုင်ငံ သို့ လာရောက်နေထိုင်လျှက် ရှိသည်။ မြန်မာဗုဒ္ဓဘာသာဝင်ဒါဇင်နှင့် ချီ၍
အသက်ခံနေရသော်လည်း မလေးအစိုးရက ထိုလူသတ်မှုများအား တားဆီးရန် လုပ်ဆောင်မှု
အနည်းငယ် သာရှိသည်ဟု မလေးရောက် မြန်မာလူမျိုးများကြား ဝေဖန်မှု များ
မြှင့်တက် ခဲ့သည်။
အသတ်ခံရသူများအား သတ်ဖြတ်ခဲ့သည့်နေရာဟု ယုံကြည်ရသည့် ဘူကစ် မာတာဂျမ်၊ မာချန်ဘူဘက်ရှိ နေအိမ်ခန်း ၂ လုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းခဲ့သည်။ မြန်မာနိုင်ငံသား ၂၀ ခန့်အား သတ်ဖြတ်၍ အလောင်းအား ခုတ်ဖြတ်ရန် အသုံးပြုသည်ဟု ယုံကြည်ရသည့် အဆောက်အအုံအား ငှားရမ်းနေထိုင်ခဲ့သည် အသက် ၄၀ ကျော်ခန့်ရှိမည့် မြန်မာနိုင်ငံသား ၂ ဦး ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ထိုအိမ် မှ အလောင်း ခုတ်ဖြတ်ရာတွင် အသုံးပြုသည့် ပုဆိန် ၃ လတ်၊ ကိုယ် ခန္ဓာ အစိတ်အပိုင်းများကို စွန့်ပစ်ဖျောက်ဖျက်ရာတွင် အသုံးပြုခဲ့သည်ဟု သံသယ ရှိသည့် ကား ၁ စီးနှင့် မော်တော်ဆိုင် ကယ် ၁ စီးအား သိမ်းဆည်းရမိသည်။
သံသယရှိသူ များ ငှားရမ်းထားသည့် အခန်းများရှိရာ အိမ်တန်းရှည်မှာ သစ်ပင် ခြုံနွယ်များ၏ အလယ်တွ င်တည်ရှိပြီး ဂျလန်ကူ လင်သို့သွားရောက်နိင် သည့် လမ်းကျဉ်းတစ်ခုဖြင့်သာ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။ ရွာရှိ အိမ်တန်းရှည်မှ အိမ်ခန်း ၂ ခန်းအား ထိုသံသယရှိသူများ က ၂၀၁၄ ဇွန်လ ကတည်းက ငှားရမ်း ခဲ့ကြောင်း၊ ထိုအိမ်တန်းရှည်ရှိ အခြား ၁၅ ခန်းမှ အိမ်နီးနားချင်းများမှာ ၎င်းတို့၏ လုပ်ရပ်အား သတိပြုမိခြင်း မရှိဟု ဆိုသည်။
မြန်မာနိုင်ငံသားများအား သတ်ဖြတ်ခဲ့သည့် လူသတ်မှုများတွင် အဓိက သံသယ ရှိသူမှာ နာမည်ကျော် တမီးလ်ရုပ်ရှင် Sivaji The Boss မှ အဓိက ဇာတ်ကောင်နှင့် ရုပ်ဆင်တူသည်ဟု အဆိုပါ အိမ်တန်းရှည် တွင် နေထိုင်သူများ က ပြောကြားသည်။ ထိုသူသည် အမြဲတမ်းနီးပါး နေကာ မျက်မှန်တပ် ထား သည် ဟု အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံသား အန်ဝါကဆိုသည်။
“သူက ဆံပင်ရှည်ပြီး တခါတရံ အိန္ဒိယ မင်းသား ရာဂျီနီခန့် လို ၀တ်ဆင်တတ် ပါတယ်” ဟု အန်ဝါကပြောကြားခဲ့သည်။ ထိုနေရာတွင် နေထိုင်ခဲ့သည်မှာ ၈ နှစ် ခန့်ရှိပြီဖြစ်သည့် အန်ဝါက “သူက သီးသီးသန့်သန့်ပဲနေလေ့ရှိပါ
တယ်။ သူက ဒီအိမ်ကို သူ့ဇနီးလို့ထင်ရတဲ့ အမျိုးသမီး ၁ ဦးနဲ့
ပြောင်းရွှေ့လာတာပါ။ သူက အမြဲတမ်း သပ်သပ်ရပ်ရပ်ဝတ်စားပြီး
ရည်ရည်မွန်မွန်ရှိပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတွေကို တွေ့တိုင်းတော့ သူက
ပြုံးပြပေမယ့် စကားတော့ မပြော ပါဘူး၊ သူ ဘာ ဘာသာစကားပြောလဲ အသေအချာတောင်
မသိပါ” ဟု အသက် ၄၁ နှစ်ရှိ အန်ဝါကဆိုသည်။
သောကြာနေ့တိုင်း ဗလီတစ်ခုတည်းတွင် အတူဝတ်ပြုလေ့ရှိသူမှာ လူသတ် သမား ဒုစရိုက်ကောင်တစ်ဦးနှင့် မတူ သဖြင့် သူ၏ အိမ်အား လူများ ခုတ်တစ် သတ်ဖြတ်သည့် နေရာ အဖြစ် အသုံးပြုကြောင်း သိရသည့်အခါ အံ့အားသင့်ခဲ့ ရသည်ဟု ဆောက်လုပ်ရေးလုပ်သား ၁ ဦးဖြစ်သည့် အန်ဝါ ကပြောကြား ခဲ့သည်။
သံသယရှိသူ၏ အိမ်ခန်းရှိရာ အိမ်တန်းရှည်တွင်နေထိုင်သည့် 
အသက် ၃၇ နှစ် အရွယ် နော်ရှာဆီတီ အာဇာရီယာက “အော်သံတွေ၊ သံသယဖြစ်စရာအသံတွေ
ဘယ်တုန်းကမှ မကြားဖူးတဲ့ အတွက် ကျွန်မ အိမ် နားကအခန်းမှာ လူသတ်
မှုတွေဖြစ်နေမယ်လို့ လုံးဝ မထင်မိ ပါဘူး”ဟု ပြောကြားခဲ့သည်။ ထိုအခန်း တွင်
အမြဲ တန်း လူ ၄ ဦးအနည်းဆုံးရှိပြီး အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု အာဇာရီယာ က
ဆိုသည်။
“သူတို့ထဲက အမျိုးသမီးဖြစ်သူနဲ့ စကားပြော ဖူးပါတယ်။ အိမ်နောက်ဘက်မှာ အ၀တ်ထွက်လှမ်း ရင်း တွေ့ရင် ပြုံး ပြီးနှုတ်ဆက်ပါတယ်။ သူတို့ လင်မယား ဒီမှာနေတာ ၄ လလောက်ရှိပါပြီ။ မကြာမီက အထိ ဒီမှာနေသွားပါတယ်။”ဟု အာဇာရီယာ က မလေးအင်စိုက်ဒါသတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ အိမ်တန်းရှည်တွင် နေထိုင်သည့် အခြား မိသားစု ၁၅ ခုမှာ ထို သံသယ ရှိသူများ၏ လှုပ်ရှားမှုအား ထူးထူးခြားခြား သတိမမူမိကြဟု ဆိုသည်။ လူသတ် သမားများက အိမ်အတွင်း ဆေးကြောသန့်စင် ဆေးအသစ်ပြန်သုတ်ထားသော် လည်း သွေးကွက်များကို အလင်းအောက်ရောင်ခြည်ဖြင့် တွေ့ရှိသည်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။ လူသတ်သမားများက အခန်းသော့အား ပိုင်ရှင်ထံပြန်လည်ပေး အပ် ရာ တွင် ဆေးအသစ်ပြန်သုတ် ထားသည်ကို ကျေးဇူးတင်ကြောင်းပင် အိမ်ရှင် က ပြောကြားခဲ့သည်ဟု ဆိုသည်။
လူသတ်ကောင်များ၏ ဘေးခန်းတွင်နေထိုင်သော အသက် ၄၀ အရွယ် ကုန်သည် ၁ ဦးဖြစ်သူ ဖိုင်ဇယ်အဗ္ဗဒူလာ က နိုင်ငံခြားသားများနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်သော်လည်း
ထိုလူ ၂ ဦးနှင့်ပတ်သက်၍ ဆိုးဆိုးဝါးဝါးကြုံတွေ့မှု မရှိဟုဆိုသည်။
ထိုသံသယရှိသူ ၂ ဦး ရွာတွင်နေထိုင်ခဲ့သည့် ကာလအတွင်း မကြာခဏ
စကားပြောဖြစ်သည်ဟု ၎င်းကဆိုသည်။
“ပရိုတွန်ဝီရာ ကား နဲ့ တစ်ယောက်က ကားအမြန်မောင်းတဲ့ အကျင့်ရှိ တယ်။ လမ်းဘေးမှာ တခါတလေ ကလေးတွေ ကစားလေ့ရှိတဲ့ အတွက် ဖြည်းဖြည်း မောင်းဖို့ သူ့ကိုပြောဖူးပါ တယ်။ အခြားတစ်ယောက်ကို ကျွန်တော့်ေ မ်ာတော်ဆိုင်ကယ်နဲ့ တင်ခေါ်ဖူးပါတယ်။ သောကြာနေ့တွေဆို ဗလီ က လမ်းလျှောက်ပြန်လာတာတွေ့လို့  ဆိုင်ကယ်နဲ့လိုက်ဖို့ခေါ်တာပါ။
၂ ယောက်လုံး ပုံစံက ကြမ်းကြမ်းတမ်းတမ်းပုံ မပေါ်ပါဘူး” ဟု ဖိုင်ဇယ် က
ဆိုသည်။ ဖိုင်ဇယ်က သူ၏ ကလေးများမှာ ထိုသူများ နေထိုင်ရာ အခန်းအမှတ် ၁၂ သို့
သွားရောက်ဖူးသည်ဟုဆို သည်။
လွန်ခဲ့သည့် ၁ လခန့်က နံနက်ခင်းတစ်ခုတွင် သံသယရှိသူ ၁ ဦး၏ ဇနီးဖြစ်သူ မှာ အလွန်စိုးရိမ်သည့် အသွင်ဖြင့် အိမ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျောက်နေသည်ကို မြင်တွေ့ခဲ့သော်လည်း ထူးခြားသည်ဟု မထင်မိခဲ့ဟု ဖိုင်ဇယ်က ပြန်လည်ပြောပြခဲ့သည်။ အိမ်ရှင်အား အိမ်လခ အချိန်မီ မပေးနိုင် သဖြင့် စိတ်ပူနေသည် ဖြစ်မည်ဟု သာ သဘောရိုးဖြင့် ထင်မြင် ခဲ့ကြောင်း မလေးရှားအင်စိုက်ဒါ သတင်းဌာန၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။
ယခင်က အဆိုပါ လူသတ်မှုများနှင့်ပတ်သက်၍ အာဏာပိုင်များက မှတ်ချက်ပေး မှု အနည်းငယ်သာရှိသော် လည်း ပြီးခဲ့သည့် သောကြာနေ့တွင် ပြည်နယ်ရဲမှူးက ထိုလူသတ်မှုများမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သည့် လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်မှု ရှိသည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ မြန်မာနိုင်ငံက အမုန်းတရားတွေကို ယူဆောင်လာပြီး လက်စားချေ သတ်ဖြတ်တာ ပါ။ လူသတ်ရာမှာ အသုံးပြုတဲ့ လက်နက်၊ သတ်ဖြတ်ပုံ နှင့် အလောင်းတွေရဲ့အခြေအနေ အရ မြန်မာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွက်ဆ ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ရဲမှူးက သတင်းထောက်များ ကို ဖြေဆိုသည်။
Ref - Malay Mail, Malaniski
The Ladies News JOurnal
https://www.facebook.com/ News.TheLadies
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook Acc - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
မလေးရှားနိုင်ငံ၏ သမိုင်းဝင်ဒေသဖြစ်သည့် ပီနန်ပြည်နယ် ကမ္ဘာလှည့် ခရီးသွား များ လူကြိုက်များ သည့်ဒေသ ဖြစ်သည်။ ပင်လယ်ကမ်းခြေများ၊ သမိုင်းဝင် ဂျော့တောင်းမြို့နှင့် အမျိုးအစား စုံလင်သ ည့် ရိုးရာ ဟင်းလျာ များ ကြောင့် ကမ္ဘာလှည့် ခရီးသည်များ အကြိုက်တွေ့သည့် ပီနန်ဒေသတွင် ပြီးခဲ့သည့် ၁၁ အတွင်း မြန်မာလူမျိုး ၂၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရရာ ထိုလူသတ်မှုများကြောင့် ဒေသခံလူထု၏ စိုးရိမ်မှုများမြင့်တက်လာခဲ
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များနှင့် ဘင်္ဂါလိများအပါအ၀င် တရားမ၀င် ရွှေ့ပြောင်း လုပ်သားအများအပြားသည် စီးပွားရေး ပိုမို တိုးတက်ကောင်းမွန်သည့် မလေးရှားနိုင်ငံ သို့ လာရောက်နေထိုင်လျှက် ရှိသည်။ မြန်မာဗုဒ္ဓဘာသာဝင်ဒါဇင်နှင်
အသတ်ခံရသူများအား သတ်ဖြတ်ခဲ့သည့်နေရာဟု ယုံကြည်ရသည့် ဘူကစ် မာတာဂျမ်၊ မာချန်ဘူဘက်ရှိ နေအိမ်ခန်း ၂ လုံးအား ရဲတပ်ဖွဲ့က ၀င်ရောက် စီးနင်းခဲ့သည်။ မြန်မာနိုင်ငံသား ၂၀ ခန့်အား သတ်ဖြတ်၍ အလောင်းအား ခုတ်ဖြတ်ရန် အသုံးပြုသည်ဟု ယုံကြည်ရသည့် အဆောက်အအုံအား ငှားရမ်းနေထိုင်ခဲ့သည် အသက် ၄၀ ကျော်ခန့်ရှိမည့် မြန်မာနိုင်ငံသား ၂ ဦး ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ထိုအိမ် မှ အလောင်း ခုတ်ဖြတ်ရာတွင် အသုံးပြုသည့် ပုဆိန် ၃ လတ်၊ ကိုယ် ခန္ဓာ အစိတ်အပိုင်းများကို စွန့်ပစ်ဖျောက်ဖျက်ရာတွင် အသုံးပြုခဲ့သည်ဟု သံသယ ရှိသည့် ကား ၁ စီးနှင့် မော်တော်ဆိုင် ကယ် ၁ စီးအား သိမ်းဆည်းရမိသည်။
သံသယရှိသူ များ ငှားရမ်းထားသည့် အခန်းများရှိရာ အိမ်တန်းရှည်မှာ သစ်ပင် ခြုံနွယ်များ၏ အလယ်တွ င်တည်ရှိပြီး ဂျလန်ကူ လင်သို့သွားရောက်နိင် သည့် လမ်းကျဉ်းတစ်ခုဖြင့်သာ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။ ရွာရှိ အိမ်တန်းရှည်မှ အိမ်ခန်း ၂ ခန်းအား ထိုသံသယရှိသူများ က ၂၀၁၄ ဇွန်လ ကတည်းက ငှားရမ်း ခဲ့ကြောင်း၊ ထိုအိမ်တန်းရှည်ရှိ အခြား ၁၅ ခန်းမှ အိမ်နီးနားချင်းများမှာ ၎င်းတို့၏ လုပ်ရပ်အား သတိပြုမိခြင်း မရှိဟု ဆိုသည်။
မြန်မာနိုင်ငံသားများအား သတ်ဖြတ်ခဲ့သည့် လူသတ်မှုများတွင် အဓိက သံသယ ရှိသူမှာ နာမည်ကျော် တမီးလ်ရုပ်ရှင် Sivaji The Boss မှ အဓိက ဇာတ်ကောင်နှင့် ရုပ်ဆင်တူသည်ဟု အဆိုပါ အိမ်တန်းရှည် တွင် နေထိုင်သူများ က ပြောကြားသည်။ ထိုသူသည် အမြဲတမ်းနီးပါး နေကာ မျက်မှန်တပ် ထား သည် ဟု အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံသား အန်ဝါကဆိုသည်။
“သူက ဆံပင်ရှည်ပြီး တခါတရံ အိန္ဒိယ မင်းသား ရာဂျီနီခန့် လို ၀တ်ဆင်တတ် ပါတယ်” ဟု အန်ဝါကပြောကြားခဲ့သည်။ ထိုနေရာတွင် နေထိုင်ခဲ့သည်မှာ ၈ နှစ် ခန့်ရှိပြီဖြစ်သည့် အန်ဝါက “သူက သီးသီးသန့်သန့်ပဲနေလေ့ရှိပါ
သောကြာနေ့တိုင်း ဗလီတစ်ခုတည်းတွင် အတူဝတ်ပြုလေ့ရှိသူမှာ လူသတ် သမား ဒုစရိုက်ကောင်တစ်ဦးနှင့် မတူ သဖြင့် သူ၏ အိမ်အား လူများ ခုတ်တစ် သတ်ဖြတ်သည့် နေရာ အဖြစ် အသုံးပြုကြောင်း သိရသည့်အခါ အံ့အားသင့်ခဲ့ ရသည်ဟု ဆောက်လုပ်ရေးလုပ်သား ၁ ဦးဖြစ်သည့် အန်ဝါ ကပြောကြား ခဲ့သည်။
သံသယရှိသူ၏ အိမ်ခန်းရှိရာ အိမ်တန်းရှည်တွင်နေထိုင်သည်
“သူတို့ထဲက အမျိုးသမီးဖြစ်သူနဲ့ စကားပြော ဖူးပါတယ်။ အိမ်နောက်ဘက်မှာ အ၀တ်ထွက်လှမ်း ရင်း တွေ့ရင် ပြုံး ပြီးနှုတ်ဆက်ပါတယ်။ သူတို့ လင်မယား ဒီမှာနေတာ ၄ လလောက်ရှိပါပြီ။ မကြာမီက အထိ ဒီမှာနေသွားပါတယ်။”ဟု အာဇာရီယာ က မလေးအင်စိုက်ဒါသတင်းဌာနသို့
အဆိုပါ အိမ်တန်းရှည်တွင် နေထိုင်သည့် အခြား မိသားစု ၁၅ ခုမှာ ထို သံသယ ရှိသူများ၏ လှုပ်ရှားမှုအား ထူးထူးခြားခြား သတိမမူမိကြဟု ဆိုသည်။ လူသတ် သမားများက အိမ်အတွင်း ဆေးကြောသန့်စင် ဆေးအသစ်ပြန်သုတ်ထားသော် လည်း သွေးကွက်များကို အလင်းအောက်ရောင်ခြည်ဖြင့် တွေ့ရှိသည်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။ လူသတ်သမားများက အခန်းသော့အား ပိုင်ရှင်ထံပြန်လည်ပေး အပ် ရာ တွင် ဆေးအသစ်ပြန်သုတ် ထားသည်ကို ကျေးဇူးတင်ကြောင်းပင် အိမ်ရှင် က ပြောကြားခဲ့သည်ဟု ဆိုသည်။
လူသတ်ကောင်များ၏ ဘေးခန်းတွင်နေထိုင်သော အသက် ၄၀ အရွယ် ကုန်သည် ၁ ဦးဖြစ်သူ ဖိုင်ဇယ်အဗ္ဗဒူလာ က နိုင်ငံခြားသားများနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်သော်လည်း
“ပရိုတွန်ဝီရာ ကား နဲ့ တစ်ယောက်က ကားအမြန်မောင်းတဲ့ အကျင့်ရှိ တယ်။ လမ်းဘေးမှာ တခါတလေ ကလေးတွေ ကစားလေ့ရှိတဲ့ အတွက် ဖြည်းဖြည်း မောင်းဖို့ သူ့ကိုပြောဖူးပါ တယ်။ အခြားတစ်ယောက်ကို ကျွန်တော့်ေ မ်ာတော်ဆိုင်ကယ်နဲ့ တင်ခေါ်ဖူးပါတယ်။ သောကြာနေ့တွေဆို ဗလီ က လမ်းလျှောက်ပြန်လာတာတွေ့လို
လွန်ခဲ့သည့် ၁ လခန့်က နံနက်ခင်းတစ်ခုတွင် သံသယရှိသူ ၁ ဦး၏ ဇနီးဖြစ်သူ မှာ အလွန်စိုးရိမ်သည့် အသွင်ဖြင့် အိမ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျောက်နေသည်ကို မြင်တွေ့ခဲ့သော်လည်း ထူးခြားသည်ဟု မထင်မိခဲ့ဟု ဖိုင်ဇယ်က ပြန်လည်ပြောပြခဲ့သည်။ အိမ်ရှင်အား အိမ်လခ အချိန်မီ မပေးနိုင် သဖြင့် စိတ်ပူနေသည် ဖြစ်မည်ဟု သာ သဘောရိုးဖြင့် ထင်မြင် ခဲ့ကြောင်း မလေးရှားအင်စိုက်ဒါ သတင်းဌာန၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။
ယခင်က အဆိုပါ လူသတ်မှုများနှင့်ပတ်သက်၍ အာဏာပိုင်များက မှတ်ချက်ပေး မှု အနည်းငယ်သာရှိသော် လည်း ပြီးခဲ့သည့် သောကြာနေ့တွင် ပြည်နယ်ရဲမှူးက ထိုလူသတ်မှုများမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သည့် လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်မှု ရှိသည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ မြန်မာနိုင်ငံက အမုန်းတရားတွေကို ယူဆောင်လာပြီး လက်စားချေ သတ်ဖြတ်တာ ပါ။ လူသတ်ရာမှာ အသုံးပြုတဲ့ လက်နက်၊ သတ်ဖြတ်ပုံ နှင့် အလောင်းတွေရဲ့အခြေအနေ အရ မြန်မာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တွက်ဆ ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ရဲမှူးက သတင်းထောက်များ ကို ဖြေဆိုသည်။
Ref - Malay Mail, Malaniski
The Ladies News JOurnal
https://www.facebook.com/
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/




.jpg?width=750)

0 comments:
Post a Comment