ယခုနှစ်အတွင်း မလေးရှားနိုင်ငံ ပီနန်မြို့တွင် လည်ပင်းဖြတ် အသတ်ခံရသည့် ၁၇ ယောက်မြောက် မြန်မာတစ်ဦး၏ ရုပ် အလောင်းကို တွေ့ရှိဟု မလေးရဲတပ်ဖွဲ့ ထုတ်ပြန်
မလေးရှားနိုင်ငံ ပီနန်တွင် လည်ပင်းလှီးဖြတ်၍ အသတ်ခံထားရသည့် မြန်မာ လူမျိုးဟု ယူဆရသည့် အလောင်း တစ်လောင်းအား စနေနေ့ညက တွေ့ရှိခဲ့ပြီး ထိုသို့ အသတ်ခံ ရသည့် ၁၇ ဦးမြောက် လူသတ်မှုဖြစ်သည်။ မြန်မာလူမျိုး တစ်ဦးဖြစ်ဟု ယုံကြည်ရသော အလောင်းအား ဆင်ပန်အမ်ပတ်မြို့ နေ့ကလေးထိန်း ကျောင်း တွင် တွေ့ခဲ့ခြင်းဖြစ်သည်။
ယခု လူသတ်မှုပုံစံမှာ ယခုနှစ်အတွင်း ပီနန်ပြည်နယ် တွင် အသတ်ခံခဲ့ရ သည့် မြန်မာနိုင်ငံသား ၁၆ ဦး သတ်ဖြတ်ခံရသည့် ပုံစံနှင့် တူညီသည်ဟု ပီနန်ရဲတပ်ဖွဲ့မှ ဆိုသည်။
ရဲတပ်ဖွဲ့က ယခုလူသတ်မှုမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခ များနှင့် မသက်ဆိုင်ဟု အလျှင်အမြန်ပြောကြားခဲ့သော် လည်း
လူသတ်မှု ၏ အကြောင်းရင်း အမှန်ကို မသိရသေးဟု ဆိုသည်။ မြန်မာနိုင်ငံသား များ
အသတ်ခံရသည့် ယခင်အမှုများ ကဲ့သို့ပင် သေဆုံးသူအား အခြားနေရာတစ်ခုတွင်
သတ်ဖြတ်ခဲ့ပြီး တွေ့ ရှိသည့်နေရာသို့ လာရောက်ပစ်ထားခြင်းဖြစ်သည်။
သေဆုံးသူထံတွင် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မတွေ့ရဘဲ မည်သူ မည်ဝါဖြစ်သည်ကို သိရှိနိုင်ရန် အလွန်ခက်ခဲကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ နေရာတွင် ပုပ်ဆော်နံနေကြောင်း ည ၁၀ နာရီခန့် တွင် အကြောင်း ကြားမှု ရရှိခဲ့သည် ဟု ပြည်နယ်စီအိုင်အေအကြီးအကဲ မဇ်လန်ကီးရှား က ဆို သည်။ ၎င်းက “အလွန်ပုပ်ပွနေတဲ့ အလောင်း ၁ လောင်းကို သတင်းစာ စက္ကူနဲ့ ထုပ်ပိုးပြီး သေတ္တာပုံးတွေနဲ့ ကာထားတာကို တွေ့ ရပါတယ်။
သေဆုံးသူဟာ တီရှပ်နဲ့ အားကစားတစ်စုံ ၀တ်ဆင်ထားပြီး အသက် ၃၀ ကျော်ရှိပြီလို့ ယုံကြည် ရကာ လွန်ခဲ့တဲ့ ၄၈ နာရီက အသတ်ခံထားရတာလို့ ခန့်မှန်းထားပါတယ်” ဟု ပြောကြားခဲ့ သည်။ သေဆုံးသူ၏ လည်ပင်းအား လှီးဖြတ်ထားပြီး ဦးခေါင်း တွင် ဒဏ်ရာ ၄ ခုတွေ့ရသည်ဟု ဆိုသည်။ စက်ရုံအလုပ်သမား အများစုဖြစ်သော မြန်မာနိုင်ငံသား ၁၆ ဦး အသတ်ခံရ သည့် အမှုများတွင်လည်း ထိုအတိုင်းတွေ့ခဲ့ရသည်။
၎င်းက “ဒီအမှုတွေဟာ သူတို့နိုင်ငံက ပဋိပက္ခတွေနဲ့ ဆက်စပ်ကြောင်း မတွေ့ရ ပါဘူး။ ဒီ လူသတ်မှုတွေရဲ့ အကြောင်းရင်းကို စုံစမ်းနေပါတယ်” ဟု ပြောကြား ခဲ့သည်။ ယခင် လူသတ်မှု ၁၆ မှုအား စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မလေးရှား ရဲတပ်ဖွဲ့ ရုံးချုပ်သို့ အကူအညီတောင်းခံထားသည် ဟု ဆိုသည်။ နောက်ဆုံးတွေ့ ရှိ ခဲ့သည့် လူသတ်မှုပုံစံမှာ ယခင်လူသတ်မှုများနှင့် ဆင်တူသည် ဟု စုံစမ်း စစ်ဆေး ရေးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
ပီနန်ပြည်နယ် တွင် မြန်မာနိုင်ငံ သားများ အသတ်ခံနေရခြင်းမှာ မြန်မာနိုင်ငံရှိ ဘာသာရေး ပဋိပက္ခ များကြောင့်ဖြစ်သည်ဟု မလေးမေးလ် သတင်းစာ က စက်တင်ဘာလ တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ဖူးပါသည်။
လူသတ်မှုများအား စုံစမ်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရသဖြင့် ရုံးချုပ်သို့ အကူအညီတောင်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ဇန်န၀ါရီက စတင်ခဲ့သည့် လူသတ်မှု များနှင့် ပတ်သက်၍ ဖမ်းဆီးမှု များ မရှိသေးဘဲ ဓား အများအပြား ကိုမူ တွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
KHTun
Ref - Malay Mail
The Ladies News JOurnal
NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
မလေးရှားနိုင်ငံ ပီနန်တွင် လည်ပင်းလှီးဖြတ်၍ အသတ်ခံထားရသည့် မြန်မာ လူမျိုးဟု ယူဆရသည့် အလောင်း တစ်လောင်းအား စနေနေ့ညက တွေ့ရှိခဲ့ပြီး ထိုသို့ အသတ်ခံ ရသည့် ၁၇ ဦးမြောက် လူသတ်မှုဖြစ်သည်။ မြန်မာလူမျိုး တစ်ဦးဖြစ်ဟု ယုံကြည်ရသော အလောင်းအား ဆင်ပန်အမ်ပတ်မြို့ နေ့ကလေးထိန်း ကျောင်း တွင် တွေ့ခဲ့ခြင်းဖြစ်သည်။
ယခု လူသတ်မှုပုံစံမှာ ယခုနှစ်အတွင်း ပီနန်ပြည်နယ် တွင် အသတ်ခံခဲ့ရ သည့် မြန်မာနိုင်ငံသား ၁၆ ဦး သတ်ဖြတ်ခံရသည့် ပုံစံနှင့် တူညီသည်ဟု ပီနန်ရဲတပ်ဖွဲ့မှ ဆိုသည်။
ရဲတပ်ဖွဲ့က ယခုလူသတ်မှုမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခ များနှင့် မသက်ဆိုင်ဟု အလျှင်အမြန်ပြောကြားခဲ့သော်
သေဆုံးသူထံတွင် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မတွေ့ရဘဲ မည်သူ မည်ဝါဖြစ်သည်ကို သိရှိနိုင်ရန် အလွန်ခက်ခဲကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ နေရာတွင် ပုပ်ဆော်နံနေကြောင်း ည ၁၀ နာရီခန့် တွင် အကြောင်း ကြားမှု ရရှိခဲ့သည် ဟု ပြည်နယ်စီအိုင်အေအကြီးအကဲ မဇ်လန်ကီးရှား က ဆို သည်။ ၎င်းက “အလွန်ပုပ်ပွနေတဲ့ အလောင်း ၁ လောင်းကို သတင်းစာ စက္ကူနဲ့ ထုပ်ပိုးပြီး သေတ္တာပုံးတွေနဲ့ ကာထားတာကို တွေ့ ရပါတယ်။
သေဆုံးသူဟာ တီရှပ်နဲ့ အားကစားတစ်စုံ ၀တ်ဆင်ထားပြီး အသက် ၃၀ ကျော်ရှိပြီလို့ ယုံကြည် ရကာ လွန်ခဲ့တဲ့ ၄၈ နာရီက အသတ်ခံထားရတာလို့ ခန့်မှန်းထားပါတယ်” ဟု ပြောကြားခဲ့ သည်။ သေဆုံးသူ၏ လည်ပင်းအား လှီးဖြတ်ထားပြီး ဦးခေါင်း တွင် ဒဏ်ရာ ၄ ခုတွေ့ရသည်ဟု ဆိုသည်။ စက်ရုံအလုပ်သမား အများစုဖြစ်သော မြန်မာနိုင်ငံသား ၁၆ ဦး အသတ်ခံရ သည့် အမှုများတွင်လည်း ထိုအတိုင်းတွေ့ခဲ့ရသည်။
၎င်းက “ဒီအမှုတွေဟာ သူတို့နိုင်ငံက ပဋိပက္ခတွေနဲ့ ဆက်စပ်ကြောင်း မတွေ့ရ ပါဘူး။ ဒီ လူသတ်မှုတွေရဲ့ အကြောင်းရင်းကို စုံစမ်းနေပါတယ်” ဟု ပြောကြား ခဲ့သည်။ ယခင် လူသတ်မှု ၁၆ မှုအား စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မလေးရှား ရဲတပ်ဖွဲ့ ရုံးချုပ်သို့ အကူအညီတောင်းခံထားသည် ဟု ဆိုသည်။ နောက်ဆုံးတွေ့ ရှိ ခဲ့သည့် လူသတ်မှုပုံစံမှာ ယခင်လူသတ်မှုများနှင့် ဆင်တူသည် ဟု စုံစမ်း စစ်ဆေး ရေးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
ပီနန်ပြည်နယ် တွင် မြန်မာနိုင်ငံ သားများ အသတ်ခံနေရခြင်းမှာ မြန်မာနိုင်ငံရှိ ဘာသာရေး ပဋိပက္ခ များကြောင့်ဖြစ်သည်ဟု မလေးမေးလ် သတင်းစာ က စက်တင်ဘာလ တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ဖူးပါသည်။
လူသတ်မှုများအား စုံစမ်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရသဖြင့် ရုံးချုပ်သို့ အကူအညီတောင်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ဇန်န၀ါရီက စတင်ခဲ့သည့် လူသတ်မှု များနှင့် ပတ်သက်၍ ဖမ်းဆီးမှု များ မရှိသေးဘဲ ဓား အများအပြား ကိုမူ တွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
KHTun
Ref - Malay Mail
The Ladies News JOurnal
NAY ZAW LIN1 @ နေဇော်လင်း1
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/
0 comments:
Post a Comment