Home » , » မလေးရှားနိုင်ငံမှ မြန်မာများ (TAXI) စီးရင် သတိထားကြပါ

မလေးရှားနိုင်ငံမှ မြန်မာများ (TAXI) စီးရင် သတိထားကြပါ

Written By မောင်စေတနာ on Saturday, July 5, 2014 | 10:59:00 AM

 


ကိုတာရာယာ  ကုန်တိုက်ကတော့ ကျနော်တို့ လူမျိုးတွေအတွက် တကယ့်ကို ကောင်း ကျိုးမပေးတဲ့နေရာတစ်ခုပါပဲ။ အဲဒီကုန်တိုက်ထဲ   ကဖုန်းဆိုင်၊ ဆံပင်ညှပ်ဆိုင် ကအစ ကုန်တိုက်ရှေ့ က တက်စီ အဆုံး အားလုံးလိုလို လူလိမ်   လူညစ်တွေချည်းပါပဲ။ 

ဒီနေ့လည်း ကျနော်မြန်မာ   သံရုံးသွားပြီး        ပတ်စပို့ သွားလျှောက်ရင်း မြန်မာ   တစ်ယောက် ကုန်တိုက်ရှေ့ ငှားစီးလာတဲ့ တက်စီ   သမားက လိမ်တာခံခဲ့ရပုံကို ပြောပြလို့ စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ အဲဒီမြန်မာ   တစ်ယောက်က မြန်မာသံရုံးကို ပတ်စပို့ လာလျှောက်ဖို့အတွက် pj (ပီဂျေ) ကနေ မြို့ ထဲကို လာပါတယ်။

ပြီးတော့ မှ ကိုတာရာယာ ကုန်တိုက်ရှေ့ ကနေတက်စီငှား ပြီး သံရုံးကို လာပါတယ်။တက်စီမောင်းတဲ့သူက အိန္ဒိယားကုလားပါတဲ့။တက်စီငှားစီး လာပြီးခဏကြာတော့ ကုလားက စကားစပါတော့တယ်။သူ့တက်စီက အဖြူကောင်တွေ စီးတဲ့တက်စီမို့ ဘာဖြစ်ဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ၂၉၉ တောင်းပါတယ်တဲ့။အမှန်တ ကယ်ဆိုရင်မြို့ ထဲကနေ မြန်မာသံရုံးကို အများဆုံးပေးရရင် မလေးငွေ ၃၀ ပေါ့ဗျာ။ ကုလားက မင်းမပေးဘူးဆိုရင် ရဲစခန်းကို တိုင်မယ်တော့  မယ်တွေ ဖြစ်ကုန်ရော။ 

အဲဒါနဲ့ မြန်မာအကို က ဆက်  မစီးတော့ဘူး ရပ်ပေးတော့ လို့ ပြောတော့ သူ့လူတွေကို ဖုန်းဆက်   တယ်လို့ ပြောတယ်။ပြီးတော့ စုစုပေါင်း ၆၀၀ ကျတယ်လို့ ပြောတယ်။အဲဒီအကို ကလည်း မလေးရှားရောက်တာ မကြာသေးတော့    မလေးစကားကောင်းကောင်းနားမ လည်သေးဘူး။ တက်စီမောင်းတဲ့   ကုလားကလည်း မလေး   စကားနားမလည်မှန်းသိ တော့ပိုပြီးဖြဲတော့တာပေါ့။   အဲဒါနဲ့မြန်မာ   အကိုကလည်း   သူညစ်ပြီးတောင်းနေတယ်ဆိုတာ ကို သိပေမယ့် ကြောက်ပြီး ၆၀၀ ပေးခဲ့ရတယ်တဲ့။    

အဲဒီလိုပြောပြီး ပတ်စပို့လုပ်ဖို့ အတွက်ကျန်တဲ့၁၅၀ ကို ကိုင်ပြီး လောက်ပါအုံးမလား အကို ဆိုပြီးမေးတဲ့သူမျက်နှာကို ကြည့်ရင်းစိတ်မကောင်းဖြစ်မိရုံကလွဲပြီး ဘာတတ်နို်င်မှာလဲ။ အဲဒီလိုတွေ မဖြစ်ရအောင် ရွှေညီအကို တို့ ရေ ခရီးသွားမယ်ဆိုလည်း    တစ်ယောက်ထဲ မသွားတာ   အကောင်းဆုံးပါပဲ။   ကိုယ်ချွေးနဲ့သွေးနဲ့ ရင်းပြီးစုထားတဲ့ပိုက်ဆံလေး တွေ အချိန်ပိုင်းလေးအတွင်းမှာ အကုန်ကုန်သွားနို်င်ပါတယ်။  

တက်စီငှားတဲ့အခါ ကျရင်လည်း သတိထားငှား  ထားကြပေါ့ဗျာ။  တက်စီပေါ်ရောက်ပြီဆိုတာနဲ့ တက်စီနံပါတ်ကို မှတ်ထားပါ (အပန်းမကြီးပါဘူး)။ အဲဒီအချိန်မှာ  ကိုယ်ရဲ့ဘာသာစကားကို မပြောတာ  အကောင်းဆုံးပါပဲ။ သူငယ်ချင်းတွေကိုလည်း ကိုယ်တက်စီနံပါတ်ဘယ်လောက် နဲ့ဘယ်နေရာကနေစီးလာတယ် ဆိုတာကိုဖုန်းကနေ  စာပို့ထားရင်  ပိုကောင်းပါတယ်။

တက် စီသမားကမဟုတ်တာလုပ်ရင်မှတ်ထားတဲ့ တက်စီနံပါတ်နဲ့ ရဲစခန်းမှာ အမှူ့ဖွင့်လို့ ရတာပေါ့။  အဲဒီလိုပြသနာတွေမဖြစ်ရအောင်  အစစအရာရာ   သတိကြီးစွာနဲ့   သွားလာနေထိုင် ကြရန်မေတ္တာရှေ့ထားပြီးရေးသား   လိုက်ရပါတယ်။ မိသားစုနဲ့ခွဲခွာပြီးတိုင်း    တစ်ပါးမှာ အလုပ်လုပ်နေကြရတဲ့ ရွှေညီအကိုမောင်နှမများ ဘေးဘယာ ဝေးကွာပြီး လုပ်ငန်းကိုင်ငန်းများ အဆင်ပြေကြပါစေကြောင်း ဆုတောင်း မေတ္တာပို့်သလိုက်ပါတယ်။ 

 စိုးလွင် - (04.07.2014)

ကိုစိုးလွင် (မလေးရှား) ပေးပို့သည်။ 

စာဖတ်သူ မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အခုလို ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို အခြားသူများ လိုက်နာ ဆင်ခြင် ဗဟုသုတရစေရန် အတွက် ရေးသားပေးပို့နိုင်သည်။ 

နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။