Home » , » မလေးရှား လေယာဉ်ပျက် စုံစမ်းရေး အဖွဲ့ကို ဝင်ခွင့်ပြုမယ်

မလေးရှား လေယာဉ်ပျက် စုံစမ်းရေး အဖွဲ့ကို ဝင်ခွင့်ပြုမယ်

Written By မောင်စေတနာ on Friday, July 18, 2014 | 10:22:00 PM

 

ယူကရိန်း အရှေ့ပိုင်းမှာ ကြာသပတေးနေ့က ပစ်ချ ခံခဲ့ရတဲ့ မလေးရှား လေကြောင်းပိုင် MH17 ခရီးသည်တင် လေယာဉ်ရဲ့ အပျက် အစီးတွေကို သွားရောက် စုံစမ်း စစ်ဆေးဖို့ အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေး သူတွေကို ဝင်ရောက်ခွင့် ပြုမယ်လို့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေက ပြောလိုက်ပါတယ်။ 

အမ်စတာဒမ် ကနေ ကွာလာလမ်ပူကို ပျံသန်း လာတဲ့ လေယာဉ်ဟာ ယူကရိန်း သူပုန်တွေ ထိန်းချုပ် ထားတဲ့ နယ်မြေအတွင်းမှာ ပစ်ချခံရပြီးနောက် လေယာဉ် ပေါ်ပါသူ ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတာပါ။

ဥရောပ လုံခြုံရေးနဲ့ ပူပေါင်း ဆောင်ရွက်ရေး အဖွဲ့ ကတော့ သူတို့ရဲ့ စစ်ဆေးရေး အဖွဲ့တဖွဲ့ ဒီကနေ့ သောကြာနေ့ နှောင်းပိုင်းမှာ လေယာဉ် ပျက်ကျတဲ့ နေရာကို ရောက်ရှိမယ်လို့ ပြောပါတယ်။ 

အခုလို သူပုန်တွေက စစ်ဆေးရေး အဖွဲ့တွေကို ဝင်ရောက်ခွင့် ပြုခဲ့ပေမယ့် ယူကရိန်း အစိုးရ တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေမှုတွေကိုတော့ ရပ်စဲမှာ မဟုတ်ကြောင်း ယူကရိန်း သူပုန် ခေါင်းဆောင် တဦးက ပြောပါတယ်။ 

မူရင်း- http://www.bbc.co.uk/burmese/world/2014/07/140718_ukraine_malaysia_investigators_allowed.shtml 

Admin 
Nay Zaw Lin1 @ နေဇော်လင်း 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။