Home » , , , » ဇူလိုင်လ ၁၉ ရက်နေ့ အမှတ်တရ (အာဇာနည်နေ့ အထိမ်းအမှတ်)

ဇူလိုင်လ ၁၉ ရက်နေ့ အမှတ်တရ (အာဇာနည်နေ့ အထိမ်းအမှတ်)

Written By မောင်စေတနာ on Friday, July 18, 2014 | 10:39:00 PM





၆၇ နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အားလုံးကိုကို အလေးပြုလိုက် ပါတယ်။ လူသာ သေသွားသော်လည်း နာမည်မသေပဲ မြန်မာလူမျိုးတိုင်းရဲ့ ရင်ထဲက ဖခင် သူရဲကောင်းများကို ဂုဏ်ပြုလိုက်ပါတယ်။

ဇူလိုင်လကို ရဲဝင့်သူများသာပိုင်သည်။

ကျုပ်တို့ဆီမှာတော့
အလေ့ကျမှိုမဟုတ်
ပါဖောမင့်မှိုပွင့်တွေကများ
ဆေးထိုးခံထားတဲ့သစ်သီးကျ
ဈေးကြီးပြန်ရော
ရောဂါထူပြောတဲ့ လောကမှာ
ကျုပ်တို့ပြည်မှ
နလံထတောင် ဖြစ်ခွင့်မရ
လကွေးကေွးက နမ်းပေမယ့်
ည မအေးချမ်း
အသဲကွဲနေတဲ့
မြိ့ပြနိုင်ငံမှာ
အမှိုက်သရိုက်ဆန်သူတွေပဲ
ကြီးစိုးတယ်
ဆွံ့အနားမကြားကျောင်းမှာ
ဘယ်သူခေါင်းလောင်းထိုးတာလဲ
ရှေ့မတိုးရဲသူတွေကို
အပြောင်းလဲတရားမှာ
ချန်ထားခဲ့တာ
တရားတယ်။
မုတ်သုန်က တိုးဝှေ့
အချိုးအကွေ့ကို
တက်နဲ့လှော်
လမ်းပေါ်မှာ မိုးစက်နဲ့
မျက်ရည်နှော
ဒီဇူလိုင်ဟာ
ရဲဝံ့သူသာပိုင်ဆိုင်တယ်
ထလည်းထကြွတယ်
လှလည်းလှပတယ်။
အဲ့ဒီလမှာပဲ
အသိုက်ပြိုတဲ့
ငှက်တွေဟာ
မျိုးဆက်သစ်တွေ မွေးဖွားမြဲ

ထာဝရလေးစားသော
ရွှေအိမ်စည်

အဆိုတော် လေးဖြူရဲ့ အဖေသီချင်းလေးကို နားထောင်ကြည့်ပါ။



နေဇော်လင်း

(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား)

♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪
Share this article :

2 comments:

ထွန်း said...

spider man2 ကြည့်မရဘူးဖြစ်နေလို့ဒေါင်လို့ရအောင်အသစ်ပြန်တင်ပေးပါခင်ဗျာ

ထွန်း said...

dg

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။