မလေးရှားမှာ ဖုန်းလုတယ် ပိုက်ဆံတောင်းတယ် ဆိုတာ အိန္ဒိယတွေ အင်ဒိုနီးရှား တွေဖြစ်ပေမဲ့ အခုဆိုရင် တော်တော်ဆိုးနေပြီး
အသားထဲက လောက်ထွတ်တဲ့ ကိုရွှေ ကိုတွေများနေပါပြီ သူငယ်ချင်းတို့ .....
တကယ်ကို ရင်နာစရာ ကောင်းပါတယ်။
မြန်မာလူမျိုးဆိုတဲ့ ဂုဏ်ကို ညစ်နွမ်းအောင် ပြုလုပ်နေတဲ့ ကိုရွှေတစ်စု ကေအယ်လ်မှာ အရမ်းကို သောင်းကျန်းနေတယ်ဗျာ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ ဇာတ်လမ်းလေး ပြောပြပါရစေဗျာ ဖြစ်ပုံကတော့ဒီလိုဗျ။ ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်း
တစ်ယောက်ရဲ့မင်္ဂလာဆောင် လာကြတယ်။
မင်္ဂလာဆောင်ပြီးလို့ သူနေတဲ့ ကပုန်းကို အပြန်ကေအယ်လ် ကားဂိတ်အရောက်မှာ
သူ့နားလေးကို မြန်မာတစ်ယောက် ရောက်လာပြီး ညီလေးအကို ကိုဖုန်းခဏ ငှားပါလားလို့ ပြောတယ်။
သူငယ်ချင်းကလဲ ဖုန်းမပါဘူးလို့ လိမ်ပြောလိုက်တယ်။ ဖုန်းတောင်းမရပြန်တော့ ပြန်စရာလမ်း စရိတ်ပြတ်နေလို့ ၁၀
လောက်တောင်းပြန်ရော သူငယ်ချင်းကလဲ သူ့မှာ ၂၀ပဲပါ ကြောင်းပြောလိုက် တယ်။
ဒါနဲ့ဟိုလူကသူ့ကောင်တွေ ပြောတယ်
နောက်မြန်မာ လိုပြောပြန်ရော။ ကျန်တဲ့ကောင်တစ်ယောက်က ကိုဖုန်းဆက်လိုက်တယ်။ မပေးရင် ဘာဖြစ်သွားမယ်ဆိုတာ
သိလား ၊ မပေးရင်ဖိုက်တင် ချမလား။
ဘာလားပေါ့ ... ပထမပိုင်းတော့ မလေးလိုတွေ သူနဲ့မနီးမဝေးမှာ ရှိတဲ့သူ့အဖွဲ့ကလဲရောက်လာတယ် ပေါင်းလိုက်တော့
သူတို့ ၅ ယောက်ဖြစ်သွားတယ်။ သူငယ်ချင်းကို ပြောတယ် ဖုန်းနဲ့ပါတဲ့ ပိုက်ဆံသူတို့ကိုပေးလို့ တောင်းတယ်။
ဘောင်းဘီထဲက ဖုန်းကိုယူပြီး ပြေးသွားတယ်။
သူငယ်ချင်းနဲ့ ကေအယ်လ်မှာ လမ်းခွဲအပြီးမှာ ဖြစ်တာပါ ...
ဒါနဲ့ အိမ်ပြန်ရောက်လို့ သူငယ်ချင်း အိမ်ပြန်ရောက်ပြီလား သိချင်တာနဲ့ အတူနေတဲ့အဖော် သူငယ်ချင်းရဲ့ဖုန်းကို
ခဏ ငှားဆက်တယ်။
ဒါပေမဲ့ဖုန်းက ဆက်မရ နောက်ထက် သူငယ်ချင်းနဲ့ အတူနေသူကို ဆက်လိုက်မှရတယ်။ မင်းဖုန်းကိုဘာလို့
ဆက်မရတာလဲလို့ အကျိုးအကြောင်းမေးကြည့်တော့ သူလဲ မင်းလမ်းခွဲပြီးအပြန် လမ်းကြားလေးတစ်ခုမှာ ဖုန်းနဲ့ပိုက်ဆံတွေ
အလုခံရကြောင်းပြောတယ် စီးလာတဲ့ဖိနပ်ကို တောင်ချွတ်ပေးလိုက်ရကြောင်းပြောပြတယ်။
ဒါနဲ့ သူငယ်ချင်းက မင်းကိုလုတဲ့ ကောင်တွေရဲ့ပုံဆန်ကိုပြောပါလားဆိုတော့ လုလိုက်တဲ့ ကိုရွှေတွေပဲဖြစ်နေကြောင်း
သိရပြန်ရော ဘယ်လောက်တောင် မိုက်ရိုင်းလိုက်တဲ့ ကောင်တွေလဲဆိုတာ သူငယ်ချင်းတို့ တွေးကြည့်ပါတော့ဗျာ...
ကဲ ... ဒီလိုအဖြစ် အပျက်တွေကြားရ ပြန်တော့ရှက်လဲ ရှက်မိပါတယ်ဗျာ။
မြန်မာ လူမျိုးတွေ လုနေကြပြီ ဆိုတာ မလေးရှားရောက် သူငယ်ချင်းတွေ အနည်းနှင့် အများတော့ သိကြမှာပါ။
မလေးရောက် ရွှေမြန်မာများ ဆင်ခြင်နိုင်ရန်အတွက် ကျွန်တော်ရဲ့ကိုယ်တွေ့ လေးကို ရေးသားခြင်း ဖြစ်ပါသည်။
(((( ကိုဇော်ဇော်မင်း (မလေးရှား) မှ ပေးပို့ပါသည်။ ))))
အထက်က ရေးထားသလိုပါပဲ ကေအယ် လိုနေရာမျိုးမှာ ကိုယ်နဲ့ မသိတဲ့သူတွေ မိမိကို လာခေါ် လာမေးတဲ့အခါမှာ
တတ်နိုင်လောက် လူများနဲ့နေရာ တွေမှာပဲ ပြန်ပြောပြပါ။ လူမရှိသော လမ်းကြားလိုနေရာမျိုးမှာ နာမည်မေးသလိုလိုနဲ့
ဓားပြတိုက်တာ ခံရတတ်ပါတယ်။
တတ်နိုင်ရင် အပြင်သွား လာပါက တစ်ယောက်တည်း မသွားပဲ သူငယ်ချင်းများ
အဖော်များနှင့် သွားသင့်ပါသည်။
တစ်နေ့ကပဲ ကေအယ်ကို ကျွန်တော်ရောက်တော့ ည ၇ နာရီလောက်အိမ်ပြန်ဖို့ ကျွန်တော်ကားစောင့်နေတုန်း
သူစိမ်း တစ်ယောက် ကျွန်တော့် အနားကို လာပြီး မင်းက မြန်မာလားတဲ့ ကျွန်တော်ကို လာမေးပါတယ်။ ကျွန်တော်က
သူပြေတာ နားမလည်သလို လုပ်ပြီး နေလိုက်တယ်။ နောက်တစ်ယောက် ထပ်ပြီးသွားမေးနေ့ နောက်ထပ် တစ်ယောက်က
မြန်မာပါ လို့ပြောလိုက်တော့ အဲဒီလူက အစ်ကိုရယ် ကျွန်တော်ကို နည်းနည်းလောက် ကူညီပေးပါ။
ကျွန်တော် အိမ်ပြန်ဖို့ ဘတ်စ်ကားခ လိုနေလို့ ကူညီပေးပါလို့ပြောနေတော့ အပြောခံရသူက ငွေတစ်ဆယ်
ထုပ်ပေးနေတုန်း ပိုက်ဆံအိမ်ကို လုပြီး ထွက်ပြေးသွားပါတယ်။ အလုခံရသူကလည်း သူကတကယ် ကူညီပေးတာ
အဲဒီလို လုပ်သွားတယ်လို့ ပြောမဆုံးတော့ဘူး ဒါနဲ့ ကျွန်တော်ကပဲ အိမ်ပြန်ဖို့ ဘတ်စ်ကားခ ပေးပြီးကူညီလိုက်ပါတယ်။
မလေးရှားမှာ အပြင်သွားရင် သတိထား သွားလာကြပါဗျာ။
အဝေးရောက် မြန်မာများ ဘေးရန်ကင်း အဆင်ပြေဖို့ ရည်ရွယ်ရင်း တင်ပြအပ်ပါသည်။
စာဖတ်သူ မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် အခုလို ကိုယ်တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို
အခြားသူများ လိုက်နာ ဆင်ခြင် ဗဟုသုတရစေရန် အတွက် ရေးသားပေးပို့နိုင်သည်။
နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free Facebook Page - https://www.facebook.com/nayzawlin17
0 comments:
Post a Comment