Home » , » မြန်မာဆိုင်မှ ငွေလွှဲမယ်ဆိုရင် သတိထားဖို့

မြန်မာဆိုင်မှ ငွေလွှဲမယ်ဆိုရင် သတိထားဖို့

Written By မောင်စေတနာ on Thursday, June 5, 2014 | 1:42:00 PM


မင်္ဂလာပါ အစ်ကို ............ အပန်းမကြီးရင် ဒီသတင်းကို လူအများသိအောင် ဖြန့်ပေးပါ။ 

ကျွန်တော်တို့က Shalam အပိုင်ထဲ စက်ရုံ အလုပ်သမားတွေပါ လစာထွက်လို့ ပိုက်ဆံလွှဲရင် Klang ကမြန်မာဆိုင်တွေမှာ လွှဲပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ကလန်း မြန်မာဆိုင် ..... မှာပဲလွှဲပါတယ်။ 

အရင်က ဘာပြသနာမှ မရှိပေမယ့် ပြီးခဲ့တဲ့လက ကျွန်တော် နှစ်လပေါင်းပြီး ပိုက်ဆံ ရင်းဂစ် ၃၅၀၀ လွှဲလိုက်တာ အိမ်ကိုပိုက်ဆံ အပြည့်မရောက်လို့ ဆိုင်ကိုသွားမေးတော့ ကျွန်တော် လွှဲတဲ့ ပိုက်ဆံထဲမှာအတု၂၀၀ ပါလာတယ်လို့ ဆိုင်ကပြောတယ်။ 

အတုပါတယ် ဆိုရင် ကျွန်တော် လွှဲတုန်းက ခင်ဗျားတို့ပဲ ပိုက်ဆံစစ်တာ အဲဒီ့တုန်းက ဘာလို့ မပြောလဲလို့ ပြန်မေးတော့ .... 

ကျွန်တော့်ကို ဒေါသတကြီးနဲ့ ငါတို့ ပိုက်ဆံ၂၀၀နဲ့ မလိမ်စားဘူး .... မင်းပြသနာ တက်သွားချင်လား ရဲခေါ်ရှင်းမလားဆိုပြီး လူတွေကြားထဲမှာ အော်ဟစ်ပြီး ပြောပါတယ်။ ကျွန်တော်လဲ ပြသနာတွေရှည်မှာ ဆိုးလို့ ဒီတိုင်းပဲ လှည့်ပြန်ခဲ့ပါတယ်။ 

ကျွန်တော့် ပိုက်ဆံထဲမှာ အတုတကယ်ပါ မပါတော့ ကျွန်တော် မသိဘူး သေချာတာ တစ်ခုကတော့ ........... အဲ့ဒီနေ့က ကျွန်တော့် ပိုက်ဆံအကုန်လုံးက ဘဏ်ကဒ်နဲ့ ဘဏ်ထဲက ထုတ်လာတဲ့ ပိုက်ဆံတွေပါ။ နောက်တစ်ပါတ် လောက်နေတော့ တစ်ခြားစက်ရုံက ကျွန်တော့် သူငယ်ချင်း တွေကို ပြောပြတော့ သူတို့ စက်ရုံက လူတွေလဲ အဲ့လိုဖြစ်တယ်လို့ ပြောပါတယ် ။။။။။ 

အဲဒါကြောင့် တစ်ခြားလူတွေလဲ ကျွန်တော်တို့လို မဖြစ်ရအောင် သိစေချင်လို့ အစ်ကိုကနေ ကူညီပြီး ဒီသတင်းကို တင်ပေးပါ။ 

ဒီသတင်းကို Coffee Love (Shalam) မှ ပေးပို့လာပါတယ်။ မြန်မာတွေ အတွက် တကယ်ကိုသိထားသင့်သော သတင်း ဖြစ်ပါတယ်။ 

ကလန်းမှ မြန်မာဆိုင်များ နာမည်ပျက်မှာ စိုးရိမ်သဖြင့် ဆိုင်နာမည် ကျွန်တော် ဖြုတ်ထားခဲ့တာကို နားလည်ပေးပါ ခင်ဗျာ။ 

........... ငွေလွှဲရင် သတိထားသင့်သော အချက်များ .......... 

 ၁။ တစ်ကြိမ်တည်း အများကြီး မလွှဲသင့်ပါ။ 

၂။ ငွေလွဲသော ပိုက်ဆံ နှင့် ဘောင်ချာများကို သေချာစစ်ဆေးပါ။ 

၃။ အခုလတ်တလော ပိုက်ဆံအတု ပြောပြီး ငွေလိမ်နေသူ များနေသဖြင့် ငွေများကို အတု ၊ အစစ် သေချာ စစ်ဆေးပါ။ 

၎။ မိမိနှင့် ရင်းနှီးသော မြန်မာဆိုင်များ နှင့် အသိမြန်မာဆိုင်များ စိတ်ချရသော မြန်မာဆိုင်များ ၊ ဘဏ်များမှ တစ်ဆင့် ငွေလွှဲကြပါ။ 

၅။ ပြသနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက နားလည်သော သူများနှင့် တိုင်ပင် ဆွေးနွေးပြီး ပြုလုပ်ဆောင်ရွှက်ပါ။ 

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အလုပ်အကိုင်များ အဆင်ပြေပြီး မိမိတို့ မိသားစု အိမ်သို့ ငွေပို့ နိုင်ကြပါစေ။ လိုရာ ဆန္ဒပြည့်ဝကာ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ။။။။။ 

 နေဇော်လင်း (O R M M) 

Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nayzawlin15
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။