***** ညီလေးတို့ရွာ ( ၄ ) *******
(ယောဒေသ လက်ပန်းရွှာမှ ကျေးလက် သာဘာဝ ဗဟုသုတ ဆိုင်ရာ)
နေညိုချိန်……… တိမ်တောက်တဲ့ အခါ
ရွာ ……… လမ်းနဘေးမှာ
စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ ……
သီချင်းလေး တစာစာ မရောက်တာကြာပြီ ..........
မတွေ့တာကြာပြီ ... သတိရလိုက်တာ စာဥရေ ………
ကျနော် ရေမထမ်းရတာ ပြီးခဲ့တဲ့ လေးလလောက်က ရွာကို ပြန်တဲ့ အချိန်မတိုင် ခင်ထိ ဆိုရင်
ရှစ်နှစ်ကျော်ကျော်လောက်ပေါ့။ ပြန်သွားလည်တဲ့အချိန်မတော့ ကြီးကြီးဖြစ်သူ (ကြီးဒေါ်)ဆုံးတော့
သူ့အိမ်မှာ နာရေး ဝေယျာဝစ္စကူရင်း ရေမလောက်တော့ ကူထမ်းရတာပေါ့ဗျာ။
ရေရထမ်းရတာဆိုလို့ အိမ်ဝိုင်းထဲမှာ တူးထားတဲ့ ရေတွင်းကနေ အဆင်သင့်ခပ်ပြီး
သုံးရတာ မဟုတ်ပါဘူး။
ကျနော်တို့ ယောဒေသရဲ့ ရွာတွေမြို့တွေ တည်ဆောက်ပုံ အတိုင်း
ချောင်းရေနဲ့ လွတ်ကင်းရာ တောင်ကုန်း တောင်ထိပ်တွေမှာ တည်ဆောက်ထားလေတော့
ဘိုးစဉ်ဘောင်ဆက် ရေအသုံးပြုလိုက ရွာကနေ ချောင်းကမ်းနားစပ် ရေတွင်းရှိရာကို
သွားခပ်ရတာပါ။
ချောင်းကမ်း ဝေးရာ ရွာအရှေ့ပိုင်းက လူတွေဆို တစ်မနက်ကို ရေခပ်တာရယ်
ထမင်းဟင်းချက်တာရယ်က တစ်မနက် မလောက်လှဘူးလေ။
ဘာလို့လဲဆိုတော့
ရေခပ်ရတာ အလှမ်းဝေးတာရယ် ဒေသဓလေ့တိုင်း တစ်နေ့စားဖို့တစ်နေ့ဖန်တီးယူရတဲ့
ဟင်းလျာရှာဖွေရတာရယ် ... ပြီးတော့ ရွာဦးကျောင်းကို ၁၀နာရီ အုန်းမောင်း
မခေါက်သေးခင်အမှီ ပို့နိုင်အောင် နေ့ဓတူဝ လည်ပတ်နေရတယ်လေ။
အမြန်လုပ်ရင် အချိန်ရပါတယ်လို့ထောက်စရာရှိပါတယ်။ ဒီလိုဗျ………
အရွယ်ရှိလုပ်နိုင်ကိုင်နိုင် သားသမီးတွေက အကုန်အလုပ်ထလုပ်ရတော့ အိမ်က အဖိုးကြီး
အဖွားကြီးတွေက နောက်ပိုင်းဇာတ် ကရတော့တာပေါ့။
ခလေးတွေမြေးတေေု ချော့တစ်ခါ
ခြောက်တစ်လှည့် ရေခပ်ကူခိုင်းကြရတယ်။
ကျနော်တို့ ဒေသက ခလေးတွေဟာ စဉ်ဆက်မပြတ် ပြောစရာမလိုပဲ သိနေတဲ့
အသိတစ်ခုရှိတယ်။ မနက်စောစော စာထဖတ်လိုသူကဖတ် ကျောင်းမသွားခင်
အဖေအမေတို့ အဖိုးဖွားတို့ ရေသုံးဖို့ အပြေးတစ်ကော ခပ်ပေးရမယ်။
ကျောင်းဆင်း တာနဲ့ ကိုယ်စီရေပုံးလေးတွေ ဆွဲပြီး မိန်းခလေးတွေဆိုက ပုံပါအတိုင်း
ခေါင်းရွက်ကလေးတွေ ရေခပ်ဆင်းကြတာ ယဉ်ကျေးမှု့တစ်ရပ်ကိုဖြစ်နေတာ။
မှတ်မိသေးတာပေါ့ ကျောင်းဆင်းရေခပ်ချိန်ဆို ကောင်မလေး လှတပတလေးတွေ
ရေခပ်လာပြီဆိုရင် ဝါသနာအားလျော်စွာ ရေခပ်ချိန် တမင်ဆုံအောင် စောင့်ပြီး
ငမ်းခဲ့ရတာလေ။
ပြန်တွေး ကြည့်တော့ ရီစရာဗျို့ ။ ခုတော့ မယ်မင်းကြီးမတွေ အိမ်ထောင်ကြ
ကုန်ကြပါပြီလေ။ ကိုရင်တို့ပဲ တစ်ဗွေထဲ လန်းလို့ကောင်းတုန်း ဟဲဟဲ ...
(ရှေ့မျက်နှာ နောက်ထားဖတ်ကြပါဗျို့) အမယ် ကိုယ့်ဓလေ့ကိုချစ်ရတဲ့
သူဆိုတော့ ရေတွင်းမတူးနိုင်လို့ တသက်လုံး ပခုံးဂျွတ်ပေါက်အောင်
ရေထမ်းခဲ့ရတာကို လူတွေသာ ပြောင်းအုပ်ချုပ်ကြတယ် ...
မတိုးတက်နိုင်တဲ့ ကိုယ့်နိုင်ငံ အုပ်ချုပ်သူကြီးတွေကို ကြံဖန်
ကျေးဇူးတင်ရမလိုဗျ။
ရွာက အဖိုးပြောသလို ငါတို့ခေတ်ကမှ ဟုတ်တုတ်တုတ်တဲ့ ။ သမဝါယမက ထုတ်ပေးတဲ့
ခွဲတမ်းကျထောက်ပံ့ ကြေးလေးတွေ ဘာတွေနဲ့ အဲခေတ်က ကျုပ်တို့နယ်မှာတော့ စိတ်လက်
ချမ်းသာ ရှာစားဖွေစား ကောင်းတယ်တဲ့ ဗျို့ ။ ခုခေတ်များတော့ တစ်အိမ်လုံးထ
လုပ်တာတောင် နပ်မှန် ရုံလောက်လေ။
တော်သေးတာပေါ့ ရေအလကားခ ပ်လို့ရတယ်။ မီးက ရေနံဆီမီးထွန်း သုံးရင်ဖြစ်သေး။
လသာရက်ဆို လရောင်နဲ့နေတာ။ ရေနံဆီကလဲ အထိုက်လျောက် ငွေကုန်တယ်လေ။
လျှပ်စစ်မီးလား ရှိပါ့ ။
တစ်ရွာလုံးစုငွေနဲ့ ဝယ်မောင်းနေတဲ့ စက်အိုလေး တစ်လုံးရှိတယ်။
ရွာပြန်တုန်းက တစ်ဒေါင်းဒေါင်းနဲ့ ဆောင့်အောင့် ညှစ်ထုတ်နေလေရဲ့။
သူ့တာဝန်ကလဲ ကြီးတယ်လေ။ အိမ်ခြေ ၂၆၀နီးပါးကို ထိန်းထားရတာ။
တော်သေးသာတာပေါ့ ကျောမွဲတွေ ထဲကျင်လည်ရလို့ ဖန်ချောင်းတစ်ချောင်း
စီကလွဲရင် တစ်ချို့ တစ်အိမ်မတော့ တီဗွီလေး ဘာလေးတော့ ရှိတာပေါ့။
ခြုံပြောရင် တစ်ညကို ၃နာရီကြီးများတောင် မီးရတယ်ပေါ့ဗျာ။
စောစောမီးပိတ်တော့ စောစောအိပ်ဖြစ် ကြတာပေါ့လေ။
စောစောထနိုင်တာပေါ့။
ကိုရင်တို့များ ခုတော့ အချိုးပြောင်းပေါ့ ... မနက်မိုးလင်းမှအိပ် နေ့ လည်မှထ
လုပ်ငန်းခွင်ဝင်တယ်။ ဒီပုံစံနဲ့ အမေ့အိမ် ပြန်တော့ မအိပ်ရသေးဘူး မနက်စာစားဖို့ နိုးပါလေရော ။
ဇိမ်ပျက်ချက်တော့ မပြောချင်ပါဘူး။ နေက ဖင်ထိုးနေပီကိုး။ နေ့ခင်း နေ့တာ အိမ်ထဲအိပ်နေရင်
လူကြီးတွေ အယူဆက အိမ်ကျက်သရေ တုံးတာကိုး။ ကျနော်က အဲမှာ အတုံးဖြစ်ရောဆိုပါတော့။
ဒါပေမယ့် ပျော်တယ်ဗျာ။
အမေ့အေးရိပ်ကာ သာယာလှတယ်။
ဘဝဆိုတာ ရုန်းကန် လှုပ်ရှားနေရလေတော့ အခက်တွေ့လေတိုင်း သတိရခဲ့တာ အမေလေ။
အမေ့အရိပ်ကို ခုံလှုံလိုက်ရတယ် ဆိုရင်ပဲ မကြီးနိုင်တဲ့ မေ့သားကြီးဖြစ်တော့တာကိုး ။
ထန်းရာသီနဲ့ တဲ့တဲ့တိုးတော့ ထန်းရေမူးသမား သားကြီးကို အမေ စောင်တွေလာခြုံပေးတာ
မသိချင်ယောင်ဆောင်ပြီး ကျေနပ်နေတာ အမေသိမှာ မဟုတ်ဘူး။
သားက အလုပ်လုပ်နေရတာ ဘယ်က အရက်ဘီယာ သောက်သာမှာတုန်းဆိုတော့
အရိုးခံအမေက ဂရုဏာသက်ပီး တအားမူးအောင်မသောက်နဲ့သား ဆိုတော့ ပါမစ်ရှိပြီလေ
ကဲပြီပေါ့ဗျာ။
ခင်ဗျားတို့လဲ မိဘတွေရှိသေးရင် ခဏတဖြုတ်တော့ရောက်အောင် ပြန်တွေ့ဗျာ။
မယုံမရှိနဲ့ အမေတွေက မူးလဲ ချစ်ပါတယ်ဗျ။ အင်း ခင်ဗျားတို့လဲ ကိုရင်စကားတွေ ဘယ်ရောက်ကုန်လဲ
တွေးနေလောက်တယ်။
သတိရသွားလို့ အမေနဲ့တစ်ခန်းရပ်က အတော် ဈာန်ဝင်သွားတာ ။
ဘဝဆိုတာ ခဏရတာလေ။ ရတဲ့ခဏမှာ အိပ်တာနဲ့ အစားနဲ့ ကိုယ့်ဖို့ဆိုတဲ့ အတ္တတွေနဲ့
အချိန်ကုန်ရတာ နှမြောဖို့ကောင်းတယ်ဗျာ ။ တစ်နေ့တစ်နေ့ တစ်ခုမဟုတ် တစ်ခုလောက်တော့
ကောင်းတာလေးတွေ တွေးပြီး ကောင်းတာလေးတွေ လုပ်ကြရအောင်ပါလို့ နှိုးဆော်ရင်း .......
ကဲ .... အားလုံးမင်္ဂလာပါ ။ ကိုရင်လဲ ဝမ်းစာထွက်ရှာ လိုက်ပါဦးမည်။
Credit - ကိုရင် ဒိပ္ပ
(ညီလေးတို့ရွာ (၅) ကိုဆက်လက် တင်ပေးသွားပါမည်)
တိုးတက်ရောင်ခြည် စာကြည့်တိုက် - လက်ပန်းကျေးရွှာ ၊ ကျောက်ထုမြို့ ၊
ယောဒေသ ၊ မကွေးတိုင်း မှာ တည်ရှိပြီး လက်ရှိ မလေးရှားနိုင်ငံရောက်
ကျွန်တော် သူငယ်ချင်း ဖြစ်သူ ကိုဝဏ္ဏစိုး မှ ဦးစီး ဦးဆောင်ကာ ပြုလုပ်
နေပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း လုပ်အားဒါနအဖြစ် ပါဝင်ပြီး စာကြည့်တိုက်
ဖြစ်မြောက်ရေး အတွက် အဖက်ဖက်မှ ကူညီပေးနေပါတယ်။
အောက်က လိပ်စာလေးကို Like လုပ်ထားပြီး စာကြည့်တိုက်လေး
အတွက် ဝိုင်းဝန်းပါဝင်ပြီး ကုသိုလ်ပြုဖို့ ဖိတ်ခေါ် လိုက်ပါတယ် ခင်ဗျာ .....
https://www.facebook.com/TTYCL ကိုဝင်ရောက်ပြီး
Like ကိုနှိပ်ပါ။ ပြီးရင် Get Notifications ကို တစ်ချက်နှိပ်ပေးပါ။
Admin
နေဇော်လင်း1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nayzawlin15
0 comments:
Post a Comment