Home » , » မလေးရှားမှ ရွှေမြန်မာများ ဖုန်းဝယ်ရင် သတိထားကြရန်

မလေးရှားမှ ရွှေမြန်မာများ ဖုန်းဝယ်ရင် သတိထားကြရန်

Written By မောင်စေတနာ on Tuesday, May 6, 2014 | 4:55:00 PM

 
သူငယ်ချင်းနဲ့ စလန်ဗန်း Termanal (1) ကုန်တိုက်မှာဖုန်းဝယ်ဖို့ သွားကြပါတယ် .... တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ နောက်ဆုံးဆိုင် တစ်ဆိုင်မှာ ကြိုက်တဲ့ ဖုန်းတွေ့တော့ ဈေးညှိကြတယ် .... Sony Phone Memory 2gb အကုန်ပြီးRM 400 နဲ့ ရတယ်ဆိုပြီး ဖြတ်ပိုင်းမှာ ရေးပြီးပိုက်ဆံတောင်းတယ်။ 

ပိုက်ဆံပေးပြီး နောက် မောင်မင်းကြီးသား လူလိမ်ကစာရွက်ယူပြီးနောက်ထပ် Register လုပ်ရမယ် ... ဟိုဟာထည့်ရမယ် ဆိုပြီး ငွေ RM 250 ထပ်တောင်းတယ်။ ကျွန်တော်လဲ ဒေါတထွက်ပြီး ဖုန်းမယူဘူး ပိုက်ဆံပြန်ပေးဖို့  တောင်းတယ် သူကမပေးဘူး ..... 

ဒီမှာ အကုန်ရေးပြီးသွားပြီတဲ့ .... နောက်သူနဲ့ ကျွန်တော်စကားများ ကြတယ်။ နောက်သူငယ်ချင်းက ရန်ဖြစ်မျာဆိုးလို့ မပြောနဲ့ တဲ့ သူတောင်းတဲ့ ပိုက်ဆံထပ်မပေးနိုင်တာနဲ့ နောက်ဆုံး မကောင်းတဲ့ ဖုန်းကို RM 50 ထပ်ပေးပြီးယူခဲ့ ရတယ်။ 

မခံချင်ပေမဲ့သူတို့ လူမျိုးတွေရဲ့ လိမ်လည်မှုကို သိသိနဲ့ ခံခဲ့ရပါတယ်။ အရင်ကလဲ သူငယ်ချင်းတယောက် အဲလိုပဲ ခံခဲ့ရပါတယ်။ မလေးရှားမှ ရွှေမြန်မာများ နောင် ကျွန်တော့်လိုမျိုး အလိမ်မခံရအောင် ဒီစာလေးကို ဖတ်ပြီး အတုယူကြပါ။ 

ကအယ်က ကိုတာရာယာ ကုန်တိုက် မိုင်ဒင်းတွေမှာ ဒီလိုဖုန်းတွေကို လိမ်ညာ ရောင်းပြီး ပိုက်ဆံတောင်းတဲ့ ဆိုင်တွေအများကြီးပါ။ မလေးရှားရောက် ရွေမြန်မာများ ဖုန်းဝယ်ရင် အလိမ်အညာ မခံရအောင် သတိထားကြပါ ခင်ဗျာ ......... 

Online မှ သူငယ်ချင်းများ တစ်ဆင့်စီ ပို့ပေးကြပါ။ 

သန်းကျော်မြင့် (မလေးရှား) မှ ပေးပို့သည်။ 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။