Home » , » ရန်ကုန်သွားမည့် မလေးရှား လေယာဉ် ကားတိုက်ခံရ

ရန်ကုန်သွားမည့် မလေးရှား လေယာဉ် ကားတိုက်ခံရ

Written By မောင်စေတနာ on Friday, May 16, 2014 | 10:39:00 AM

 
မလေးရှားလေကြောင်းလိုင်း (MAS) ရဲ့ကုသိုလ်ကံ ကဆိုးနေတုန်းပါ။ ကွာလာလမ်ပူ လေဆိပ် KLIA မှာ မနေ့က မနက် ၈း၅၀ အချိန် မှာ ရန်ကုန်ကို ပြေးဆွဲတဲ့လေယာဉ် ၇၃၇ တစ်စီးရဲ့ ရင်အောက်ပိုင်းကို ကားတစ်စီး ဝင်တိုက်မိပါတယ်။ 

 လေကြောင်လိုင်းရဲ့ဝန်ထမ်း အသက် ၂၅ နှစ်အရွယ်က ကားကို လေယာဉ်ရဲ့ ဘေးမှာ ကားပါကင်ထိုးတော့ ရပ်နားဂီယာကို မထိုးထား လို့ ကားပေါ်ထည့်ထားတ ဝန်အလေးချိန်ကြောင့် ကားဘီးလိမ့်ပြီး တိုက်မိတယ်လို့ ဆိုပါတယ်။ ကားကို ဆွဲထုတ်မရလို့ ကားဘီး လေရှော့ပြီး ကားကို ဆွဲထုတ်ရတယ်၊ 

ရလဒ်ကတော့ ရန်ကုန်ကို ပြန်/ သွားမယ့် ခရီးသည်တွေ ခရီးစဉ် နှောင့်နှေးရလို့ အခြား 737 လေယာဉ် တစ်စီးကို အစားထိုး လိုက်ရပါတယ်။ 

Src:Thesundaily 

Ref: Tuangpu Siyin (Malaysia) 

နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။