Home » , » မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း

မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း

Written By မောင်စေတနာ on Friday, May 16, 2014 | 10:36:00 AM

 
မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် ကားဝင်တိုက်မိ၍ ခရီးစဉ်ရွှေ့ပြောင်း 

မေ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည့် မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် ကွာလာလမ်ပူလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်ပိုင်းကို ကားတစ်စီးက ဝင်တိုက် မိသောကြောင့် ခရီးစဉ်ရွှေ့ပြောင်းလိုက်ရကြောင်း မလေးရှားလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ 

မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH 370 လေယာဉ် ပျောက်ဆုံးခဲ့ပြီးနောက် မလေးရှားလေကြောင်းလိုင်း၏ နောက်ဆုံးမတော်တဆမှုတစ်ခု ဖြစ်လာခဲ့သည်။ 

ယခု ကားတိုက်ခံရသည့် ဘိုးအင်း ၇၃၇-၈ဝဝ အမျိုးအစားလေယာဉ်ကို အသေအချာ စစ်ဆေးမှုများ ဆောင်ရွက် နေရသောကြောင့် မြန်မာနိုင်ငံသို့သွားမည့် ခရီးသည်များကို အခြား လေကြောင်းခရီးစဉ်သို့ ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။ 

 အဆိုပါလေယာဉ်သည် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၌ ရပ်ထားစဉ် လေယာဉ်၏ ကိုယ်ထည်အောက်ပိုင်းကို ကားတစ်စီးက ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့အင်ဂျင်နီယာတွေက အပျက်အစီးကို စစ်ဆေးဖို့ အဲ့ဒီနေရာမှာ ရှိနေပါတယ်။ အကြိုစစ်ဆေးချက်တွေအရ လေယာဉ်ရဲ့ ဖွဲ့စည်းပုံအပိုင်းကို ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ 

ဒါပေမယ့် စေ့စပ်သေချာတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့လိုအပ်တာကြောင့် လေယာဉ်ကိုဆက်ပြီး ရပ်ထားရတာပါ”ဟု မလေးရှားလေကြောင်းလိုင်း ပျံသန်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး အီဇန်အစ္စမေးက ပြောကြားခဲ့သည်။ 

 သူက ခရီသည်များ လုံခြုံရေးသည် ထိပ်တန်းအဆင့်၌ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။ ဧပြီလကလည်း ၎င်းတို့လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ပျံတက်စဉ် တာယာတစ်လုံး ကွဲထွက်သွားသောကြောင့် ကွာလာလမ်ပူသို့ ပြန်လှည့်ခဲ့ရသည်။ 

Ref : Eleven Media Group 

Admin 
 နေဇော်လင်း 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။