Home » , » မြန်မာအလုပ်သမားများကို ရိုင်းပျစွာဆက်ဆံဟုဆို

မြန်မာအလုပ်သမားများကို ရိုင်းပျစွာဆက်ဆံဟုဆို

Written By မောင်စေတနာ on Tuesday, May 13, 2014 | 1:20:00 PM

 
စစ်ဆေးရေး ဂိတ်တွင် ပိုက်ဆံကောက်ခံ မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာအလုပ်သမားများကို ရိုင်းပျစွာဆက်ဆံဟုဆို စစ်ဆေးရေး ဂိတ်တွင် ပိုက်ဆံကောက်ခံ၍ မရတော့သဖြင့် ထိုင်းလဝကရဲများ မြန်မာ အလုပ်သမားများကို ရိုင်းပျစွာ ဆက်ဆံနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့အစည်းများမှ သတင်း ရရှိသည်။ 

မဲဆောက်-ဘန်ကောက် အဝေးပြေးလမ်း (အာရှလမ်းမကြီး)ရှိ ပထမဆုံး ဟွေဟင်းဖုန်း စစ်ဆေးရေးဂိတ်တွင် အလှူခံပုံးထား၍ မြန်မာ အလုပ်သမားများကို ငွေကောက်ခံ၍ မရတော့သဖြင့် ခရီးသွားမြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ယာယီပတ်(စ်)ပို့များ လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများဖြင့် ထိုင်းလဝကရဲများ ရိုင်းစိုင်းစွာပြုမူ ဆက်ဆံလျက်ရှိကြောင်း သိရသည်။ “မေလ ၅ ရက်က ဒုဝန်ကြီးနဲ့တွေ့ဆုံဖို့ မဲဆောက်-ဘန်ကောက်လမ်းကို ဖြတ်ပြီး ခရီးသွားတယ်။ 

ကျွန်တော့် ပတ်(စ်)ပို့ သက်တမ်းမတိုးထားဘူး ဆိုပြီးတော့ ရှေ့ဆက်မသွားနိုင်အောင် လဝကရဲက တားဆီးလို့ မဲဆောက်ကို ပြန်ခဲ့ရတယ်။ နောက်နေ့မှသာ မဲဆောက်အခြေစိုက် MRPWG က ထိုင်းရှေ့နေတွေကိုခေါ်ပြီး ဂိတ်(စ်)ကိုပြန်ပြီး ကျွန်တော့်ပတ်(စ်)ပို့ကို ပြန်သွားယူခဲ့ရတယ်။ အမှန်မှာ ကျွန်တော့်ရဲ့ ပတ်(စ်)ပို့ စာအုပ်က သက်တမ်း မကုန်သေးပါဘူး။ 

ကျွန်တော့်မျက်စိရှေ့မှာပဲ ပတ်(စ်)ပို့စာအုပ်တွေ လွှင့်ပစ်တာတွေ၊ ဆဲဆိုတာတွေ၊ ဖုန်းပိတ်တာတွေ လုပ်တာကိုလည်း တွေ့ခဲ့ရတယ် ” ဟု မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ 

မဲဆောက်-ဘန်ကောက်လမ်း စစ်ဆေးရေး ဂိတ်များတွင် ထိုင်းလဝကရဲများက မျက်နှာဖုံးစွပ်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ငွေတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ၊ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မဲဆောက်-ဘန်ကောက်လမ်းမှ နေရပ်သို့ ပြန်လာသည့် မြန်မာအလုပ်သမားများကို 

စစ်ဆေးရေးဂိတ်(၇)မှ လဝကရဲများက တစ်ဦးလျှင် ထိုင်းနိုင်ငံသုံးငွေဘတ် ၁ဝဝ နှုန်းဖြင့် ဂိတ်ခုနစ်ခုစလုံးမှ ငွေတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၁၇ ရက်တွင်မူ ကားသုံးစီးဖြင့် နေရပ်သို့ပြန်လာသည့် မြန်မာ အလုပ်သမားများက ငွေညှစ်သည့် ထိုင်းလဝကရဲများကို တားဆီးပိတ်ဆို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

Credit - Eleven Media Group 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။