Home » , » AIRASIA လက်မှတ်အားလုံး KLIA 2 သို့ 9.5.2014 တွင်ပြောင်းမည်

AIRASIA လက်မှတ်အားလုံး KLIA 2 သို့ 9.5.2014 တွင်ပြောင်းမည်

Written By မောင်စေတနာ on Tuesday, May 6, 2014 | 10:34:00 PM

 

(ဒုတိယအကြိမ်) 

မလေးရှား ကွာလာလမ်ပူ LCCT မှပုံမှန်ထွက်ခွာနေသော AK 501,502,503,504 AIRASIA လေကြောင်းများသည် လာမည့် 9.5.2014 မှစတင်ကာ ကေအယ်လေဆိပ်သစ်ဖြစ်သော KLIA2 သို့ ပြောင်းရွေ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည် ။ 

သို့ပါသောကြောင့် ရန်ကုန်မှ 8.5.2014 ညနေ ၇ နာရီ ခွဲ ထွက်ခွာလာမည့် AK 503 (AIRASIA) YANGON - KUALA - LUMPUR မှစတင်ကာ နောက်လေကြောင်းအားလုံး သည် KLIA 2 တွင်သာ ဆိုက်ရောက် / ထွက်ခွာတော့မည်ဖြစ်သည် ။ AIRASIA လက်မှတ် ဝယ်ယူထားသူအားလုံးသည် 9.5.2014 မှ KLIA 2 သို့ စီးနင်းရမည်ဖြစ်သည် ။ 

ကွာလာလမ်ပူရှိ အငှားယာဉ်ဝန်ဆောင်လျှက်ရှိသောသူများ ၊ ကားမောင်းနေသူများအားလုံးအတွက်မူ KLIA 2 သည် ယခင် KLIA သွားသည့် လမ်းအတိုင်း သာ လိုက်ပါမောင်းနှင်ရမည်ဖြစ်သည် ။ KLIA 2 လမ်းခွဲသည် ယခင် LCCT နှင့် KLIA သို့သွားသောလမ်းခွဲတွင် KLIA သို့သွားသောလမ်း အတွင်း မောင်နှင်ရမည်ဖြစ်သည် ။ LCCT သို့သွားသော လမ်းအတိုင်း မောင်းနှင်ရမည်မဟုတ်ပါ ။ 

ခရီးသည်ပို့ဆောင်ရေး ကား ၊ ရထား များဖြင့် မိမိတို့ဘာသာ မိမိတို့ သွားမည့်သူများအားလုံးသည် ကွာလာလမ်ပူ မှ လိုင်းကား (bus) စီးမည်ဆိုပါက .... 1. KL CENTRAL မြေညီထပ် - ယခင်ကားဂိတ် 2. PUDU ကားဂိတ် 3. STAR SHUTTLE -ကေအယ် - MYDIN ကုန်တိုက်ရှေ့ 4. 1 UTAMA ကုန်တိုက် တို့တွင် KLIA 2 သို့သွားသော လိုင်းကားများ ရှိနေမည်ဖြစ်သည် ။ ရထားစီးမည်ဆိုပါက KLIA EXPRESS ရထားစီးနိုင်မည် ဖြစ်သည်။ 

အဆိုပါရထားအား 1. KL CENTRAL ဘူတာ 2. TBS ( BANDAER TASEK SELATAN ) 3. PUTRA JAYA , CYBER JAYA 4. SALAK TINGI ဘူုတာတို့မှ စီးနင်းနိုင်မည်ဖြစ်သည် ။ ရထားစီးမည့်သူများအနေဖြင့် ရထားသည် KLIA ဘူတာတွင် အရင်ဆိုက်မည်ဖြစ်ပြီး ပြီးမှသာ KLIA2 သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည် ။ 

 AIRASIA လက်မှတ်ဝယ်ယူထားသူများအားလုံး LUGGAGE DROP လုပ်ရမည့်ကောင်တာများမှာ T , U , V , Y , Z တို့ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို 8.5.2014 တွင် ဆက်လက် တင်ဆက်ပေးပါမည် ။ ထပ်မံပြီး မရှင်းလင်း သည်များရှိပါက မည်သူမဆို ရွှေလူငယ် နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှု နှင့် လေယာဉ်လက်မှတ်အရောင်းဌာန ဖုန်း 0320222265 သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်သည် ။ 

Source by : မလေးရှားရောက်မြန်မာများ 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။