

ကလန်းခရိုင် ဒုတိယရဲမူးကြီး Goh Lee Fook ကပြောကြားရာတွင် ပါမစ်မရှိသောသူ များ သည် ဥပဒေကျူးလွန်ပါက မည်သည့် လက်ဗွေမှ
မရှိသည့်အတွက် ဖမ်းဆီးရန် ခက်ခဲကြောင်း ယခုစစ်ဆင်ခြင်းသည်၊ ယမန်နေ့က လူသတ် တရားခံကို ဖမ်းမိနိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ "၁၀နာရီအတွင်း နိုင်ငံခြားသား ၁၂၀ နေထိုင်တဲ့ အိမ်တွေကို စစ်ဆေးတော့ လူ၃၈ ယောက်က ဘာပါမစ်မှ မရှိတဲ့ သူတွေဖြစ်တဲ့
အတွက်ဖမ်းဆီးလိုက်ပါတယ်။ အင်ဒီုနီးရှား၊ မြန်မာ၊ နီပေါ နဲ့ထိုင်းနိုင်ငံသားတွေ ဖြစ်ပြီးတော့ သူတို့ အထဲမှာ မိန်းခလေး ကိုးယောက်ပါတယ် "
ဟုပြောကြားခဲ့သည်။
တမန်စံတိုစာ အပြင် ယမန်နေ့က ပရင်းဆက်စီးတီး အပါအဝင် အခင်းဖြစ်ပွား နေရာအနီး ခုနှစ်နေရာ၊ ဘူကစ် အင်ဒါ့ နှင့် ကင်ပုန်းဇာဝါ
ဒေသတို့တွင်လည်း စစ်ဆေးမူ့များ ပြုလုပ်ကြောင်း မလေးရှားနိုင်ငံပိုင် ရုပ်သံလိုင်းများနှင့် မလေးရှား အင်တာနက် ဝဘ်ဆိုဒ်
www.hmetro.com.my စာမျက်နှာတွင် ဖော်ပြထားသည်။
Tuangpu Siyin (Malaysia News)
နေဇော်လင်း
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook - https://www.facebook.com/nay.zawlin1
0 comments:
Post a Comment