Home » , » စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ

စင်္ကာပူတွင် မြန်မာအိမ်ဖေါ်တစ်ဦး လူသတ်မှုဖြင့် စွဲချက်တင်ခံရ

Written By မောင်စေတနာ on Thursday, March 6, 2014 | 2:39:00 PM

စင်ကာပူ-မတ် ၅ 

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မသန်းသန်းဝင်းကို အိမ်ရှင်အဖွားအိုအား သတ်မှုဖြင့် စင်္ကာပူတရားရုံးတစ်ခုတွင် တရားစွဲဆိုထားကြောင်း သိရသည် ။ မသန်းသန်းဝင်းကို အသက် ၈၅ နှစ်အရွယ် အိမ်ရှင်အဖွားအို Yong Wan Lan အား မတ်လ ၄ ရက်နေ့ ညနေ က သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည် ။ 

မတ်လ ၄ ရက်နေ့က အိမ်ရှင်အဖွားအိုYong Wan Lan နေထိုင်ရာ Springdale ကွန်ဒိုမှ ရဲတပ်ဖွဲ့ထံ အရေးပေါ် အကူအညီတောင်းခံခဲ့ပြီး အဆိုပါနေရာသို့ ရဲတပ်ဖွဲမှ ရောက်ရှိသွားချိန်တွင် သူမအား အခန်းတွင်းနိုက်ပင် မလှုပ်မယှက် လှဲနေသည်ကိုတွေ့ခဲ့ရသည် ဟု သိရသည်။ 

သူမ၏ ခန္တာကိုယ်အထက်ပိုင်းတွင် ဒဏ်ရာများ ရှိနေပြီ မှုခင်းဆရာဝန်က သူမ သေဆုံးကြောင်း အတည်ပြုပေးခဲ့သည် ။ မသန်းသန်းဝင်းကို ချန်ဂီအမျိုးသမီး အကျဉ်းထောင်တွင် ထိမ်းသိမ်းထားပြီး ယင်းအမှုအား မတ်လ ၂၆ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်သည် ။ ပြစ်မှုထင်ရှားပါက ၄င်းကို သေဒဏ် အထိချမှတ်ခြင်း ခံရနိုင်ကြောင်းသိရသည် ။ 

Ref: CNA 
Popular Myanmar News Journal 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

2 comments:

Unknown said...

ကောင်းပါတယ်ဒီိဝက်ဆိုက်ကိုကြည့်
ရှုရတာကြေနပ်ပါတယ်အမြဲအားပေး
နေမှာပါလို့ပြောချင်ပါတယ်

Unknown said...

i like this wetsiet

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။