Home » , » မလေးရှားတွင် ကျောင်းကြိုပို့ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး

မလေးရှားတွင် ကျောင်းကြိုပို့ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး

Written By မောင်စေတနာ on Monday, March 24, 2014 | 8:29:00 PM

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်နယ် ဟူလူးလန်ငတ်တွင် လမ်းကုန်းတက် တစ်နေရာ၌ တနင်္လာနေ့ နေ့လည် ၂း၀၆ အချိန်တွင် ကျောင်း ကြိုပို့ ဘတ်စ်ကား တစ်စီးသည် အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက် သဖြင့် အလယ်တန်းကျောင်းသား တစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ 

ကားပေါ်တွင် ကျောင်းသာ ၃၄ ဦး နှင့်ဆရာ တစ်ဦး လိုက်ပါလာကာ သေဆုံးသူမှာ ၁၇ နှစ်ရွယ် Chin Yeong Peng ဆိုသူဖြစ်သည်။ ဆလန်ဂေါပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲမှ လက်ထောက်ညွန်ကြားရေးမူး Mohd Sani Harul က Astro AWANI သတင်းဌာနသို့ ပြောကြားရာတွင် "ကျနော်တို့ရောက်နေတဲ့အချိန်မှာ ခလေးတွေအားလုံး ကားထဲမှာ ညှပ်နေပါတယ်၊ ဖြတ်စက်တွေ၊ ဂျက်တွေ အသုံးပြုပြီး ဆွဲထူတော့ ကလေး အယောက် ၃၀ ကို ချက်ခြင်း ကယ်နိုင်ပေမဲ့ ၆ ယောက်ဟာ ညှပ်နေပြီး ချက်ခြင်းကယ်လို့ မရပါဘူး သေသွားသူကတော့ ပွဲခြင်းပြီးပါ" ဟုပြောကြားပါသည်။ 

အဆိုပါ ဘတ်စ်ကားမှာ ပတ်တလင်းဂျာရာရှိ ကတ်သိုလစ် အထက်တန်းကျောင်းတွင် ပြေးဆွဲနေသော လေးစီး အနက် တစ်စီးဖြစ်ကာ ကျောင်းဆင်းပြီး အိမ်သို့ အပြန်ခရီးတွင် တိမ်းမှောက်သွားခြင်းဖြစ်ကာ ဒဏ်ရာရရှိသူများကို အန်ပန်း ဆေးရုံကြီးတွင် ကုသထားကြောင်း သိရှိရသည်။ 

Tuangpu Siyin (Malaysia) 

နေဇော်လင်း 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။