Home » , » ကလန်းမြို့နယ် တမန်စံတိုဆာတွင် မလေးရှားရဲသား နှစ်ဦးအား တိုက်ခိုက်ခံရကာ တစ်ဦးသေဆုံးပြီး တိုက်ခိုက်သူ နှစ်ဦးသေဆုံးခဲ့

ကလန်းမြို့နယ် တမန်စံတိုဆာတွင် မလေးရှားရဲသား နှစ်ဦးအား တိုက်ခိုက်ခံရကာ တစ်ဦးသေဆုံးပြီး တိုက်ခိုက်သူ နှစ်ဦးသေဆုံးခဲ့

Written By မောင်စေတနာ on Wednesday, March 5, 2014 | 3:01:00 PM

မလေးရှားနိုင်ငံ ကလန်းမြို့နယ် တမန်စံတိုဆာတွင် မလေးရှားရဲသားနှစ်ဦးအား တိုက်ခိုက်ခံရကာ တစ်ဦးသေဆုံးပြီး တိုက်ခိုက်သူ နှစ်ဦးသေဆုံးခဲ့ 

မလေးရှားနိုင်ငံ ဆလန်ဂေါ ပြည်နယ်၊ ကလန်းမြို့နယ် တမန်စံတိုဆာ၌ အင်္ဂါနေ့ (မတ်လ ၄) နံနက်ပိုင်းတွင် ကင်းလည့်နေသော မလေးရဲသား နှစ်ဦးအား နိုင်ငံခြားသား တစ်စုက ခြုံခိုတိုက်ခိုက် မှုကြောင့်ရဲတပ်သား တစ်ဦးဓါး ဒဏ်ရာဖြင့်သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည်ဟု ရဲချုပ်ကြီး Tan Sri Khalid Abu Bakar ကပြောကြားပါသည်။ 

ဒဏ်ရာရရှိသွားသော ရဲတပ်သား၏ ပြန်လည် ပစ်ခတ်မှုကြောင့် တိုက်ခိုက်သူ နှစ်ဦးမှာလည်း သေဆုံးသွားကြောင်း ကျဆုံးသွားသော ရဲတပ်သားမှာ တပ်ကြပ် Raja Aizam Raja Mohd ၅၃ နှစ်ဖြစ်ပြီး Tengku Ampuan Rahimah ဆေးရုံသို့ အသွား လမ်းတွင် သေဆုံးသွားကြောင်း ဒဏ်ရာရသော Mohd Aidil Mustafa ၂၉ နှစ်အား အဆိုပါ  aဆးရုံတွင်ကုသနေပါ ကြောင်း ရဲချုပ်ကြီး Tan Sri Khalid Abu Bakar ပြောကြားပါသည်။ 

၎င်းတို့နှစ်ဦးသည် ကလန်းတောင်ပိုင် ခရိုင် စခန်းမှဖြစ်ကာ နံနက် ၄း၃၀ တွင် Lorong Yusuf Shahbudin 44D အိမ်ယာအတွင်း ကင်းလည့်နေစဉ် အင်ဒိုနီးရှားနိုင်ငံသား ဟုထင်ရသူ လူ ၅ ဦးမှ Raja Aizam အား ရုတ်တရက် ဓါးဖြင့်ထိုးပြီး ၊ Mohd Aidil မှာ မျက်နာတွင် ဓါးဖြင့် တိုက်ခိုက်ခြင်းခံရကြောင်းကို ဒဏ်ရာရှိသွားသော Mohd Aidil က Raja Aizam အား ဆေးရုံ၌ ဂါရဝပြုပြီးနောက် သွားရောက်မေးမြန်းသော သတင်းထောက်များအား ပြောကြားပါသည်။ 

ကျဆုံးသွားသော Raja Aizam မှာ တိုက်ခိုက်ခံရစဉ် သေနတ်ဖြင့်တိုက်ခိုက်သူအား ပြန်လည် ခုခံပစ်ခတ်ရန် ကြိုးပမ်းသော်လည်း သေနတ်ကျည်မထွက်ဘဲ ရှိနေပြီး Mohd Aidil က သေနတ်ကို ဆွဲထုတ်ကာ တိုက်ခိုက်သူများအား ပြန်လည် ပစ်ခတ်သောကြောင့်နှစ်ဦးသေဆုံးကာ တိုက်ခိုက်သူတို့၏ ဓါးကို အခင်းဖြစ်သည့်နေရာမှ တွင်သိမ်းဆည်းရမည်သည်ကို မလေးရှားနိုင်ငံ NST & astrowani ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ 

အမှုအခင်းကို ဆလန်ဂေါရဲဌာနချုပ်မှ ဆက်လက် စုံစမ်းဖော်ထုတ်မည် ကြောင်း သိရှိရသည်။ 

Tuangpu Siyin (Malaysia News) 

Src: nst & astrowani 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။