Home » , » မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ သိရှိစေရန်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ သိရှိစေရန်

Written By မောင်စေတနာ on Thursday, March 13, 2014 | 2:46:00 PM

 
မလေးရှားနိုင်ငံတွင် ၂၀၁၁ ခု နှစ် က စတင်ခဲ့သည့်6P အစီ အစဉ် အရ မြန်မာ သံရုံးမှ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ထားသူများ ယခုအခါ စာအုပ်သက်တမ်း ကုန်ဆုံး၍ မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် စာအုပ် သက်တမ်းတိုးလိုပါက မှတ်ပုံတင်နှင့် အိမ်ထောင် စု မိတ္တူ တင်ပြရန် လိုအပ်။ 

မလေးရှားနိုင်ငံသို.ရောက်ရှိနေသော မြန်မာ အလုပ် သမားများ အတွက် ၂၀၁၁ က မလေးရှားအစိုးရမှ ချပေးခဲ့သော 6P အစီ အစဉ်တွင် မလေးရှား ပါမစ် လိုအပ်ချက် အရ မြန်မာ သံရုံမှ မြန်မာနိုင်ငံကူးလက်မှတ် များအား နိုင်ငံသား မှန်မမှန် စိစစ် ထုတ်ပေးခဲ့ပါသည်။ 

၁၀-၃-၂၀၁၄ မှ စတင်၍ ထိုစာအုပ်များ သက်တမ်း ကုန်ဆုံးပြီး သက်တမ်း ထပ်တိုးလိုပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား မိတ္တူ ထပ်မံ တင်ပြရန်လိုအပ်ပါသည်။ ထို သက်တမ်းတိုးသော စာအုပ်များအား မြန်မာနိုင်ငံ ပြည်ထဲရေးမှ တစ်ဆင့် မိမိ တို. ရပ်ကွက် နေအိမ်များ အထိ တိုက်ဆိုင် စိစစ် မည့်အစီအစဉ်မျိုး ဖြစ်ပါသဖြင့် အချိန် အား ဖြင့် ခန်.မှန်းချေ တစ်လ ကျော် နှစ်လ ကြာနိုင်ပါသည်။ 

ထိုကြာချိန်များမှာ မိမိ ပေးထားသော မှတ်ပုံတင် အိမ်ထောင်စုဇယား တို.၏ အချက်အလက် နှင့် မြန်မာနိုင်ငံတွင် မိမိ နေထိုင်သော အချက်အလက်တူ ညီမှ သာလျှင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ မိမိနှင့် မသက်ဆိုင်သော အချက် အလက်များ တင်ပြလာပါ အချိန်ကုန်ရုံသာ ရှိပါမည်။ 

သို.ဖြစ်ပါ၍ 6P အစီအစဉ် အရ မြန်မာနိုင်ငံကူးလက်မှတ်ရထား သူများ အနေ ဖြင့် သက်တမ်း တိုးရန် အစီအစဉ်ရှိပါက- 

(၁) မြန်မာနိုင်ငံမှ မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယား တို.အား အချက်အလက်စုံလင်စွာ ကြည်လင်ပြတ်သားစွာ ပေးပို.နိုင်သော နေရာမှ Eamil ဖြင့် တောင်း၍ သို.မဟုတ် လူကြုံမှာ၍ တောင်းသင့်ပါသည်။ ထိုသို.တောင်းရာတွင် မိမိတို.နာမည်နှင့် မှတ်ပုံတင်အမှတ်များ သေချာစွာ စိစစ် သင့်ပါသည်။ ဥပမာ မှတ်ပုံတင်မှ နာ မည် လိပ်စာများ ၊ အိမ်ထောင်စု မှ နာမည် လိပ်စာများ ၊ အိပ်ထောင်စု နောက် ခြမ်းများ အား တိုက်ဆိုင်စိစစ် ပြီးမှ တင်ပြသင့်ပါသည်။ ဒါမှသာ မြန်မြန်ဆန်ဆန် စိစစ် နိုင်မည် ဖြစ်ပါသည်။ 

(၁) မိမိတို. ပါမစ် သက်တမ်း အနည်း ဆုံး ၃ လ လောက် ချန် ၍ သက်တမ်း တိုး လျှင် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ မိမိတို.ဘက်မှ အချက် အလက် မှန်မှန်ကန်ကန် ပေးသော်လည် ချက်ချင်းစိစစ်၍ စာအုပ် ထုတ်မပေးသဖြင့် စိစစ်ချိန်ပေးရပါမည်။ 

ပြည်နယ်နှင့် တိုင်းအလိုက် လည်းကောင်း ၊ မြို.နယ် ကျေးရွာ အလိုက် လည်းကောင်း ပြန်လည် စိစစ် ၍ တိုက်ဆိုင် စိစစ် မည် ဖြစ်ပါသဖြင့် အချိန်အား ဖြင့် တိတိကျကျ သတ်မှတ် ပေးလို.မရနိုင်ပါ။ မိမိဘက်မှ အချက် အလက် မှန်ကန်စွာ ပေးနိုင်သော်လည်း စိစစ်ချိန်ပေး၍ စောင့်ဆိုင်းရပါမည် ဖြစ်ပါသည်။ အားလုံးအဆင်ပြေကြပါစေ။ 

Credit - Everfine Services M Sdn Bhd. 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။