Home » , » ဒီနေ့ ညနေ ကေအယ်မှာ အော်ပရာဇီ ဖမ်းဆီးတဲ့ ဓာတ်ပုံများ

ဒီနေ့ ညနေ ကေအယ်မှာ အော်ပရာဇီ ဖမ်းဆီးတဲ့ ဓာတ်ပုံများ

Written By မောင်စေတနာ on Saturday, March 1, 2014 | 9:01:00 PM

ဒီနေ့ ညနေက ကေအယ်မှာ ကေအယ်ရောက် မြန်မာများ အတွက် အထူးသတိပေးချက်ကို အချိန်နှင့် တပြေးညီ ကျွန်တော် ဝက်ဆိုဒ်နဲ့ ဖွေ့ဘုတ် စာမျက်နှာတွေမှာ အသိပေးပြီးသား ဖြစ်ပါတယ်။ (၁.၃.၂၀၁၄ ) ညနေ ၄ နာရီခွဲကနေ ည ၇ နာရီခွဲအထိ ကေအယ် မြန်မာဆိုင်တန်းတစ်လျှောက် ကိုတာရာယာ မိုင်ဒင်းဖက်တွေမှာ လူဖမ်းပွဲကြီင်္း ပြုလုပ်ခဲ့ပါတယ်။ 

ရဲတွေ မီးသတ်တွေ ရေလာတွေ အယောက် ၃၀ ကျော်နဲ့ လမ်းပေါ်သွားလာတဲ့ လူတွေကို ဖမ်းဆီးခဲ့ပြီး အဖမ်းခံရတဲ့ သူတွေအထဲမှာ ဘင်္ဂလားအများစု ပါဝင်ပြီး မြန်မာများအနည်းငယ် ပါဝင်ကြောင်း သိရှိရပါတယ်။ သူတို့နိုင်ငံမှာ သူတို့ စိတ်ကြိုက် (ဖမ်းချင်တဲ့ အချိန်ကို) ဖမ်းဆီးနေတာကတော့ မလေးရောက် မြန်မာများ သိကြလိမ့်မယ်။ 

ဘာပဲဖြစ်ဖြစ် သူတို့နိုင်ငံမှာ နေနေတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး အသွားအလာ ဆင်ခြင်ကြဖို့ မလေးရောက် မြန်မာတွေကို အသိပေးချင်ပါတယ်။ အဓိက မှားမှား မှန်မှန် ခံရတာက ကိုယ်တွေပါပဲ ... လူတစ်ချို့က ကျွန်တော် သတင်းတွေ တင်ပေးတာကို ကြောက်အောင် ခြောက်နေတာတဲ့ အခုတင်ပေးနေတာတွေ အားလုံး ကျွန်တော် အတွက် မဟုတ်တာတော့ သေချာပါတယ်။ 

ကျွန်တော် မလေးရှားရောက်နေတဲ့ မြန်မာတွေကို အားလုံးအတွက် အခုလို အသိပေး နေတာပါ။ ကျွန်တော် အတွက်ဆို ကျွန်တော် အေးဆေးနေလို့ရပါတယ်။ ကျွန်တော် မနေနိုင်ဘူး အများအတွက် ကျွန်တော်မှာ ရှိတဲ့ အချိန်ထဲကနေ အကျိုးရှိတာကို လုပ်ပေးနေတာပါ။ 

သူတစ်ပါးကို ထိခိုက်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော် လူမျိုးအတွက် တတ်နိုင်တဲ့ဖက်ကနေ ကာကွယ်ပေးနေတာပါ။ ညနေက ဖမ်းဆီးတဲ့ ဓာတ်ပုံတွေကို ရွှေမြန်မာများ သတိထားဖို့အတွက် မျှဝေလိုက်ပါတယ်။ 

ကဲ .... မယုံတဲ့သူများ ... အခုတော့ ဘာပြောမလဲ ??????? 

ဓာတ်ပုံပို့ပေးသော ဦးချမ်းအား ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 

နေဇော်လင်း 

Admin 
Nay Zaw Lin1 
Live Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။