Home » , , » ၈၈ မျိုးဆက် ကိုအောင်ကြီး ၏ နာရေး ဈာပန အခမ်းအနား ကျင်းပပြုလုပ် (မလေးရှား သတင်း)

၈၈ မျိုးဆက် ကိုအောင်ကြီး ၏ နာရေး ဈာပန အခမ်းအနား ကျင်းပပြုလုပ် (မလေးရှား သတင်း)

Written By မောင်စေတနာ on Sunday, February 9, 2014 | 10:21:00 AM


၈၈ မျိုးဆက် ကိုအောင်ကြီး ၏ နာရေး အခမ်းအနား ပြုလုပ် ကျင်းပ

 မလေးရှားနိုင်ငံမှ ၈၈ မျိုးဆက်နှင့်မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်ဖြစ်သူ ကိုအောင်ကြီး (အထွေအထွေသပိတ်ကော်မတီ -GSC)၏ နာရေး ဈာပန အခမ်းအနား အစီအစဉ်ကို ဒီနေ့ 8.2.2014 ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မလေးရှားနိုင်ငံချဲ့ရတ်စ် သုဿန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ပထမဦးစွာ ဆရာတော်ဘုရားများ ထံမှ တရားနာယူကြပြီး ကွန်လွန်သူ ကိုအောင်ကြီးအတွက် ရည်စူးကာ အမျှတန်းပေးဝေ ခဲ့သည်။ ယင်းနောက် ဝမ်းနည်းမှု အထိမ်းအမှတ် အနေဖြင့် ရခိုင်အဖွဲ့ ၊ ချင်းအဖွဲ့ ၊ ကပုန်း နာရေးကူညီမှု အသင်း နှင့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ 

အခုလို ရုတ်တစ်ရက် ကွယ်လွန်သွားတဲ့ အတွက် ကျွန်တော်တို့ရဲ့ ဘော်ဒါဖြစ်သူ ကိုအောင်ကြီးအတွက် ဝမ်းနည်းရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အတူတူတိုက်ပွဲ ဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက် တစ်ယောက်ဟာ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲမှာ မပြီးဆုံးသေးပဲ လမ်းခုလတ်မှာတင် လမ်းခွဲ ကျဆုံး လိုက်ရတဲ့ အတွက် နှမျောတသ ဖြစ်ရမိပါကြောင်း ၈၈ မျိုးဆက်တစ်ဦး ဖြစ်သူ ကိုကျော် မှ ပြောကြားခဲ့သည်။ 

ကိုအောင်ကြီးအတွက် ပြောမပြနိုင်အောင် ခံစားရပါတယ်။ ကျွန်တော်တို့နဲ့ အတူ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ပြုပြင်ပြောင်းလဲရေး ၊ ဒီမိုကရေစီရေး ၊ အမျိုးသားရေး အပြစ်အခတ်ရပ်စဲရေး ၊ ဖယ်ဒရယ်ရေး တွေကို အားလုံးနဲ့ အတူတူ လက်တွဲလုပ်ဆောင် ခဲ့ပါတယ်။ ဒီအတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ် ၊ ကျေနပ်မိပါတယ်။ 

အညတရ သူရဲကောင်း အဖြစ် ကျွန်တော်တို့ ရင်ထဲမှာ အမြဲတည်ရှိနေပါမှာ။ ကျွန်တော်တို့ဆိုရင် သူလောက် မလုပ်ရဲသလို သူလောက် မစွမ်းဆောင်နိုင်ပါဘူး .... သူဟာ ကျွန်တော်တို့ အတွက် စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်ပါတယ်။ အခုလို မမျှော်လင့်ပဲ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်း တစ်ယောက် ဆုံးရှုးံလိုက်ရတဲ့ အတွက် အရမ်းခံစားရပါကြောင်း 88 မျိုးဆက် နှင့် မျိုးဆက်သစ် အဖွဲ့အစည်းမှ ကိုမြတ်ကိုကို ပြောကြားခဲ့သည်။ 

 (၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် အဖွဲ့ခေါင်းဆောင် ကိုအောင်ကြီးဟာ ဖေဖော်ရီလ ၄ ရက်နေ့ ညက မလေးရှားနိုင်ငံမှာ သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပြီး ဘယ်သူ့လက်ချက်လဲ ဆိုတာ ရဲတွေက စုံစမ်းစစ်ဆေး နေကြောင်း သိရှိရပါတယ်။ 

အသတ်ခံရသည့်နေ့မှာ ကားအရောင်း အဝယ် ကိစ္စသွားမယ်၊ မကြာခင် ပြန်လာမယ်လို့ ပြောသွားပေမဲ့ အချိန်တန်ကြာအောင် ပြန်မလာလို့ ကိုအောင်ကြီးရဲ့လက်ကိုင်ဖုန်းကို ဆက်တော့လည်း အဆက်အသွယ် မရခဲ့ကြောင်းနဲ့ နောက်တစ်နေ့ကျမှ သေဆုံးကြောင်း သိရတာဖြစ်ကြောင်း အသတ်ခံရသူ ကိုအောင်ကြီး ဟုတ်မဟုတ် ဆေးရုံမှာ သွားကြည့်ခဲ့ရပြီး ဟုတ်မှန်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ 

ကိုအောင်ကြီး သေဆုံးမှုအတွက် သူ့အမှုကို ကိုင်တွယ် ဆောင်ရွက်တဲ့ ရဲတွေက ကိုအောင်ကြီးရဲ့ အလောင်းကို သူ့ကားရဲ့ ပစ္စည်းထည့်တဲ့ နောက်ခန်းထဲမှာ တွေ့ခဲ့ရတယ်လို့ ပြောကြောင်း ကိုအောင်ကြီး ဇနီးဖြစ်သူ မစုစုမြတ် မှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာကို ပြောပြခဲ့သည်။ 

၈၈ မျိုးဆက် ကိုအောင်ကြီး (အထွေအထွေသပိတ်ကော်မတီ -GSC)၏ နာရေး ဈာပန အခမ်းအနားကို မလေးရှားနိုင်ငံမှ ရခိုင်အဖွဲ့ ၊ ချင်းအဖွဲ့ ၊ ကပုန်း နာရေးကူညီမှု အသင်း နှင့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့များ ကိုအောင်ကြီး၏ မိတ်ဆွေများ သူငယ်ချင်းများ မှ လာရောက်ကြပြီး နာရေးအတွက် လိုအပ်သော ကိစ္စများကို ကူညီပေးကြခဲ့သည်။ 

ဓာတ်ပုံ - ကိုထိုက် ၊ ကိုရဲမာန် 
သတင်း - နေဇော်လင်း 

 Admin 
နေဇော်လင်း 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook Page - https://www.facebook.com/nay.zawlin1
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။