Home » , , » မောင်ဝေယံစိုး၏ ကျန်းမာရေးအတွက် ကူညီပေးကြပါရန်

မောင်ဝေယံစိုး၏ ကျန်းမာရေးအတွက် ကူညီပေးကြပါရန်

Written By မောင်စေတနာ on Saturday, February 8, 2014 | 8:57:00 AM

ရွှေမြန်မာများ မောင်ဝေယံစိုး၏ ကျန်းမာရေးအတွက် ကူညီပေးကြပါရန် မလေးရှားနိုင်ငံမှ ရွှေမြန်မာများ မောင်ဝေယံစိုး၏ ကျန်းမာရေးအတွက် ကူညီပေးကြပါရန် 

 နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ကျန်းမာရေး စောင့်ရှောက်မှု အမှတ်စဉ် (၃၅) ကျွန်တော်တို့ နှလုံးလှ အသင်းကြီး၏ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် အရ 5.2.2014 ဗုဒ္ဓဟူးနေ့တွင် နှလုံးလှ ရုံးခန်းသို့ လာရောက်ပြီး မောင်သက်တို့ အဖွဲ့မှ သူတို့ သူငယ်ချင်း ဆေးရုံကို တက်နေရပါတယ်။ 

သူတို့ကလည်း မြန်မာပြည်ကို ပြန်တော့မည် ဆိုသောကြောင့် လူနာအား ကြည့်မည့်သူ မရှိ၍ နှလုံးလှ အဖွဲ့အား အကူအညီ တောင်းခံလာပါတယ်။ ကျွန်တော်တို့ နှလုံးလှ အဖွဲ့မှ ဒီနေ့ 6.2.2014 ကြာသပတေးနေ့တွင် စွန်ဂိုင်းပလို့ ဆေးရုံးကြီးသို့ လူနာအား သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံတဲ့ အခါမှာ လူနာ မောင်ဝေယံစိုးမှာ သူဌေးမရှိ ၊ အမျိုးအဆွေ မရှိ ၊ လက်ထဲတွင်လည်း အထောက်အထား ဘာမှမရှိပါ။ 

 ဖြစ်ပွားပုံမှာ - လူနာရှင် မောင်ဝေယံစိုး နေထိုင်သည့် ဒမ်မာစာရာ ဖလက်တွင် ၂၀ လွှာမှ အောက်ဆင်းဈေးဝယ်ရာ ၎င်းနေ့တွင် ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့တွင် ဆေးရုံမှ ဖုန်းဆက်လာပါသဖြင့် လူနာအားသွားတွေ့တဲ့ အချိန်မှာ ဦးခေါင်းညာဖက်တွင် ၂၈ ချက် ၊ ဦးခေါင်း ဘယ်ဖက် ၈ ချက် ၊ ရင်ဂေါင်းတွင် ၁၂ ချက် ချုပ်ပြီး ခြေထောက်နှင့် လက်တို့မှာ ဒဏ်ရာများစွာဖြင့် ဆေးကုသမှုကို ခံနေရပါသည်။ မောင်ဝေယံစိုး စွန်ဂိုင်းပလို့ဆေးရုံသို့ တက်ရောက်ကုသနေသည်မှာ တစ်လကျော်ခန့်ရှိနေပြီး ယခုလက်ရှိ အချိန်ထိ သတိမေ့နေလျှက် ရှိပါသည်။ မောင်ဝေယံစိုး ၏ သူငယ်ချင်းများမှာလည်း အလုပ်တစ်ဖက်နဲ့ လာရောက်ကြည့်ရှုစောင့်ရှောက်နေသည်ကို တွေ့ရပါသည်။ 

လူနာရှင် မောင်ဝေယံစိုး မလေးရှားနိုင်ငံသို့ ရောက်လာသည်မှာ ၃ လသာ ရှိပါသေးသည်။ ယခုလို ဒဏ်ရာများမှာ ဘာဖြစ်တာလဲ ဆိုတာ ၊ ဘယ်သူမှ သေချာမသိကြပါ။ ကျွန်တော်တို့ နှလုံးလှ အဖွဲ့မှ ဆေးရုံတွင် ဒေါက်တာများနှင့် တွေ့ဆုံတဲ့ အခါ မောင်ဝေယံစိုးအား ဆေးကုသမှု ကုန်ကျငွေမှာ လက်ရှိ မလေးရှား ရင်းဂစ် ၂၂၀၀၀ အထိဖြစ်နေပါသည်။ လူနာ၏ သူငယ်ချင်းများနှင့် နှလုံးလှ အဖွဲ့တို့မှ ပူးပေါင်းပြီး ဝိုင်းဝန်းကူညီကြမှာ ဖြစ်ပါတယ်။ 

လူနာရှင် မောင်ဝေယံစိုး၏ မိဘများမှာလည်း ဆင်းရဲချို့တဲ့ကြသဖြင့် မလေးရှားနိုင်ငံရောက် မြန်မာများနှင့် အခြားနိုင်ငံမှ စေတနာရှင် မိတ်ဆွေများ ဝိုင်းဝန်းကူညီပေးကြပါရန် ကျွန်တော်များ နှလုံးလှ အဖွဲ့မှ မေတ္တာရပ်ခံ အသိပေး အကူအညီတောင်းခံ အပ်ပါသည်။ ဦးယုဝင်း ၊ ဒေါ်ခင်ဝဏ္ဏအေး ကံပြင်ကျေးရွှာအနီး ၊ သစ်ရုံဝကျေးရွှာ ၊ မြိတ်မြို့နယ် ၊ တနင်္သာရီတိုင်း လူနာရှင် မောင်ဝေယံစိုးအား ကိုယ်တိုင်ကိုယ်ကြ လှူဒါန်းလိုသူများ ဆေးရုံသို့ လိုက်လံပို့ဆောင်ပေးပါမည်။ 

 နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ) 

 ဆက်သွယ်ရန် 
ကိုသက် - 017 2838 470 
ကိုအော်စကာ - 016 6738 398 
ကိုချမ်း - 012 272 6566 
ကိုဆန်းမင်းဦး - 016 3687 939 
ကိုမင်းသန်းဟိန်း - 010 260 1552 
ကိုသက်နိုင်စိုး - 016 2471 397 
ကိုဇော် - 010 5370 833 
ကိုပြည်စိုး - 016 6080 357 

နယ်မြေတာဝန်ခံများ 
ကိုမြင့်ရွှေ (အာလော) - 012 6926 331 
ကိုမောင်မြင့် (ဆာဒန်း) - 012 2175 946 
ကိုထိုက် (ချက်ရက်စ်) - 016 6399 598 
ကိုအောင်ကျော်ထူး (စွန်ဂိုင်းပလို့) - 010 2775 622 
ကိုသက်နိုင်လင်း (ရှားလမ်း) - 016 9766 307 
ကိုမျိုးဝေအောင် (ကာဂျန်း) - 010 2384 091 
ကိုရဲမာန် (စွန်ဂိုင်းဂျွား) 010 - 5159 459 
ကိုယုမောင် (စင်ကာပို့) - 010 8274 511 
ကိုရဲကိုလတ် (တလုတ်ကုန်း) - 013 3493 990 
ကျော်မျိုးသူ (ဘလက်ကောင်း) - 011 1281 4889 

 နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ရုံးခန်းလိပ်စာ) ဇာမဏီ စတိုးဆိုင် အပေါ်ထပ် (၄ လွှာ) No.23, 4th Floor, Jalan Lebuh Pudu, 50050, Kuala Lumpur. Tel : 03 2022 1245 

Email : lovelyheart.blooddonation@gmail.com 
Web : www.myanmarblooddonorkl.com 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook Page - https://www.facebook.com/nayzawlin4
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။