လွန်ခဲ့သည့် ကိုးရက်ခန့်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထိုင်းနိုင်ငံမှ တဆင့် ရောက်လာကာ ကျေးကျွန်သဖွယ် ချုပ်နှောင်ခြင်း ခံရသော မြန်မာ အမျိုးသား ၄ ဦး အား Kedah ပြည်နယ်၊ Sungai Petani တွင် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ကယ်ဆယ်ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ မြန်မာ လေးဦး၏ အမည်နာမများ ဖော်ပြထားခြင်း မရှိဘဲ၊ ၎င်းတို့သည် လုပ်ကိုင် စားသောက် အသက်မွေး ဝမ်းကြောင်းပြုရန် အတွက်ရောက်လာခြင်းဖြစ် သော်ငြားလည်း ပွဲစား၏ တောင်းခံသည့် ငွေကြေးပမာဏကို ပေးဆောင်နိုင်ခြင်း မရှိသောကြောင့် ၃ရက် အစာရေစာ ကျွေးမွေးခြင်း မရှိဘဲ အခန်းတွင်း ပိတ်ထားခြင်းခံခဲ့ရသည်။
ရဲတပ်ဖွဲ့က သတင်း ရရှိသဖြင့် Lao Cai Hut Hotel ၏ မီးဖိုချောင်သို့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ည ၁၀း၀၀ အချိန်တွင် ဝင်ရောက် ရှာဖွေရာ အဆိုပါ လေးဦးအား လက်နှင့်ခြေထောက် များတွင် သံကြိုးများဖြင့် တုတ်နှောင် ထားသည်ကို တွေ့ရပါသည်။ ပြန်ပြေးဆွဲသော တရားခံအား ယခုအချိန်ထိ ဖမ်းမိခြင်း မရှိသေးကြောင်း သိရှိရသည်။
Tuangpu Siyin (Malaysia )
နေဇော်လင်း
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia News)
Website - www.malaysiaonlineradiomedia.com
Facebook - www.facebook.com/nay.zawlin1




.jpg?width=750)

0 comments:
Post a Comment