Home » , » မလေးရှားမှာ မြန်မာတွေ ရန်ပြုခံရတဲ့အတွက် ပုန်းအောင်းနေရ ( RFA Burmese သတင်းတွင် ပါလာပြီ)

မလေးရှားမှာ မြန်မာတွေ ရန်ပြုခံရတဲ့အတွက် ပုန်းအောင်းနေရ ( RFA Burmese သတင်းတွင် ပါလာပြီ)

Written By မောင်စေတနာ on Thursday, December 26, 2013 | 12:50:00 PM


မလေးရှားနိုင်ငံ အရှေ့ဘက် သင်္ဘောကျင်းတစ်ခုမှာ မြန်မာအလုပ်သမားတွေကို အင်ဒိုနီးရှား အလုပ်သမား တွေက ရန်ပြုဖို့ကြိုးစားနေတဲ့ အတွက် မြန်မာ ၉၇ ဦး ပုန်းအောင်းနေရပြီး အကူအညီ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။ 

ဆာရာဝပ်ပြည်နယ်နဲ့ ဘရူနိုင်းလ် နိုင်ငံနယ်စပ် အာဆီယံတံတားအနီးက ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ် လုပ်နေတဲ့ မြန်မာတွေထဲက တချို့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ ရန်ပြုခံရပြီးတဲ့နောက် အခြေအနေပိုဆိုးလာခဲ့ပြီး မနေ့ညကတော့ အဲဒီနေရာက မြန်မာ အားလုံး ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်း နေရတာဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်လို့ အဲဒီပုန်းနေတဲ့ မြန်မာ တွေထဲက ကိုတင်ဦးကို တယ်လီဖုန်း အဆက်အသွယ်ရပြီး မေးကြည့်တဲ့အခါ သူတို့ဟာ မြန်မာသံရုံး အပါအဝင် အခြားမြန်မာအသိုင်းအဝိုင်းကို ဆက်သွယ်ပြီး အကူအညီ တောင်းထား တယ်လို့ ဆိုပါတယ်။ “မြန်မာ ၉၇ ယောက်ထဲမှာ ကျနော်ပါပါတယ်၊ ကျနော်တို့ ဒုက္ခရောက်နေလို့ပါ၊ အကုန်လုံးလက်နက်ကိုင်တဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်ခံနေရတာပါ၊ ကျနော်တို့ ဂိုထောင်တစ်ခုထဲမှာ မြန်မာအကုန်လုံးစုပြီးတော့ နေနေရတဲ့ အခြေအနေပါ” 

နိုင်ငံတော်သမ္မတရုံးက အရာရှိတစ်ဦးအဖြစ် လူသိများတဲ့ မှူးဇော်အမည်နဲ့ ဖေ့ဆ်ဘွတ်ဘ အင်တာနက် စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမားအရာရှိက အာဘာဖီကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင်ဦးစီးပြီး မလေးနဲ့ ဘရူနိုင်းက မြန်မာသံရုံးတွေ၊ သက်ဆိုင်ရာနိုင်ငံအစိုးရတွေနဲ့ ဆက်သွယ်ပြီး အကာအကွယ်ပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်နေတယ်လို့ ရေးသားဖေါ်ပြထားပါတယ်။ 

အာဘာဖီကုမ္ပဏီဆိုတာက အဲဒီအလုပ်သမားတွေကို ပို့ပေးတဲ့ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကတော့ သူတို့အတွက် အန္တရာယ်ကြီးနေတဲ့အတွက် အမြန်ဆုံးနေရပ်ပြန်ဖို့ပဲ ဆန္ဒရှိကြတယ်လို့ ပြောပါတယ်။ 

အသံဖြင့် နားထောင် မယ်ဆိုရင် အောက်က လိပ်စာကို ဝင်ရောက်ပြီး နားဆင်ပါ။ https://soundcloud.com/burmeserfa/dec-26-morning-program 

Source by : RFA Burmese 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။