Home » , » ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်းတွင် မြန်မာ ၉၇ ဦး အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ

ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်းတွင် မြန်မာ ၉၇ ဦး အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ

Written By မောင်စေတနာ on Thursday, December 26, 2013 | 12:56:00 PM

မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ်ရှိ သဘောင်္ကျင်း စက်ရုံတစ်ခုတွင် မြန်မာ ၉၇ ဦး အသက် အန္တရာယ်စိုးရိမ် ရင်ဆိုင်နေရ (နောက်ဆက်တွဲ မလေးရှား သတင်း) မလေးရှားနိုင်ငံ (ဘရူးနိုင်းနယ်စပ် ဆာရာဝပ်ပြည်နယ် ၊ မီရီမြို့ ရှိ အာဆီယံတံတား အနီး Shin Yang Shipyard SDN. BHD သဘောင်္ကျင်း စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား ၂ ဦးသည် အင်ဒိုနီးရှား ၂ ဦးနှင့် ရန်စကားများရာကနေ ပြသာနာ စတင်ဖြစ်ခဲ့ကြောင်း သိရှိရသည်။ 

သတင်း အပြည့်အစုံ ဖတ်ရန်အတွက် >>>> https://www.facebook.com/photo.php?fbid=658151704236229&set=pcb.658151837569549&type=1&theater 

ယနေ့ ၂၆.၁၂.၂၀၁၃ နံနက် ၁ နာရီခွဲ အချိန်မေးမြန်းချက် အခြေနေ စိုးရိမ်ရကြောင်း သိရှိရသည်။ " ကျွန်တော်တို့ ဆီကို မနက်က သူဌေးလူယုံတွေလာပြီး တစ်ယောက် ၃ ယောက်ခေါ်ထုပ်သွားမယ်လို့တော့ လာပြောပါတယ်။ ကျွန်တော်တို့က လိုက်ရင်လည်း အားလုံးလိုက်မယ်လို့ ပြောလိုက်ပါတယ်။ တစ်ယောက်နှစ်ယောက်ကို ကျွန်တော်တို့ မလိုက်ဘူး .... ကျွန်တော်တို့ နောက်ကွယ်မှာ ခေါ်သွားတဲ့ လူတွေတစ်ခုခု ဖြစ်မှာ စိတ်ပူနေတယ်။ 

ဒါကြောင့် ကျွန်တော်တို့ မလိုက်ဘူးလို့ ပြောလိုက်ပါတယ်။ အခုလက်ရှိ အစားအသောက်တွေက ကုန်နေပြီ။ မနက်ကတည်းက ဘာမှ မစားရသေးဘူး ... ကူညီမယ့် သူတွေကို ကျွန်တော်တို့ စောင့်နေပါတယ်။ ကျွန်တော်တို့က အမှန်သမားတွေပါ  တရားဝင်ပါမစ်နဲ့ လာတာ ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို တာဝန်ရှိသူများမှ အတတ်နိုင်ဆုံး ကူညီပေးပါလို့ တောင်းဆိုပါတယ် " ဟု ကိုသန်းထွန်းအောင် မှ မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ သို့ပြောခဲ့သည်။ 

ကျေးဇူးပြုပြီး တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး ထိရောက်တဲ့ကူညီမူ့ပေးပါ။ တက်နိုင်တဲ့သူများကလဲ ဖုန်းဆက်ပြီး အားပေးစကား ပြောပေးပါဗျာ။ ပိတ်မိနေတဲ့အဖွဲ့ထဲက သူအချို့ ဖုန်းနံပတ်တွေပါ။ 

ကိုတင်ဦး - ၀၁၁ ၁၆၀၆ ၉၂၄၂ 
ကိုသန်းထွန်းအောင် - ၀၁၄ ၉၉၆ ၃၈၁၅ 
ကိုသောင်းထိုက်လွင် - ၀၁၀ ၉၈၁ ၂၃၈၉ 
ကိုစိုးသန်းဦး - ၀၁၁၁ ၆၀၆ ၆၃၁၄ 
ဦးတင်မောင်ဝင်း - ၀၁၁၁၄၀၅၅၄၈၂ 
ကိုဇော်ထွန်းဝင်း - ၀၁၆၅၇၇၁၆၂၇ 
ဦးဇော်လင်း - ၀၁၂၈၈၄၃၁၂၃ 
ကိုသိန်းလှိုင် - ၀၁၂၈၉၃၀၇၉၃ 

နေဇော်လင်း
 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။