Home » , » မြန်မာအလုပ်သမားအား ပါးရိုက်ပြီးစစ်တဲ့ ရဲအရာရှိ အပြစ်ပေးခံရ (နောက်ဆက်တွဲ သတင်း)

မြန်မာအလုပ်သမားအား ပါးရိုက်ပြီးစစ်တဲ့ ရဲအရာရှိ အပြစ်ပေးခံရ (နောက်ဆက်တွဲ သတင်း)

Written By မောင်စေတနာ on Tuesday, December 24, 2013 | 11:28:00 AM

 
မြန်မာအလုပ်သမားအား ပါးရိုက်ပြီးစစ်တဲ့ ရဲအရာရှိ အပြစ်ပေးခံရ ဆိုတဲ့ သတင်း ဗီဒီယိုဖိုင်နဲ့ ပက်သက်ပြီး နောက်ဆက်တွဲ အပြည့်အစုံကို ထပ်မံတင်ပေးလိုက်ပါတယ်။ 

မလေးရှားရှိမြန်မာ အလုပ်သမားတစ်ဦးအား ပါးရိုက်ပြီးစစ်တဲ့မလေးရဲအရာရှိကို မလေးအာဏာပိုင်များက ထိရောက်တဲ့ပြစ်ဒဏ်ပေးအပ်လိုက်ကြောင်းသိရ ==================================================== မလေးရှားနိုင်ငံမှာ ရဲအရာ ရှိ မပြောနဲ့ အစိုးရဌာနတွေမှာ သာမန် လစားဝန်ထမ်း တစ်ယောက်ဖြစ်ဖို့ တောင် အတော်ခဲယဉ်းပါတယ်။ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့၊ တပ်မတော် ဆိုတဲ့ နေရာတွေမှာ ၀င်ရောက် အမှု ထမ်းချင်တယ်ဆိုရင်တောင် သတ်မှတ် စံချိန်စံညွှန်းတွေမီမှ အလုပ်ခန့်တာဖြစ် ပါတယ်။ 

ဥပမာ အရပ်အမောင်းဆို ရင်လည်း နိုင်ငံတကာလုံခြုံရေး တပ် ဖွဲ့များနည်းတူ မြင့်မားခြင်း၊ အား ကောင်းမောင်းသန်ရှိခြင်း၊ ကျန်းမာ ရေးကောင်းမွန်ခြင်း၊ ဉဏ်အရည် အသွေးနဲ့ ပညာအဆင့်အတန်းကို စိစစ် ပြီးမှ အစိုးရအလုပ်ဌာနတွေမှာ ခန့်ထား တာလည်း ဖြစ်ပါတယ်။ 

ဒါ့ကြောင့် မလေးရှားနိုင်ငံမှာ ပါမင့်နစ် နိုင်ငံ တော် ၀န်ထမ်းတစ်ယောက် ဖြစ်ဖို့ဆို တာ အရမ်းခဲယဉ်းသလို ၀န်ထမ်းတစ် ယောက်ဖြစ်ပြီ ဆိုရင်လည်း အဆိုပါ ၀န်ထမ်းအတွက် လိုအပ်ချက်မရှိ အောင် နိုင်ငံတော် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။ 

၁၈-၁၂-၂၀၁၃ ရက်မှာ တော့ မလေးရှား TV 3 နဲ့TV 7 သတင်း ထုတ်လွှင့်ချက်မှာ မလေးရှားရဲအရာ ရှိတစ်ဦးက မြန်မာအလုပ်သမား တစ် ဦးကို ပတ်စပို့စစ်ဆေးရာမှာ ပါးရိုက် ပြီးစစ်ဆေးခဲ့တယ့်ဆိုတဲ့ အထောက် အထားများအရ အဆိုပါရဲအရာရှိကို မလေးရှားနိုင်ငံဝန်ထမ်း ရဲအရာရှိ အဖြစ်မှ ထုတ်ပယ်လိုက်ပြီး ထိရောက် တဲ့ အပြစ်ဒဏ်တစ်ခု ချမှတ်လိုက် ကြောင်း ကြေညာချက် ထုတ်လွှင့်ခဲ့ တာကို ကြားသိရပါတယ်။ 

၎င်းရဲ့ သတင်းဖော်ပြချက်မှာ အခုလို လူသား တစ်ယောက်ကို တာဝန်အရ စစ်ဆေး တယ်ဆိုသော်ငြားလူသားတစ်ယောက် ရဲ့ ဂုဏ်သိက္ခာ ထိပါးစေတဲ့အထိ ပြုမူ ဆောင်ရွက်ချက်များကြောင့် မလေး ရှားနိုင်ငံတော်၊ မလေးရှား လူမျိုးတို့ရဲ့ ဂုဏ်သိက်္ခာကို ကြီးမားစွာ ထိခိုက်စေ တယ်လို့ သတ်မှတ်ပြီး ယခုလို မလေး ရှားရဲအရာရှိ တစ်ဦးအား လက်ရှိရာထူး မှ ထုတ်ပယ်ပြီး ထိရောက်တဲ့အပြစ် ဒဏ် ပေးလိုက်တယ်လို့ မလေးရှား TV 3 နဲ့ TV 7 Channel များက ထုတ် လွှင့်တဲ့ သတင်းမှာ ကြေညာသွားတာ ကိုလည်း တွေ့ရှိရပါတယ်။ 

မြန်မာရွှေ့ ပြောင်းအလုပ်သမားတစ်ဦးအား နိုင်ငံ ကူးလက်မှတ် စစ်ဆေးရာမှာ ပါးရိုက် ပြီးစစ်တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ Facebook ပေါ်မှတစ်ဆင့် ပြန့်နှံ့နေခဲ့ပြီး နောက် အထက်အရာရှိအဆင့်ဆင့် သိရှိ သွားပြီး ပြစ်မှုကျူးလွန်သူ ၎င်းတို့ရဲ အရာရှိတစ်ဦးအား အခုလို လက်ရှိရာ ထူးမှ ထုတ်ပယ် အရေးယူလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Credit ; FMG
Thuri YA

မြန်မာအလုပ်သမားအား ပါးရိုက်ပြီးစစ်တဲ့ ရဲအရာရှိ အပြစ်ပေးခံရ ဗီဒီယိုဖိုင်ကို ကြည့်ချင်တယ် ဆိုရင် ..... 

Facebook >>>> 

Website >>>> 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။