Home » , » မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

Written By မောင်စေတနာ on Wednesday, December 25, 2013 | 11:51:00 AM

မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင် အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။ 

 "အဲဒီလူက ဆိုင်ထဲဝင်လာတော့ ဘာကြည့်ချင်လဲ မေးတာကို ဘာမှပြန်မပြောဘူး။ လက်ပဲခါပြတယ်။ သမီးက သူနောက်လိုက်ပြီး ပစ္စည်းပြဖို့လုပ်တာကို သူကဟန်းချိန်ကောင်တာ နားရောက်တော့ သေနတ်ထုတ်ပြီး အပေါ်ကို ထောင်ပစ်တယ်။ ပြီးတော့ ပါလာတဲ့တူနဲ့ရွှေကောင်တာတွေကို ရိုက်ခွဲပြီး နှိုက်ယူတယ်။ ဆိုင်ထဲမှာ သေနတ် ငါးချက်လောက်ပစ်ပြီး တစ်ယောက်မှ မလှုပ်နဲ့လို့ အော်ပြောတယ်။ 

သူ့ပါးစပ်မှာ အုပ်ထားတာပါ" ဟု မောင်ကိန်းရွှေဆိုင်မှ မဇင်မာဆွေက ပြောသည်။ "ဆိုင်ပြင်ရောက်တော့လည်း သူကလူတွေကိုခြောက်လှန့်ပြီး သေနတ်ထပ်ဖောက်တယ်။ နောက်ပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်မယ့်အချိန် အငိုက်မှာ ကျွန်တော်ကပြေးကန်ပြီး ၀င်လုံးခဲ့တာပါ။ သေနတ် ပစ်တာက အားလုံး ကိုးချက်လောက်ရှိမယ်"ဟု မောင်ကိန်းရွှေဆိုင်မှ ကားမောင်းသူ ကိုအာကာက ပြောသည်။ 

"အခုဖြစ်စဉ်ကို ကျူးလွန်သူက အရပ်ဖက်လား၊ စစ်ဘက်လား မပြောနိုင်သေးပါဘူး။ သူ့ကိုဝိုင်းပြီးဖမ်းဆီးတာမို့ ခုချိန်မှာ သတိလစ်နေလို့ စစ်ဆေးနိုင်ခြင်း မရှိသေးဘူး" ဟု တိုင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။ 

သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင် 

Source by : Eleven Media Group 

 Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။