Home » , » မြန်မာ ရွှေတံဆိပ် ၈၆ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့

မြန်မာ ရွှေတံဆိပ် ၈၆ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့

Written By မောင်စေတနာ on Monday, December 23, 2013 | 8:50:00 AM


အိမ်ရှင်မြန်မာတို့ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုရရှိ၊ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ရွှေတံဆိပ် ၈၆ ခုဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ ၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာနိုင်ငံမှာ ပြိုင်ပွဲမတိုင်မီက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှု ရရှိခဲ့သည်။ 

မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ် (ယခင်ကျွန်းဆွယ်)ပြိုင်ပွဲကို တတိယအကြိမ်မြောက် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ယခင်က ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင်နှစ်ကြိမ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ မြန်မာနိုင်ငံမှာ ကျွန်းဆွယ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၁၉၅၉ ခုနှစ် ပြိုင်ပွဲတွင် ဒုတိယ၊ အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ် ပြိုင်ပွဲများတွင် ပထမ ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း ပြိုင်ပွဲများ၌ ထိပ်ဆုံးသုံးသင်းနေရာ မရပ်တည်နိုင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

ထို့ပြင် မြန်မာ အားကစားအဖွဲ့ အနေဖြင့် ၁၉၆၉ ခုနှစ်ပြိုင်ပွဲနောက်ပိုင်းတွင် ရွှေတံဆိပ် ၃၀ အထက် ရရှိခဲ့ခြင်းမရှိဘဲ ယခု ၂၀၁၃ ပြိုင်ပွဲမှသာ ရွှေတံဆိပ် ၈၆ ခုအထိ ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာအားကစားအဖွဲ့မှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခုရရှိခဲ့ပြီး ထိုင်းအသင်း၏နောက် နိုင်ငံအလိုက် ရပ်တည်မှုတွင် ဒုတိယနေရာ ရပ်တည်နိုင်ခဲ့သည်။ 

မြန်မာအသင်းအတွက် ရွှေတံဆိပ်ဆုများကို ရိုးရာလှေ အားကစားအဖွဲ့မှ အများဆုံး ရယူနိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးနိုင်ခဲ့သလို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည့် ရိုးရာခြင်းလုံးပြိုင်ပွဲမှ ရွှေတံဆိပ်ခြောက်ခု ရယူနိုင်ခဲ့သည်။ မြန်မာအားကစား တာဝန်ရှိသူများက ယခုပြိုင်ပွဲ မတိုင်မီ ရွှေတံဆိပ် ၁၀၀ ရရှိရန်နှင့် နိုင်ငံအလိုက် ရပ်တည်မှုတွင် ထိပ်ဆုံးသုံးသင်းနေရာ ရပ်တည်နိုင်ရန် မျှော်မှန်းထားခဲ့ပြီး မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှု ရရှိခဲ့ပြီဖြစ်သည်။ 

ထို့ပြင် ယခုပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရရှိခဲ့သော ရွှေတံဆိပ် အရေအတွက်မှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အရေအတွက် အများဆုံး ရရှိခဲ့ခြင်းဖြစ်ပြီး အအောင်မြင်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သည်။ 

Source by : Eleven Media Group 

 နေဇော်လင်း 

 Admin Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Website - http://www.malaysiaonlineradiomedia.com/ 
Facebook Page - https://www.facebook.com/pages/Nayzawlin1/292530074131729
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။