Home » , » ကေအယ်မြို့ထဲ WMK 7468 ဗန်ကားငွေရောင်ကို ရှောင်ကြည်ရန်

ကေအယ်မြို့ထဲ WMK 7468 ဗန်ကားငွေရောင်ကို ရှောင်ကြည်ရန်

Written By မောင်စေတနာ on Tuesday, November 26, 2013 | 6:35:00 PM

 
 KL မြို့ထဲသွားရင် WMK 7468 ဗန်ကားငွေရောင် တွေ့ရင် မြန်မာများ ရှောင်ကြဉ်ရန်

ကိုတာယာရာ ကုန်တိုက်ရဲ့ဘေးနာက လမ်းကြားထဲ မြန်မာအလုပ်သမားများ သွားလာ သတိပြုစေချင်ပါသည်။ တရားမ၀င်တဲ့နိုင်ငံခြားသားများကို အကြောင်းပြုပြီ အထောက် အထားမရှိတဲ့ သူများနှင့် အထောက်အထား မခိုင်လုံသူတို့အား ဖမ်းဆီးမှုပြုလုပ်ပြီလျှင် အခကြေးငွေ ယူဆောင်ပြီး ပြန်လွှတ် ပေးသည်။ 

လစာထုတ်ရက်နှင့် လကုန်ရက်တွေမှာ ဒမ်ဝမ်ကီ ရဲစခန်းဌာနက အရပ်ဝတ်နှင့် ဗန်ကား ကိုတာယာရာ ကုန်တိုက်လမ်းဘေးကြားနှင့် ခမ်းမြင့် မြန်မာဆိုင်နောက်ဖက် လမ်းကြားမှာ ကားထိုးရပ်ထားပြီ လမ်းကြားထဲ လမ်းဖြတ်လျှောက်တဲ့သူများကို ခေါ်ယူစစ်ဆေးပြီ ဘာမှအထောက်အထားမရှိသူများအား ဒမ်ဝမ်ကီ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့သည်။ 

တချို့အဖမ်းခံရတဲ့အထဲမှာ ပါမစ်ရှိပြီး သူဌေးက ပါစ်ပို့စာအုပ်ကို သိမ်းဆည်း ထားခဲ့သည်အတွက် သူဌေးမှ လာရောက် ခေါ်ဆောင်မှု မရှိတဲ့အတွက် ဒမ်ဝမ်ကီ ရဲစခန်းကို ရောက်နေတဲ့ မြန်မာ အလုပ်သမားတွေက မြန်မာ အလုပ်သမားအဖွဲ့ (MMRC)ကို 

ဆက်သွယ်ပြီး အကူအညီ တောင်းခံလာ ခဲ့သောကြောင့် မြန်မာ အလုပ်သမားအဖွဲ့မှ သွားရောက်လိုက်လံ ကူညီဆောင်ရွက်ပေးသည့် အတွက် ပြန်လည်လွှတ်မြောက်လာတဲ့ မြန်မာအလုပ်သမား မင်းမင်းစိုးက အခုလိုမျိုး မဖြစ်အောင် သတိရှိစေချင်သည်ဟု (MMRC)က သူရိယဂျာနယ်ကို ပြောပြသွားသည်။ 

MMRC သို့ ဆက်သွယ်ရန် - 016 3210966 ၊ 012 6884377 

သူရိယ (မလေးရှား) 

(ဓာတ်ပုံ - နေဇော်လင်း) 

Admin 
Nay Zaw Lin1 
Live Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။