Home » , » မြန်မာများအတွက် အရေးပေါ်(သတိပေးချက်) မလေးရှားသတင်း

မြန်မာများအတွက် အရေးပေါ်(သတိပေးချက်) မလေးရှားသတင်း

Written By မောင်စေတနာ on Tuesday, November 26, 2013 | 4:49:00 PM

 
ယခုလက်ရှိ ၂၆.၁၁.၂၀၁၃ (ညနေ ၄ နာရီခွဲ) ကေအယ် မြို့ထဲလာမည့် သူများသတိထားကြပါ။ ခမ်းမြင့် မြန်မာဆိုင်နောက်ဖက် လမ်းကြားမှာ အရပ်ဝတ်နဲ့ပါ။ ယခုဖမ်းနေတယ်။ လူတိုင်းကိုတော့ မဟုတ်ဘူး အနားကဖြတ်သွားတဲ့ သူတွေကို စစ်ပြီး အထောက်အထား မခိုင်လုံရင် ကားပေါ်ဆွဲတင် နေပါတယ်။ 

ယခု ၆ နာရီထိုးခါနီးမှာ ကားပေါ် လူပြည့်လို့ ပြန်သွားပါပြီ။ ဒီလို အဖမ်းခံရရင် အနည်းဆုံး ရင်းဂစ် ၅၀၀ ကနေ ၁၅၀၀ ထိတောင်းပါတယ်။ အချုပ်ထဲမှာ နီးစမ်ရာ ဆွေမျိုး သူငယ်ချင်းများမှ လိုက်ထုပ် ပေးရပါတယ်။ လာမထုပ်သူ မရှိရင်တော့ အချုပ်ထဲမှာပဲ နေရပါတယ်။ အသွားအလာ ဆင်ခြင်ကြပါ ခင်ဗျာ။ 

သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ် (ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။ ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့ ရှောင်ကြပါ။ 

(မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။ ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။ နေ့စဉ် အလိမ်ခံရနေပါတယ်။ 

ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး .... ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အကြံပေး သတိပေး ဒါတွေပဲ လုပ်နေရပါတယ်။ မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ .... ကျေးဇူးတင်ပါတယ်။ 

(ဓာတ်ပုံ ၊ ကိုကိုအောင်) 

 နေဇော်လင်း 

Admin 
Nay Zaw Lin1 
Live Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။