Home » , » မလေးရှားရှိ LRT ရထားဘူတာများတွင် ဝင်ထွက်ခ ကောက်ခံမည်

မလေးရှားရှိ LRT ရထားဘူတာများတွင် ဝင်ထွက်ခ ကောက်ခံမည်

Written By မောင်စေတနာ on Monday, November 18, 2013 | 12:32:00 AM


မလေးရှားနိုင်ငံရှိ Light Rail Transit (LRT) ရထားဘူတာအတွင်း ဝင်ပြီးပြန်ထွက်သည့် ခရီးသည်များအား Monorail Station များတွင် ကောက်ခံသည့် နှုန်းထားအတိုင်း နိုဝင်ဘာ ၁၅ ရက်နေ့မှစပြီး ကောက်ခံမည်ဖြစ်ကြောင်း Rapid Rail Sdn . Limited မှ ဦးစီးအရာရှိ Khairani Mohamed က ယနေ့ပြောကြား ပါသည်။ 

 "Monorail Station တွေမှာ ဝင်ပြီး ပြန်ထွက်ရင် (၁) ရင်းဂစ်နဲ့ ပြား (၂၀) ယူပါတယ်။ အဲဒီလိုပါဘဲ LRT ဘူတာများမှာ ရင်းဂစ် ပြား (၇၀) ဘဲ ကောက်ခံမှာ ဖြစ်ပါတယ်၊ အခု လက်ရှိ က LRT ဘူတာတွေမှာ ဝင်ပြီး ပြန်ထွက်ရင် မယူပါဘူး။ အခုလို ကောက်ယူ လိုက်ရင် LRT ရဲ့ယန္တရား စနစ်ကို တိုးမြင့်နိုင်မှာဖြစ်ပါတယ်" ဟု ယနေ့ ပြောကြားသွားပါသည်။ 

Commuter ရထားများ ကဲ့သို LRT နှင့် Monorail ရထားများက အဘယ်ကြောင့် ကောက်ခံသည်ကို Khairani ကပြောကြားခြင်း မရှိသော်လည်း KADA MyRapid သို့မဟုတ် Touch 'n Go ငွေကြိုဖြည့်ကဒ်များမှ အလိုအလျောက် ဖြတ်ယူသွားမည် ဖြစ်ကြောင်း , LRT များအတွက် အနည်းဆုံးနှုန်း မှာ ပြား (၇၀) နှင့် Monorail များအတွက် (၁.၂၀) ပြား ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။ 

အများပြည်သူများအား စနစ်သစ်နှင့် ပတ်သက်၍ LRT ဘူတာများတွင် ထပ်မံအသိပေးမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။ 

Admin thutatuam 
Src:mynewshub 
Photo : university of life 
Live Free Online Radio Media (Malaysia) 

Admin Thar Thar Lay 
Live Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။