Home » » ရိုးရာဓလေ့ကြားက ရွှေမြန်မာများရဲ့ တန်ဆောင်မုန်း လပြည့်နေ့ (ထိုင်းနိုင်ငံ)

ရိုးရာဓလေ့ကြားက ရွှေမြန်မာများရဲ့ တန်ဆောင်မုန်း လပြည့်နေ့ (ထိုင်းနိုင်ငံ)

Written By MyanmarChnnel@ on Sunday, November 17, 2013 | 8:09:00 PM

ချစ်စရာကောင်းသည့် ထိုင်းရိုးရာဓလေ့ကြားက ရွှေမြန်မာများရဲ့ တန်ဆောင်မုန်း လပြည့်နေ့
<<<<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>>>>>


အိမ်ရှင်တို့ရဲ့ ရိုးရာဓလေ့ရယ်မို့  ကျနော်တစ်ယောက် ထိုင်းလို လွယ်ကထုံ လို့ ခေါ်တဲ့ ဆီမီးမျှောပွဲကိုကျနော်တို့ စာသင်ပေးနေသည့် လုံလျှံစီမိန်စာသင်ကျောင်းအနီး ၀ပ်စီမိန်ဘုန်တော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပသည်ပွဲကို သွားဖြစ်ခဲ့တယ် ။

နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပနေသောလည် တစ်ခါမှ မသွားဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပျော်စရာ လည်ကောင်းပါတယ် မိမိပျော်ချင်တာထက် မြန်မာနိုင်ငံနဲ့ ကမ္ဘာအနှံ့မှာ ရောက်ရှိနေတဲ့ ကျနော်ရဲ့ ချစ်သူငယ်ချင်းတွေကို ထိုင်းတို့ရဲ့ချစ်စရာကောင်းတဲ့ ဒီဓလေ့လေး မြင်တွေ့ စေချင်လို့ ပါ ။

ဒီလိုနေ့ မျိုးမှာ မဟာချိုင်ဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်မြန်မာတွေအားလုံး မိမိတို့ရဲ့ နီးစပ်ရာ ဘုန်တော်ကြီးကျောင်းများကို သွားရောက်ပြီး အလှူဒါနအစုစုတို့ကို ပြုလုပ်နေကြမြဲ ဖြစ်ပါတယ်။

ဒီလိုနေ့ရက်ရောက်တိုင် အမိမြန်မာနိုင်ငံကို အရမ်းကို လွမ်းစွတ်သတိရနေမိတယ်။ ဆေးပေါင်းခ ဒီလိုညမျိုးမှာ မယ်ဇလီရွက်ဟင်ချိုနဲ့ မယ်ဇလီဖူးသုတ်တွေ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာနဲ့ ဒီလိုညမျိုးရဲ့ လရောင်အောက်မှာ အတူတူစားခဲ့ကြတဲ့ နေ့ရက်တွေနဲ့

ဒီလိုနေ့ရက်မှာ မိမိတို့ရဲ့ အဘိုးအဘွာတွေ မိဘတွေ ဆွေးမျိုးထဲက သက်ကြီးဝါကြီးတွေကို တစ်အိမ်တတ် တစ်အိမ်ဆင် လိုက်ကန့်တော့ကြ အဲဒါအခါ အဘိုးအဘွာတွေက “ဘုန်ကြီးလို့ သက်ရှည်.. အနာရောဂါခပ်သိမ်း ကင်ကြပါစေလို့” ဆုတွေလည်ပေး မုန့်ဖိုးပေးတဲ့ အခါကြည်နူ ရတဲ့ ခံစားမှုတွေကို ပြန်တမ်းတရင် အမိမြန်မာနိုင်ငံရှိရာ အနောက်အရပ် ကိုပဲ မျှော်ကြည့်ရင်နဲ့ မျက်ရည်စို့လာ ပါတော့တယ်။


ဒီမှာရောက်နေတဲ့ ရွှေမြန်မာတွေလည် ကျနော်လိုပဲ ....မိမိတို့ရဲ့ မြန်မာရိုးရာ တန်ဆောင်တိုင် ကိုပွဲသာ တမ်းတမ်းတတနဲ့ ပေါ့ လွမ်းစိတ်တွေကို လွယ်ကထုန်နဲ့ အတူမျောလိုက်မယ်ဆိုတာ
ယုံကြည်နေရင် ကောင်ကင်ထက်က လမင်းကိုပဲ မျက်ရည်စက်လက်နဲ့ ငေကြည့်နေမိတယ်..
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။