Home » , » မလေးရှားမှ ရွှေမြန်မာများအား အသိပေးချက် (အရေးပေါ် သတင်း)

မလေးရှားမှ ရွှေမြန်မာများအား အသိပေးချက် (အရေးပေါ် သတင်း)

Written By မောင်စေတနာ on Sunday, November 24, 2013 | 3:14:00 PM

 
ဒီနေ့ (၂၄.၁၁.၂၀၁၃) တနင်္ဂနွေနေ့ နေ့လည် ၁ နာရီကျော်မှ စတင်၍ ကေအယ်ကို တာရာယာ မိုင်ဒင်းဖက် နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အချုပ်ကား ထိုးထားပြီး ရဲများ စည်ပင်များ မှ ခရီးသွားသူများကို စစ်ဆေးနေပါတယ်။ 

လမ်းသွားရင်း အမှိုက်ပစ်တာတွေ ဆေးလိပ်သောက်တာတွေ (ဆေးလိပ်တို စွန့်တာတွေ) ကွမ်းတွံထွေး ထွေးသူတွေကို စစ်ဆေးပြီး ဒဏ်ငွေရိုက် ၊ အထောက်အထား ဘာမှ မရှိရင် ကားပေါ်ခေါ်တင် စတာတွေ လုပ်နေပါတယ်။ 

ကွာလာလမ်ပူရှိ စားသောက်ဆိုင်များကိုလည်း ဆိုင်လိုင်စင် ၊ နှင့် စည်ပင်လိုင်စင် အထောက်အထားများ စစ်ဆေးမည်ဟု ခန့်မှန်းရပါတယ်။ ယခုလက်ရှိ တာဝန်ရှိသူများမှ လမ်းတစ်လျှောက် ဆိုင်များ ခရီးသွားသူများကို ဓာတ်ပုံ မှတ်တမ်းမှာ ရိုက်လံရိုက်ကူးနေပါတယ်။ 

(ယခုလက်ရှိ ၃း၁၅ မီနစ် အချိန်တွင် ပြီးဆုံးသွားပါပြီ) 

သို့ဖြစ်ပါ၍ အထောက်အထား မပြည့်စုံသူ (မခိုင်လုံသူ) များအနေဖြင့် ကေအယ် (ကွာလာလမ်ပူ) ကားဂိတ် ၊ ရထားဂိတ် စသည့်နေရာများတွင် သွားလာပါက ဂရုစိုက်ကြည့်ရှု၍ သတိထား သွားလာကြပါရန် အသိပေး အပ်ပါသည်။ ညအချိန် မတော် အပြင်ထွက် သွားလာခြင်းတို့ကိုလည်း တတ်နိုင်သရွေ့ ရှောင်ကြပါ။ (မလေးမှာ ရဲကြောက်ရ ၊ လူမိုက်များ ကြောက်ရ ၊ လုယက်သူများကို ကြောက်ရနဲ့) နောက်တစ်ခုက မလေးမှာ Taxi စီးရင် ပိုပြီးဂရုစိုက်ပါ။ ဖုန်းရောင်းတာတွေ ဝယ်တာတွေ ဂရုစိုက်ပါ။

နေ့စဉ် အလိမ်ခံရနေပါတယ်။ ကားပေါ်မှာ ဓားပြတိုက်တာတွေ မကြာခဏ ဆိုသလို မြန်မာများ ခံနေရတာ စိတ်တော့ မကောင်းဘူး) ကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ဘူး .... ဒီတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင် အကြံပေး သတိပေး ဒါတွေပဲ လုပ်နေရပါတယ်။ မလေးရောက် မြန်မာများအားလုံး သွားလေရော ဘေးရန်အန္တရာယ်များ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ .... ကျေးဇူးတင်ပါတယ်။ 

 နေဇော်လင်း 

ဓာတ်ပုံ -  နေဇော်လင်း ၊ ဧရာဝတီ ဂျာနယ် ၊ မလေးရှားရောက် မြန်မာများ

Admin 
Nay Zaw Lin1 
Live Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။